မိန်းမတို့ ၏ လျှို့ ဝှက်သော အလှတရား

မိန်းမတို့ ၏ လျှို့ ဝှက်သော အလှတရား #
**********************************************
တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့ အဘိုးအို တစ်ယောက်ရှိတယ်။
သူမှာ သိပ်လှတဲ့ မြေးမလေး တစ်ယောက်လည်း ရှိတယ်။အဘိုးအို ပာာ မျက်လှည့်
ပညာ သိပ်ကျွမ်းတယ်။ အဲဒီ ပညာ နဲ့ပဲအသက်မွေးခဲ့တယ်။ မြေးမလေး ကိုလည်း
အဲဒီပညာတွေ သင်ပေးထားတယ်။

တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့် ပြတာပေါ့။ ပန်းပွင့်ကနေ ငွေစက္ကူ
ဖြစ်တာတွေ၊ ကြိုးခွေကနေ မြွေ ဖြစ်သွားတာတွေ ၊ ပြကွက် မျိုးစုံနဲ့ ပရိသတ်ကိုဖျော်
ဖြေတယ်။ အားလုံးပြပြီးရင် ပရိသတ် က စွန့်ကြဲတဲ့ ငွေကိုပဲယူတယ်။ အခုပြတဲ့ ပွဲမှာ
အဘိုးအို ပာာ ထူးဆန်းတဲ့ စကားတစ်ခွ န်းပြော တယ်။
“မျက်လှည့် ပညာ ဆိုတာ မှော်ပညာ မပာုတ်လို့ တန်ခိုးစွမ်းအားတွေမရှိပါဘူး။
လိမ်တာလည်းမပာုတ်ပါဘူး။ မျက်လှည့် ပညာမှာ လျို့ဝှက်ချက်တွေရှိပါတယ်။ အဲ့ဒီ
လျှို့ဝှက်ချက်တွေကို သင်တို့မသိလို့သာ အထူးအဆန်းလာကြည့် ကြ တာဖြစ်တယ်။
ဒီနေ့ မျက်လှည့် ပညာ ရဲ့လျှို့ဝှက်ချက်တွေကို ပြောပြမယ်”

ပရိသတ်တွေ အံ့ သြတကြိး ဖြစ်ကုန်ကြတယ်။
ကြိုးခွေကနေ ဘယ်လို မြွေဖြစ်သလဲ စသည်ဖြင့်ပေါ့။ ခဏကြာတော့ အဘိုးအို ပာာ
လျှို့ဝှက်ချက် တွေ အားလုံးပြောပြသတဲ့။
ပရိသတ်လည်း ပြောတုန်းခဏပဲ စိတ်ဝင်စားတာပေါ့။ သိလည်းသွားရော-
“သြော် ဒီလိုလုပ်တာလား။ ဒါလေးများ။”
ပာု မျက်လှည့်ပညာကို စိတ်မ၀င်စားတော့ဘူးပေါ့။

နောက်တစ်နေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့် သွားပြသတဲ့။
ပရိသတ် တစ်ယောက်မှ မလာတော့ချေ။
ထိုနောက် အဘိုးအိုက-
“မြေးလေး ရေ။ ပရိသတ် တစ်ယောက်မှ မလာပါလား။ဘာကြောင့်လဲ။”
“အဘိုးက မနေ့ကပွဲမှာ လျှို့ဝှက်ချက်တွေပြောလိုက်တာကိုး။ဘယ်သူမှ
စိတ်မ၀င်စားတော့ဘူးပေါ့။”
“အေး။ပာုတ်တယ် မြေးလေး။ အဘိုး ကို တစ်သက်လုံး ထမင်းကျွေး ခဲ့တဲ့ပညာ။
အခုတော့ လျှို့ဝှက်ချက်လည်းပြလိုက်ရော ဘာမှ တန်ဖိုးမရှိတော့ဘူး။ မြေးလေးလည်း
မှတ်ထားပါ။
လှ်ျို့ဝှက်ချက် ဖြစ်တဲ့ မြေးလေး ရဲ့ ခန္ဓာကိုယ် အလှတရား ပာာ ဘယ်သူ့မှ မပြရဘူး။
လျှို့ဝှက် ထားရမယ်။ ဒါဆို မြေးရဲ့  မိန်းကလေး အလှ ပာာ တန်ဖိုးကြီးတယ်ကွဲ့။
ဒူးဖော်၊ပေါင်ဖော် ၊ရင်သားတွေဖော်နေရင် ဘယ်သူမှ စိတ်မ၀င်စားတော့ဘဲ တန်ကြေး
မရှိဖြစ်မယ်။ ပြတုန်းခဏပဲ သူတို့က တန်ဖိုး ထားတာ။ဒါ့ကြောင့် အ၀တ်အစား ကို
လုံလုံခြုံခြုံဝတ်ပါ။”

အဘိုးအို ပာာ သူ့ပညာနဲ့ရင်းပြီး မြေးမလေး ကို ဆုံးမခဲ့တယ်။
ဖိုးခင်၏ ချစ်မိတ်ဆွေမတို့လည်း အဘိုးအို စကားကို နားလည်နိုင်ပစေ။

ဗဟုသုတကျေးရွာ

24 Shares

Add a Comment

Your email address will not be published. Required fields are marked *