” ကျန်းမာရေးနှင့်ညီသော သရက်သီးယိုလုပ်နည်း”

” ကျန်းမာရေးနှင့်ညီသော သရက်သီးယိုလုပ်နည်း”
🍏🍋🍊🍏🍎🍊🍋🍏🍎

မိုးရာသီရောက်ပြီဆိုရင် မြန်မာနိုင်ငံ အရပ်တိုင်းမှာ
သရက်သီးမှည့်တွေဟာ ပေါများလှပါတယ် ။

အိမ်အပင်မှာ ရှိတာတွေကိုလဲ အိမ်သားချင်း ကုန်
အောင် မစားနိုင် ။

ရောင်းရအောင်ကလဲ ဈေးကွက်မရှိနဲ့မို့ အပင်အောက်တွေ ကြွေကျ ပြီး ပုပ်ပုပ်စပ်စပ် ဖြစ်ရတာ ရာသီတိုင်းပါ ။

သရက်သီးပုပ်တွေတွေကြောင့် အိမ်တွေမှာ ခြင်တွေ ယင်တွေကလဲ ခါတိုင်းထက် များနေတတ်ပါတယ်။

ရာသီရောက်တိုင်း ခံစားနေရတဲ့ဒုက္ခတွေကို အခြား
နည်းနဲ့ အကျိုးရှိရှိ အလွယ်တကူ အသုံးပြုနိုင်မယ့်နည်း
တစ်ခုကို မျှဝေချင်ပါတယ် ။

အဲဒါကတော့ သရက်သီးယို ပြုလုပ်ပြီး သားရေစာ
အဖြစ် စားသုံးကြခြင်းပါပဲ ။

စားသုံးသူဈေးကွက်မှာ သစ်သီးယိုတွေဟာ ဈေး
ကောင်းနေတတ်ပါတယ် ။

ပုံစံကွက်နဲ့ ထုပ်ပိုးရောင်းချတာကို တန်ဖိုးတကြီးနဲ့ ဝယ်ယူစားသောက်ကြရတာပါ ။

တကယ်တော့ ကိုယ့်ရဲ့အိမ်ခြံထဲမှာရှိတဲ့ အသီးလေးတွေကို အိမ်မှာပဲ ပြု ပြင်ထုတ်လုပ်ကြမယ်ဆိုရင်

#လတ်လတ်ဆတ်ဆတ်လဲဖြစ် … ပိုးသတ်ဆေးအန္တရယ်လဲ ကင်း…ကျန်းမာရေးနဲ့လဲ ညီညွတ်တဲ့ အစားအစာတွေ အဖြစ် စိတ်လက်ချမ်းသာ စားသုံးနိုင်မှာ ဖြစ်ပါတယ် ။ ။

ဒါကြောင့် အခု တောဘုန်းကြီးကလေး ပြုလုပ်
ဖူးတဲ့ သရက်သီးယို စနစ်ကို သိသလောက် ပြောပြချင်ပါတယ် ။

( ပြုလုပ်နည်း )

၁ ။ သရက်သီးရင့်လို့ ပျ မထိုးခင်မှာ ကောက်လို့ အုပ်
ထားပါ ။
၇ ရက် ၁ ပတ်လောက်ဆို အတွင်းသားတွေ မှည့်ပါပြီ ။

၂ ။ သရက်သီးမှည့်ကို ဓားနဲ့နွှာပြီး ကြိတ်လွှာဓားစက်
ထဲ ထည့်မွှေပါ ။ (နွှာတဲ့အခါ အတွင်းသားမွှန်းမွှန်း
ကိုသာ ယူပါ ။ အမာကြောတွေ မပါစေရပါ ။)

၃ ။ ကြိတ်မွှေပြီးလျှင် သကြားရည်ပျော်အောင် မီးဖိုပေါ်
တည်ထားတဲ့ ဒန်အိုးထဲ ထည့်ပါ ။

၎ ။ သရက်သီးယို အချိုလေးစေဖို့နဲ့ ဝမ်းမဖြစ်စေရန်အ
တွက် ဆားအနည်းငယ် ထည့်ပါ ။

သရက်သီးယို အနံ့ အရသာရှိစေဖို့ ပျားရည် ‘ နို့ စတာတွေကိုလဲ အနံ့ပြန်ရုံ အသုံးပြု နိုင်ပါတယ် ။

၅ ။ သရက်သီးယို သဘာဝအလျောက် ရေရှည်ထားသို
နိုင်ရန်အတွက် ဆီထည့်ပါ ။

၆ ။ မီးနိုင်နိုင်ထည့်ပြီး မကြာမကြာ မွှေပေးကာ ၁ နာရီ
ထက်မက ညောင်ပြင်းအစေးဖြစ်သည်ထိ ကြို ပါ ။

၇ ။ ပြီးလျှင် လင်ပန်းထဲထည့် အအေးခံလို့ ဘူးထဲထည့်
ထားပါ ။


( ပါဝင် အချိုးအဆ )

၁ ။ သရက်သီး အလုံး – ၂၀

၂ ။ သကြား ၅၀ သား (သို့) ၁ ပိဿာ

၃ ။ ဆီ ၂၀ သား

၎ ။ ပျားရည် ၁၀ သား

( သို့) နို့ဆီလဲ အသုံးပြု နိုင်သည် ။

၅ ။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း


ဒါတွေက ယေဘုယျ ပဲ ဖြစ်ပါတယ် ။ ဉာဏ်ရှိ
သလို အချိုးအဆကို အသုံးပြု နိုင်ပါတယ် ။ ဒါမမဟုတ် အခုနည်းအတိုင်း သေသေချာချာ ပြုလုပ်မယ်ဆိုလဲ အဆင်ပြေပါတယ် ။

Creditတောဘုန်းကြီးကလေး

Edit – By -ViaSai Min Thant

0 Shares

Add a Comment

Your email address will not be published. Required fields are marked *