ငရုတ်ပင်ညိုး ရောဂါကို ဘယ်လိုဖြေရှင်းမလဲ


ရောဂါလက္ခဏာ


 

ရောဂါသံသရာ


ကာကွယ်နှိမ်နင်းနည်း






 



 

ရောဂါကျရောက်သည့်အချိန် – မိုးရာသီ

ရောဂါလက္ခဏာ

စိုက်ခင်းတွင် နေရာကွက်ကြားကျရောက်ခြင်း (သို့မဟုတ်) အစုလိုက်ကျရောက်ခြင်းဖြစ်သည်။ အပင်ကြီးများတွင် အောက်အရွက်မှလည်းကောင်း၊ အပင်ငယ်များတွင် အပေါ်အရွက်မှလည်းကောင်း စတင်ညှိုးပါသည်။ ရက်အနည်းငယ်ကြာသောအခါ ရုတ်တရက် အပင်တစ်ပင်လုံး ညှိုးနွမ်းသွားပါသည်။  အရွက်ဝါခြင်းကို မတွေ့ရှိရပါ။  ပင်စည်၏အောက်ပိုင်း အစာရေကြောစည်းနှင့် အမြစ်တို့သည် အရောင်ပြောင်းလဲနေသည်ကို တွေ့ရှိရပါသည်။ ပင်စည်၏ အောက်ပိုင်းကို ကန့်လန့်ဖြတ်၍ ရေထဲတွင် နှစ်ကြည့်ပါက နွားနို့နှစ်ရောင် ဘက်တီးရီးယားစိမ့်ထုတ်ရည် ထွက်ရှိလာသည်ကို သာမန်မျက်စိဖြင့် မြင်နိုင်ပါသည်။

ရောဂါသံသရာ

အပူပိုင်း၊ သမနွေးပိုင်းရာသီဥတုဒေသများတွင် မိုးများသောအချိန်၌ ငရုတ်ဘတ်တီးရီးယားရောဂါသည် အဓိကကျရောက်ဖြစ်ပေါ်လေ့ရှိသည်။ ရောဂါဖြစ်စေသော ဘက်တီးရီးယားသည် အခြားလက်ခံသီးနှံများစွာတွင် ကျရောက်နိုင်ပြီး မြေထဲတွင် နှစ်ပေါင်းများစွာ ရှင်သန်နိုင်သည်။ စိုက်ခင်းထဲတွင် မြေအစိုဓာတ်များခြင်း၊ ရေဝပ်ခြင်းများရှိပါက ရောဂါလျှင်မြန်စွာ ဖြစ်ပေါ်စေပါသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) သီးနှံအလှည့်ကျ စိုက်ပျိုးပါ။

(၂) လေဝင်လေထွက်ကောင်းရန် အခြားလက်ခံသီးနှံများဖြစ်သည့် ပေါင်းမြက်များ ရှင်းလင်းပါ။

(၃) မြေကို နွေထယ်ရေးခံ၍ စိုက်ပါ။

(၄) ငရုတ်မျိုးရင်းဝင်မဟုတ်သော သီးနှံများဖြင့်သာ အလှည့်ကျစိုက်ပျိုးပါ။

(၅) စိုက်ခင်းများ၊ ပျိုးထုပ်များတွင် ရေများခြင်း၊ ရေဝပ်ခြင်းမရှိစေရန် အထူးဂရုပြုပါ။

(၆) ကာဆူမင်( Kasumin) ဆေးကို ဆေး(၁) ဆ ရေ (၁၀၀၀) ဆနှုန်းဖြင့် ဖျော်၍ ပျိုးပင်များကို ငါးမိနစ်ခန့်စိမ်၍ စိုက်ပါ။

စိုက်ပျိုးရေး ဦးစီးဌာန

 

 

Disease – Seasonal

symptoms

The plantation on field visit (or fall) Bulk. Under the large leaves of the plants, The leaves on trees and the first finger. A few days later, suddenly there was a plant wither. ရွက်ဝါ not be found. The lower part of the stem was found fallen wiry root color. The lower part of the stem is cut out of water the color of milk has also been released concerning bacteria seep out can be seen by the naked eye.

disease cycle

 

Dry, At the time many warm temperate climate zones covering chili Basketball bacterial disease often result in falls. The bacteria that causes the disease may fall on other host crops can survive for many years in the soil. The plantations in the humidity, If watts are causing disease quickly.

How to protect against

(1) to rotate the crop grown.

(2) ventilation to clear other host crops such as grasses.

(3) the ground. Spring planting plows.

(4) chili Rotate with non-species crops planted.

(5) Farm Nursery water, forming cap Pay special attention to the quiet to avoid.

(6) a fat deer (Kasumin) (1) (1000) with entertainment. Seedlings per plant soak for five minutes..

Department of Agriculture

 

87 Shares

Add a Comment

Your email address will not be published. Required fields are marked *