ပိုက်​ဆံမရှိတဲ့အခါ

ပိုက်ဆံရှာပါ
လောကမှာပိုက်ဆံရှိမှ
ပိုအဆင်ပြေနိုင်ပါတယ်

မိသားစုထဲမှာကြည့်ပါ
ပိုက်ဆံရှာနိုင်တဲ့သူက
ပိုအရေးပါအရာရောက်ပါတယ်

အပေါင်းအသင်းတွေကြားထဲကြည့်ပါ
ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်

လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ
ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်

ဒါဟာ လောကကြီးထဲမှာ
ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ

ဘယ်နည်းနဲ့ကြည့်ကြည့်
သင် ပိုက်ဆံရှာရပါမယ်
ငွေစုရပါမယ်

သင်ပိုက်ဆံရှိမှ
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများလုပ်လို့ရမှာပါ

“#ခင်မင်မှုကပိုအရေးကြီးတယ်”
ဟုတ်ကဲ့
လူတော်တော်များများကတော့
ငွေရှိရင် ပိုခင်ကြပါတယ်

“#ရိုးသားမှုကပိုအရေးကြီးတယ်”
ဟုတ်ကဲ့
လူအများစုကတော့ မရိုးသားရင်တောင်
ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး

“#ပညာကပိုအရေးကြီးတယ်”
ဟုတ်ကဲ့
ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာ
ပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ

“#ကိုယ်ကျင့်တရားကအရေးအကြီးဆုံး”
ဟုတ်ကဲ့
ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေ
ငွေရှိလာရင် အမှန်တရားကရောက်လာဖို့
ခြေလှမ်းသိပ်နှေးလွန်းပါတယ်

“#စိတ်ချမ်းသာဖို့အရေးကြီးတယ် ”
ဟုတ်ကဲ့
ငွေရှိလည်းစိတ်ဆင်းရဲတဲ့သူတွေရှိပါတယ်
ဒါပေမယ့် ငတ်နေရင်းစိတ်ဆင်းရဲနေရတဲ့သူတွေထက်တော့
နည်းနည်း ပိုသက်သာတာပေါ့

“#အချစ်ကအရေးကြီးတယ်”
ဟုတ်ကဲ့
ရယ်စရာအကောင်းဆုံးပြက်လုံးပါ
လူအားလုံးလိုလိုကတော့
ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်
ငွေမရှိရင် နံတယ်လို့ထင်တယ်
ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး

ဒါပါဘဲ
ဘယ်နည်းနဲ့တွေးတွေး
ဘယ်ဖက်ကတွေးတွေး
ငွေရှိမှ အရာအားလုံးလိုလို
အဆင်ပြေနိုင်ပါမယ်

ထို့ကြောင့် ပိုက်ဆံရှာပါ။

🙂🙂🙂

crd

290 Shares

Add a Comment

Your email address will not be published. Required fields are marked *