ထိုင်ရင်း အောင်မြင်ချင်တဲ့ ငတုံးများ

0 Shares

ထိုင်ရင်း အောင်မြင်ချင်တဲ့ ငတုံးမျာပး
********************************

လိုချင်တာတစ်ခုခု ရဖို့အတွက်
စွန့်လွှတ်မှုအမြဲတမ်း ရှိရတယ်။

ဘဝမှာ အလကားရတဲ့အရာ
ဘာတစ်ခုမှမရှိဘူး။

အလှူအိမ်မှာ သွားစားရင်တောင်
သွားစားဖို့အတွက် အချိန်နဲ့
အင်အားစိုက်ထုတ်မှုတွေ
စွန့်လွှတ်ပေးရတယ်။

အလကားရတာတောင် အလကားမရဘူး။
စွန့်လွှတ်မှုတော့လုပ်ရတာပဲ။

 

 

ဒါပေမယ့် အောင်မြင်မှုကျတော့
အလကားလိုချင်ကြတယ်။

စာသင်ဖို့အတွက် အချိန်မပေးချင်ဘူး
ပညာကျတတ်ချင်တယ်။

ပိုက်ဆံရှာဖို့အတွက်
အင်အားမစိုက်ထုတ်ချင်ဘူး
ချမ်းတော့ချမ်းသာချင်တယ်။

တစ်နေရာရာမှာ ထူးချွန်အောင်
မကြိုးစားချင်ဘူး လူထင်ကျ ကြီးခံချင်တယ်။

သူများထက်သာတဲ့ဘယ်အရာတစ်ခုမှ
ပြနိုင်အောင်မကြိုးစားဘူး
ထင်ပေါ်ကျော်ကြားမှုတော့လိုချင်တယ်။

အောင်မြင်တဲ့သူတွေအားကျတယ်။
သူတို့အမူအကျင့်တော့
တစ်ခုမှ လိုက်မလုပ်ဘူး။

ဘီယာဆိုင်ထိုင်ရင်း
ကြီးပွားသွားတဲ့ကောင် တွေ့ဖူးလား။

ဖေ့ဘွတ်မှာ ဖွန်ကြောင်ရင်း
အောင်မြင်ကျော်ကြားသွားတဲ့သူရှိလား။

ပညာအလိုလိုတတ်လာတယ်ဆိုတာရှိလား။

အလိုလိုချမ်းသာလာတယ်ဆိုတာရှိလား။

ဘာမှ မလေ့လာမသင်ယူဘဲ
ထူးချွန်တတ်မြောက်လာတယ်ဆိုတာရှိလား။

အောင်မြင်ခဲ့တဲ့သူတွေဟာ
အချိန်တွေစွန့်လွှတ်ခဲ့ရတယ်။

သက်တောင့်သက်သာဖြစ်မှုတွေ
စွန့်လွှတ်ရတယ်။

အပျော်အပါးတွေ စွန့်လွှတ်ခဲ့ရတယ်။

ဘီယာဆိုင်ထိုင်တဲ့အချိန်တွေ
စွန့်လွှတ်ရတယ်။

လက်ဘက်ရည်ဆိုင်ထိုင်တဲ့အချိန်တွေ
စွန့်လွှတ်ရတယ်။

အိပ်ချိန်တွေစွန့်လွှတ်ရတယ်။

သူတို့အောင်မြင်မှုက
အလကားရလာခဲ့တာမဟုတ်ဘူး။

အောင်မြင်တယ်ဆိုတာက လွယ်ရင်
လူတိုင်း အောင်မြင်နေမှာပေါ့။

စွန့်လွှတ်ရတာ ထင်သလောက်လွယ်ရင်
လူတိုင်းလုပ်နေမှာပေါ့။

ကောင်းဖို့အတွက်ပဲ ပြောပြော
စွန့်လွှတ်ရတာခက်တယ်။

 

 

 

ဆေးလိပ်သောက်နေတဲ့သူတွေကို
မေးကြည့် ဆေးလိပ်သောက်တာ
မကောင်းဘူးဆိုတာ သိလားလို့။

လူတစ်ရာမှာ တစ်ရာလုံးသိတယ်။

ကွမ်းစားနေတဲ့သူတွေလည်း ဒီအတိုင်းပဲ။

ဘာလို့ သူတို့ကျန်းမာရေးအတွက်
ကောင်းဖို့ကို ဒီမကောင်းတဲ့အရာတွေကို
မစွန့်လွှတ်နိုင်တာလဲ။

စွန့်လွှတ်ရတာ ခက်လို့ပေါ့။

အောင်မြင်ဖို့၊ တိုးတက်ဖွံ့ဖြိုးလာဖို့
အချိန်တွေ သက်တောင့်သက်သာဖြစ်မှုတွေ
အပျော်အပါးတွေ စွန့်လွှတ်ရမယ်ဆိုတာ
လူတိုင်းသိတယ်။

မလုပ်နိုင်လို့သာ တစ်ရာမှာ
တစ်ယောက်လောက်ပဲ
အောင်မြင်နေတာပေါ့။

ကိုယ်က ၉၉ ယောက်ထဲမှာ ပါတယ်ထင်လား။

တစ်ယောက်ထဲမှာ ပါတယ်ထင်လား။

အောင်မြင်ချင်ရင် စွန့်လွှတ်။

မစွန့်လွှတ်နိုင်ရင် အောင်မြင်ဖို့အတွက်
စိတ်မကူးနဲ့ပေါ့။

ဘယ်အရာမှ အလကားမရဘူး။

အထူးသဖြင့်
အောင်မြင်မှုတွေက ပိုလို့တောင်
အလကားမရဘူး။

Credit: ဒေါက်တာသူရိန်လှိုင်ဝင်း
(Thurein Hlaing Win)

0 Shares

Add a Comment

Your email address will not be published. Required fields are marked *