တစ်​တန်​ကို ​ဒေါ်လာ ၆၀၀၀​ကျော်​တန်​တဲ့ငြုပ်​​ကောင်း

ငြုပ်ကောင်းဟာ နိုင်ငံခြား ဈေးကွက်မှာတော့ တစ်တန်ဒေါ်လာ ၆၀၀၀ အထက်ဈေး ပေါက်ပါတယ်။

နှစ်ရှည်ခြံတွေက အပင်တွေပေါ် တင်ပေးလည်း ရပါတယ်။ ကွမ်းစိုက်သလို တိုင်ထောင်စိုက်လို့လည်း ရပါတယ်။

ငြုပ်ကောင်းပင်(Pepper plant)
************
ငြုပ်ကောင်းအစေ့ဟာလည်း ဆေးဖက်ဝင်သလို ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း အသုံးပြုကြပါတယ်။

ငြုပ်ကောင်းကို အိန္ဒိယ နှင့် ဗီယက်နန် နိုင်ငံများတွင် စီးပွားဖြစ် အများဆုံး စိုက်ပျိုးပါတယ်။

ငြုပ်ကောင်းအစေ့ဟာ( black, green, red, and white)ဆိုပြီး အမျိုးအစား (၄)မျိုးလောက် ရှိပါတယ်။

ယခုဖော်ပြပေးထားတဲ့ အမျိုးအစားက Black pepper (Piper nigrum) အနက်ရောင် ငြုပ်ကောင်းစေ့ အမျိုးအစားဖြစ်ပါတယ်။

ဈေးကွက်ဝင်ပြီး ဈေးကောင်းရတာကလည်း ဒီလို အနက်ရောင် ငြုပ်ကောင်းစေ့များသာ ဖြစ်ပါတယ်။

သူ့ကို စိုက်ပျိုးမည်ဆိုပါက (Soak your black pepper seeds in water for 24 hours prior to planting)မစိုက်ပျိုးခင် အရင်အဦးဆုံး မျိုးစေ့ကို (၂၄)နာရီကြာအောင် ရေစိမ်ပေးထားရပါမယ်။

တောင်ပေါ်မြေနီကြမ်းတွေထဲမှာဆိုရင် ပိုပြီးဖြစ်ထွန်းပါတယ်။


အကျယ်အဝန်း (၃)ပေခန့် ကျင်းအနက် (၂)ပေခန့် တူး၍ အလယ်တည့်တည့်၌ ကွန်ကရစ်တိုင်(သို့)သစ်မာသားတိုင်များကို အမြင့် (၁၀)ပေခန့် စိုက်ထူပြီး အောက်ခြေ၌ ဘာဝ မြေဆွေးကို ထည့်ပေးထားပါ။သဘာဝမြေဆွေးကို အပေါ်ယံ၌သာ ထည့်သွင်းအသုံးပြုပြီး အောက်ခံမြေသားကိုတော့ ကျင်းတူးစဉ်ကာလက စွန့်ပစ်မြေစာများကို ပြန်လည်ထည့်သွင်းအသုံးပြူပါ။

(၂၄)နာရီခန့် ကြာအောင် ရေစိမ်ထားသော မျိုးစေ့များကို မြေကျင်း၏ ဘေးပတ်လည်၌ (၃)လက္မခန့်စီခြား၍ မြေသားမျက်နှာပြင်မှ တစ်လက္မခွဲခန့်ဝင်အောင် မျိုးစေ့ထည့်မြုပ်ပါ။

မြေချ စိုက်ပျိုးပြီးလို့ ရက်ပေါင်း(၃၀)(the seeds germinate about 30 days later)ခန့်အကြာမှာ အညှောက်ပေါက်လေးများ ထွက်လာပါလိမ့်မယ်။

မြေသားဟာ အရမ်းစိုစွပ်စရာမလိုပါဘူး။ရေဝပ် ရေလျှံခြင်းကို မနှစ်သက်ပါ။အပင်ကြီးထွားလာမှသာလျှင် ရေများများလောင်းပေးပါ။

ကျေးဇူးတင်ပါတယ်.. ကျွန်တော် ဘဝခါးခါးပါ။

Credit: ဘဝခါးခါး✏

41 Shares

Add a Comment

Your email address will not be published. Required fields are marked *