မုန်​တိုင်းအရှိန်​​ကြောင့်​ မန္တ​လေးတွင်​အချိန်​အခါမဟုတ်​မိုးရွာ

မုန်တိုင်းငယ်ကြောင့် မန္တလေးတွင် အချိန်အခါမဟုတ် မိုးရွာ

ဇန်နဝါရီ ၇
နိုင်လင်းဦး

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် ဇန်နဝါရီလ ၇ ရက်နေ့ ၁၀ နာရီကျော်အချိန်က မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့ သွားခဲ့ပြီး ယင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မန္တလေးတွင် အချိန်အခါမဟုတ် မိုးရွာခဲ့သည် ။

ယင်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် မိုင်(၁၂၀)ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun) ၏အနောက်တောင်ဘက် (၂၄၅) မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အနောက်မြောက်ဘက် မိုင် (၇၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က သိရသည်။

မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေရှိနိုင်သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားပြီး မုန်တိုင်းငယ်(Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ နောက် (၁၂) နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့ သွားနိုင်သည်ဟု ခန့်မှန်းထားသည် ။

မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ဇန်နဝါရီလ ၇ ရက်နေ့ နံနက်မှ နောက်(၄၈)နာရီ အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသ ကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်ထားသည်။

Credit မူရင်း

6 Shares

Add a Comment

Your email address will not be published. Required fields are marked *