ရဲယုိသီးနဲ ့ ရဲယုိပင္ဟာ ဘယ္လုိအစြမ္းသတၱိေတြ ႐ွိပါသလဲ?

ရဲယုိ အစြမ္း အံမခန္း

အ႐ြက္၊ အေခါက္၊ အပြင့္၊ အသီး၊ အျမစ္ အားလုံး ေဆးဖက္ဝင္တဲ့ ျမန္မာ့ရဲယိုပင္အေၾကာင္းကို ကြၽန္မတို႔ စိုက္ပ်ိဳးေရးေလာကသား ေတာ္ေတာ္မ်ားမ်ားလည္း သိၿပီးသား ျဖစ္ေလာက္မွာပါ။ အရင့္အရင္တုန္းကတည္းက ျမန္မာလူမ်ိဳးတို႔ရဲ႕ အိမ္ၿခံဝန္းေတြမွာ ရဲယိုပင္တစ္ပင္တေလေတာ့ ေတြ႕ေနၾက။ လူႀကီးမိဘေတြက ရဲယိုသီးမီးဖုတ္၊ ရဲယို႐ြက္ျပဳတ္ေတြကို ငပိရည္နဲ႕တို႔စရာအျဖစ္ စားသုံးတာကို ေတြ႕ဖူးသလို၊ အိမ္မွာ ငါးဖယ္ျခစ္ေလးကို ရဲယို႐ြက္ေလးေတြနဲ႕ထုပ္ၿပီး ဆီျပန္ဟင္း ခ်က္စားတာမ်ိဳး၊ ရဲယို႐ြက္နဲ႕ ငါးခူစဥ္းေကာေလးနဲ႕ နံနံပင္ေလးအုပ္၊ အိုးကပ္ခ်က္စားတာမ်ိဳးကိုလည္း ကြၽန္မတို႔တေတြ စားဖူးေနၾက။ သို႔ေသာ္ တကယ္တမ္း က်န္းမာေရးအတြက္ ေသေသခ်ာခ်ာ ေန႕စဥ္စားသုံးၾကည့္ဖို႔ကိုေတာ့၊ ကြၽန္မကိုယ္တိုင္လည္း စိတ္မကူးမိခဲ့ပါဘူး။


တစ္ေန႕ကတုန္းကေပါ့။ ရဲယိုပင္စိုက္ပ်ိဳးတဲ့ ေတာင္သူတစ္ေယာက္ကို အင္တာဗ်ဴးဖို႔ စီစဥ္ရင္း၊ သူ႕ကို အင္တာမဗ်ဴးခင္မွာ သူထုတ္လုပ္ေနတဲ့ ရဲယိုထုတ္ကုန္ေတြ အေၾကာင္းကို အရင္ဆုံး ေလ့လာျဖစ္သြားခဲ့တယ္။ အဲ့ဒီေနာက္ေတာ့ အဖိုးမျဖတ္နိုင္တဲ့ ရဲယိုပင္တစ္ပင္လုံးရဲ႕ အစြမ္းေတြကို တေစ့တေစာင္း တီးမိ၊ ေခါက္မိခဲ့ပါေတာ့တယ္။

ရဲယိုပင္ကို နိုနီ (Noni) လို႔လည္း ေခၚၾကၿပီး၊ ႐ုကၡေဗဒအမည္ Morinda anhgustifolia Roxb  လို႔ ေခၚတြင္ပါတယ္။ ရဲယိုပင္ကေနထြက္တဲ့ ရဲယိုထုတ္ကုန္ (စားေသာက္ကုန္) ေတြကို စားသုံးေပးမယ္ဆိုရင္ ကာဗိုဟိုက္ထရိတ္၊ ကစီဓာတ္၊ သၾကားဓာတ္၊ အသားဓာတ္ (ပရိုတင္း) စတာေတြကို ရရွိနိုင္တယ္လို႔ ေဆးပညာရွင္ေတြက ဆိုထားပါတယ္။

