သမဂ္ဂသံဃာ

သမဂ္ဂသံဃာ
🌴🌴🌴🌴
သံဃာတွေအချင်းချင်းညီညွှတ်ရင် ချမ်းသာတယ်
တဲ့ ၊ မကျန်းမာတဲ့အခါ အဖေအမေလက်တွေနဲ့
ကမ်းဝေးနေတဲ့အခါ သူငယ်ချင်းတွေ၏လက်သာ
အားကိုရာ ဖမ်းစွဲရာပါ ။ ကျန်းမာတဲ့အခါလည်း
တူတူပျော်ရွှင်စွာ စာဝါတွေတတ် စာလွှာတွေကျက်
စာမေးပွဲတွေဖြေလို့ ဒါသည်ပင် သာသနာမှာ
မသင်ဘဲတတ်တဲ့ ဖေးမကူညီခြင်း မေတ္တာစိတ်
ထားပါ ။

ဘယ်ကျောင်းမှာနေနေ ဘာစာတွေသင်နေသင်နေ
အတူထိုင်ဖို့ကြုံလာတဲ့အခါ အတူဆုံဖို့ကြုံလာတဲ့
အခါတွေမှာ အရှင်ဘုရား ဘယ်နှစ်ဝါရှိပြီးလည်း
ဝါတော်ကြီးတာပဲ ဦးခိုက်ပါတယ် အမြင့်မှာထိုင်ပါ
စသဖြင့် ဂါရဝ နိဝါတမင်္ဂလာအပြည့်နဲ့ ကြီးသူကို
ရိုကြိုးပြီးသား။

ငွေပေးပြီးပေါင်းသင်းဖို့မလိုဘူး အရဟတ္တဓဇ
သင်္ကန်းလေးသာရုံထား ငယ်ပေါင်းကြီးဖော်
တွေလို ယနေ့မှစတွေ့တွေ့ ခင်မင်စွာနုတ်ဆက်
ရိုကြိုးအလေးထားကြတာ သာသနာ၏ မေတ္တာ။

အသက်ကလေးတွေ ခပ်ငယ်ငယ်နဲ့ နေများမေ
ကာင်းရင် ဟေ့ကောင်း လာ ငါ့မှာပိုက်ဆံရှိတယ်
ပေနေမနေနဲ့ ညနေဆေးခန်းသွားမယ် ငါလိုက်ပို့
မယ် ဟိုကောင်က ရေနွေခပ်ထား ရံရံဖျော်ထား
စသည်ဖြင့် ခိုင်းစရာမလိုပဲ စာနာခြင်းအပြည့်နဲ့
ကူညီတတ်တဲ့ အာဇာနည်လေးတွေ။

တစ်ခါတုန်းကကြုံ ဖူးတယ် ညကြီးကျောင်းက
ကိုရင်က တတ်ပြီးမူးလဲပါလေရော အဲ့တာ
ဦးဇင်းတစ်ပါးက ဘာမပြောညာမပြောနဲ့
ကိုရင်ကိုကောက်ပွေ့ထမ်းပြီး ၂၄ နာရီဖွင့်တဲ့
လမ်းထိပ်ကဆေးခန်းကို အပြေးပို့ပါလေရော
သဲထိပ်ရင်ဖိုရယ် ဆေးခန်းရောက်တော့ ကိုရင်
က အကြီးအကျယ်ဘာမှမဖြစ်လို့တော်သေး။

ရဟန်းသံဃာဆိုတာ ငက်လဲအတူတူ ပြက်လဲ
အတူတူ ညီညွှတ်အောင်နေရတာ။ ရန်ကုန်က
ဦးဇင်းတို့ဆရာသမား အိန္ဒိယကနေ ဒေါက်တာ
ဘွဲ့လေးရပြီး ပြန်လာ နေဖို့ကျောင်းလေးမရှိခင်
တုန်းက တဲကြီးကြီးဆောက်ပြီးနေကာ ကျောင်း
ဆောင်ကြီးဆောက်ဖို့စတင်တော့ နေရာကအသစ်
နေရတာက ဝန်ထမ်းအိမ်ယာရက်ကွက်ထဲမှာ
အဆောင်လေးတွေပဲရှိတော့ မိုးလင်းတာနဲ့အလုပ်
ကသွားကုန်ကြရော ။

အလုပ်ကစတင်နေတော့ ဆွမ်းခံလဲမကြွဖြစ်ပါ
ဆွမ်းချို က်ကလည်းနေရာကအသစ်ဆိုတော့
ပို့မယ့်ဒကာ ဒကာမကမရှိ အောက်ပြည်ဆိုတော့
ကန်စွန်းရွက်ပေါတော့ ကျောင်းမြေထဲမှာပေါက်တဲ့
ကန်စွန်းရွက်လေးတွေခူး ချဉ်ပေါင်ရွက်တွေခူးကာ
ချက်တတ်သလို ချက်စားခဲ့ရတာ။

ရဟန်းဘဝအလွယ်မမှတ်နဲ့ တယ်ခက်သကွယ့်။

အရှင်ကဝိ(မေတ္တာ နဒီ)

83 Shares

Add a Comment

Your email address will not be published. Required fields are marked *