ရန်ကုန်လေဆိပ်တွင် လေယာဉ်တစ်စီး လမ်းချော်၍ လေယာဉ် ၃ ပိုင်းကျိုးပြီး လေယာဉ်မှူး ဒဏ်ရာရ၊ ပြေးလမ်းပိတ်ပြီး ခရီးစဉ်များ ရွှေ့ဆိုင်းဖျက်သိမ်း

0 Shares

ရန်ကုန်လေဆိပ်တွင် လေယာဉ်တစ်စီး လမ်းချော်၍ လေယာဉ် ၃ ပိုင်းကျိုးပြီး လေယာဉ်မှူး ဒဏ်ရာရ၊ ပြေးလမ်းပိတ်ပြီး ခရီးစဉ်များ ရွှေ့ဆိုင်းဖျက်သိမ်း

ရန်ကုန်၊ မေ ၈

ရန်ကုန်လေဆိပ်တွင် ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းမှ ခရီးသည် ၄၀ ဦးခန့်လိုက်ပါသော လေယာဉ်တစ်စီး လမ်းချော်ပြီး လေယာဉ်ပျက်စီးကာ လေယာဉ်မှူးထိခိုက်ဒဏ်ရာရရှိကြောင်း မဂ်လာဒုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်အမတ်ဦးထွန်းထွန်းဝင်းကပြောကြားသည်။

“လေယာဉ်လမ်းချော်တာလည်း ဟုတ်ပါတယ်။ ခရီးသည်က ၄၀ လောက်ပါတယ်ပြောတယ်။ လေယာဉ်မှူးတော့ ထိသွားတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ရန်ကုန်မှ ဘန်ကောက်သို့ သွားရောက်မည့် ခရီးသည်တစ်ဦးကမူ လေယာဉ်ပြေးလမ်း တွင် လေယာဉ်တစ်စီး ဆိုးဝါးစွာ ပြေးလမ်းချော် ပျက်စီးနေသဖြင့် ခရီးသည်များအားလုံးကို လေယာဉ်ပေါ် ဆင်းခိုင်းကာ ခရီးစဉ် ရွှေ့ဆိုင်းဖျက်သိမ်းလိုက်ရကြောင်း ပြောဆိုသည်။

“လေယာဉ်ပေါ်တက်ပြီးမှ အကုန်ပြန်ဆင်းခိုင်းတာ။ ပြေးလမ်းပေါ်မှာ လေယာဉ်တစ်စီး လမ်းချော်ပြီး ပျက်စီးနေတယ်။ မနက်ဖြန် မနက်တောင် ပြေးလမ်းက ဖွင့်နိုင်ပါ့မလားမသိဘူး။ တော်တော်ဆိုးဆိုး ပျက်စီးသွားတာ လေယာဉ်က” ဟု ဘန်ကောက်သို့ သွားရောက်မည့် ခရီးသည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Photo Credit

0 Shares

Add a Comment

Your email address will not be published. Required fields are marked *