ရဲယို႐ြက္ – ခႏၶာကိုယ္ထဲက က်န္းမာေစတဲ့ ဆဲလ္ေတြကို ပိုထုတ္ဖို႔ အားေပးၿပီးေတာ့၊ မေကာင္းတဲ့ ဆဲလ္ေတြကို ေလ်ာ့နည္းေအာင္ လုပ္ေဆာင္ေပးပါတယ္။ ရဲယို႐ြက္ကို ဟင္းအျဖစ္ပဲ ခ်က္စား၊ တို႔စားလို႔ပဲ ရတာမဟုတ္ပါဘူး။ ဒဏ္ရာေပၚမွာ အုံေပးတာမ်ိဳး၊ အ႐ြက္ကို ေထာင္းထုၿပီး ေဆးအျဖစ္ သုံးေပးလို႔ ရပါတယ္။ အ႐ြက္ကို အေျခာက္ခံၿပီး အမႈန႔္အျဖစ္ ေသာက္သုံးေပးရင္လည္း ကိုယ္ခံစြမ္းအားေတြကို တိုးျမႇင့္ေစပါေသးတယ္ေနာ္။ (တခ်ိဳ႕ခံတြင္းေတြအတြက္ ရဲယို႐ြက္စားရင္ အခါးဓာတ္နဲ႕ အနည္း ငယ္ယားယံတာမ်ိဳးကို ႀကဳံရင္လည္း၊ ရဲယို႐ြက္ေတြကို ဆားနဲ႕နယ္ၿပီး၊ ေရေဆးေပးလိုက္ရင္ အဆင္ေျပသြားမွာပါ။)

ရဲယိုေဖ်ာ္ရည္ – ဇီးသီး၊ သရက္သီး၊ နာနတ္သီးအမွည့္ေတြကို ေဖ်ာ္ရည္အျဖစ္ ေသာက္သုံးေပးသလိုပဲ၊ ရဲယိုသီးအမွည့္ကိုလည္း သၾကားေလးနဲ႕ ေဖ်ာ္ရည္အျဖစ္၊ ေသာက္သုံးေပးလို႔ ရပါတယ္။ ရဲယိုသီးေဖ်ာ္ရည္ရဲ႕အစြမ္းကေတာ့ ခႏၶာကိုယ္မွာ အဓိကလိုအပ္တဲ့ ေဟာ္မုန္းဓာတ္ကို အားျဖည့္တာေၾကာင့္၊ အေမာအပန္းခံနိုင္ကာ အားအင္ျပည့္ၿဖိဳးေစပါတယ္တဲ့။

ရဲယိုသီး – ရဲယိုသီး မမွည့္တမွည့္ေလးကို မီးဖုတ္ပါ။ ဆားေလးနည္းနည္းေလာက္ထည့္လို႔ သြားတိုက္ေဆးအျဖစ္ တိုက္ေပးမယ္ဆိုရင္ သြားနဲ႕သြားဖုံးေတြကို သန္စြမ္းေစပါတယ္။ ရဲယိုသီးကို ပ်ား ရည္ (သို႔မဟုတ္) ထန္းလ်က္နဲ႕ေခါက္စားပါက ေခ်ာင္းဆိုး၊ ပန္းနာေရာဂါေတြကို ေပ်ာက္ကင္းေစပါတယ္။

၁၉၉၃-ခုႏွစ္က ဂ်ပန္နိုင္ငံ ယိုကိုဟားမားၿမိဳ႕မွာရွိတဲ့ တကၠသိုလ္တစ္ခုကေန ရဲယိုသီးမွာ ပါဝင္တဲ့ ေဆးဖက္ဝင္ဓာတ္ေတြဟာ ေသြးတိုး ေရာဂါနဲ႕ နာက်င္ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစတာ၊ မွိုေရာဂါနဲ႕ ေရာဂါပိုးမႊားေတြကို ေသေစနိုင္တာ၊ အဖုအႀကိတ္ေတြကို သက္သာေပ်ာက္ကင္းေစတာကို ေလ့လာစမ္းသပ္မႈေတြမွာ ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

ရဲယိုသီးယို – ရဲယိုသီးအမွည့္ေတြကို ႀကိတ္စက္နဲ႕ႀကိတ္ပါ။ ေနာက္ထပ္ ပါဝင္ပစၥည္းေတြအေနနဲ႕ ထန္းလ်က္၊ ဆား နည္းနည္းစီ ထည့္ပါ။ အပူေပး အေျခာက္ခံပါ။ ပ်ားရည္ (သို႔မဟုတ္) ထန္းလ်က္ နဲ႕ တို႔စားလို႔ရပါၿပီ။ ေနာက္တစ္နည္းကေတာ့ ရဲယိုသီးအမွည့္ေတြကို ႀကိတ္စက္နဲ႕ႀကိတ္ၿပီး၊ ထန္းလ်က္နဲ႕ (မိမိႏွစ္သက္ရာ အခ်ိဳဓာတ္ အတိုင္း) တစ္ခါတည္းေရာေႏွာပါ။ အပူေပးလို႔ ယိုထိုးၿပီး၊ သြားေရစာ (အိမ္သုံးေဆးဝါးဓာတ္စာ) အျဖစ္လည္း စားသုံးလို႔ ရပါၿပီ။ ရဲယိုသီးယိုကို စားသုံးေပးမယ္ဆိုရင္ အ႐ြယ္မတိုင္မီ အိုမင္းရင့္ေရာ္ျခင္းကို တားဆီးေပးတာ၊ စိတ္ႏွလုံး႐ႊင္လန္းေစတဲ့ အက်ိဳးေတြကို ရေစမွာပါတဲ့ရွင့္။

