ကိုယ်လုံးတီး ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ပျံ့ နှံ့ သွားခဲ့တဲ့ ရဲမေ အလုပ်ဖြုတ်ခံရ

8 Shares

ကိုယ်လုံးတီး ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ပျံ့ နှံ့ သွားခဲ့တဲ့ ရဲမေ အလုပ်ဖြုတ်ခံရ ။ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း မာကာဆာမြို့ မှ ရဲမေတစ်ဦးဟာ သူမရဲ့  ဆဲလ်ဖီပုံတွေနဲ့  ကိုယ်လုံးတီးဗီဒီယိုတွေ အွန်လိုင်းမှာ ပျံ့ နှံ့ ခဲ့တာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ လူမှုကွန်ရက်ကနေ စည်းရုံးသိမ်းသွင်းခဲ့တဲ့ အမျိုးသားတစ်ဦးက သူမရဲ့ ပုံနဲ့ ဗီဒီယိုတွေကို အွန်လိုင်းမှာ ဖွင့်ချခဲ့တာဖြစ်ပါတယ်။

ရဲမှူးအဆင့်ရှိ ယင်းအမျိုးသမီးဟာ အမျိုးသားကို ရဲအရာရှိတစ်ဦးလို့ ထင်မှတ်ခဲ့ပေမယ့် တစ်ကယ်တော့ ယင်းအမျိုးသားဟာ လူသတ်မှုနဲ့  လန်ပန်ထောင်မှာ ထောင် ၁၀ နှစ်ကျခဲ့ဖူးသူဖြစ်နေခဲ့ပါတယ်။ သူမကို ထုတ်ပစ်ရတဲ့ အကြောင်းရင်းထဲမှာ တောင်ဆူလာဝေစီက ဒေသဆိုင်ရာ ရဲအရာရှိနှစ်ဦးနဲ့ ဖို မ ကိစ္စအရှုပ်အရှင်းတွေကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ကျင့်ဝတ်မစောင့်ထိန်းတဲ့ အကျင့်ပျက်ဖောက်ပြန်မှုတွေမှာ သူမပါဝင်နေခဲ့ကာ အမျိုးသားရဲတပ်ဖွဲ့ မှာ ဆက်ရှိနေဖို့ မသင့်တော့ဘူးလို့  ဆုံးဖြတ်ခဲ့ကြောင်း မာကာဆာရဲချုပ်က ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာကော်မရှင်မှ အရာရှိ မာရီယာနာ အမီရူဒင်ကတော့ ယခုဖြစ်ရပ်အပေါ် ရဲတပ်ဖွဲ့ ရဲ့  ကိုင်တွယ်ပုံကို ဝေဖန်ခဲ့ကာ ကျူးလွန်ခံရသူ သို့ မဟုတ် အမျိုးသမီးတစ်ဦးရဲ့ အခြေအနေအပေါ် ထည့်သွင်းမစဉ်းစားခဲ့ဘူးလို့  ထောက်ပြခဲ့ပါတယ်။

ရဲမေတစ်ဦးအနေနဲ့  ဓါတ်ပုံတွေရိုက်ခဲ့မှု၊ ယင်း ဓါတ်ပုံတွေ သူ့ သဘောတူညီချက်မပါဘဲ အွန်လိုင်းပေါ်ရောက်သွားခဲ့မှုအတွက် အလုပ်ဖြုတ်ခံရတာဟာ မဖြစ်သင့်ကြောင်း သူမက ပြောဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့  ကျင့်ဝတ်ကောင်စီအနေနဲ့  ဒီဖြစ်ရပ်ကို ဆိုင်ဘာရာဇ၀တ်မှုတစ်ခုအဖြစ် သတ်မှတ်သင့်သလို အလုပ်မဖြုတ်ခင်မှာ သားကောင်ဖြစ်ခဲ့ရတဲ့ ရဲမေအတွက်လည်း စဉ်းစားပေးခဲ့သင့်ကြောင်း ဆိုခဲ့ပါတယ်။- ကိုလင်း (အကုန်သိသတင်းဌာန)

8 Shares

Add a Comment

Your email address will not be published. Required fields are marked *