အဲ့ဒီေတာ့ – အေနာက္တိုင္းက တင္သြင္းလာတဲ့ေဆးဝါးေတြကို အားကိုးေနမယ့္အစား၊ ကိုယ့္ၿခံထဲက ထြက္ရွိတဲ့ ရဲယိုတစ္ပင္လုံးကို အရိုးေရာ၊ အ႐ြက္ပါမက်န္ နည္းမ်ိဳးစုံ ျပဳလုပ္စားေသာက္လိုက္မယ္ ဆိုရင္ (ရဲယိုဓာတ္စာရည္၊ ရဲယိုေပါင္းရည္၊ ရဲယိုသီးယို စတဲ့စား ေသာက္ကုန္ေတြကို စားသုံးေပးမယ္ဆိုရင္) ေဈးႏႈန္းသက္သက္သာသာနဲ႕ က်န္းမာေရးေစာင့္ေရွာက္ရာ ေရာက္ေစမွာ ျဖစ္တဲ့အေၾကာင္း၊ ေစတနာေရွ႕ထား တိုက္တြန္းႏွိုးေဆာ္လိုက္ရပါတယ္။

နန္းထက္ထက္ခ်စ္(ABM)

အရွက်၊ အခေါက်၊ အပွင့်၊ အသီး၊ အမြစ် အားလုံး ဆေးဖက်ဝင်တဲ့ မြန်မာ့ရဲယိုပင်အကြောင်းကို ကျွန်မတို့ စိုက်ပျိုးရေးလောကသား တော်တော်များများလည်း သိပြီးသား ဖြစ်လောက်မှာပါ။ အရင့်အရင်တုန်းကတည်းက မြန်မာလူမျိုးတို့ရဲ့ အိမ်ခြံဝန်းတွေမှာ ရဲယိုပင်တစ်ပင်တလေတော့ တွေ့နေကြ။ လူကြီးမိဘတွေက ရဲယိုသီးမီးဖုတ်၊ ရဲယိုရွက်ပြုတ်တွေကို ငပိရည်နဲ့တို့စရာအဖြစ် စားသုံးတာကို တွေ့ဖူးသလို၊ အိမ်မှာ ငါးဖယ်ခြစ်လေးကို ရဲယိုရွက်လေးတွေနဲ့ထုပ်ပြီး ဆီပြန်ဟင်း ချက်စားတာမျိုး၊ ရဲယိုရွက်နဲ့ ငါးခူစဉ်းကောလေးနဲ့ နံနံပင်လေးအုပ်၊ အိုးကပ်ချက်စားတာမျိုးကိုလည်း ကျွန်မတို့တတွေ စားဖူးနေကြ။ သို့သော် တကယ်တမ်း ကျန်းမာရေးအတွက် သေသေချာချာ နေ့စဉ်စားသုံးကြည့်ဖို့ကိုတော့၊ ကျွန်မကိုယ်တိုင်လည်း စိတ်မကူးမိခဲ့ပါဘူး။

တစ်နေ့ကတုန်းကပေါ့။ ရဲယိုပင်စိုက်ပျိုးတဲ့ တောင်သူတစ်ယောက်ကို အင်တာဗျူးဖို့ စီစဉ်ရင်း၊ သူ့ကို အင်တာမဗျူးခင်မှာ သူထုတ်လုပ်နေတဲ့ ရဲယိုထုတ်ကုန်တွေ အကြောင်းကို အရင်ဆုံး လေ့လာဖြစ်သွားခဲ့တယ်။ အဲ့ဒီနောက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရဲယိုပင်တစ်ပင်လုံးရဲ့ အစွမ်းတွေကို တစေ့တစောင်း တီးမိ၊ ခေါက်မိခဲ့ပါတော့တယ်။

ရဲယိုပင်ကို နိုနီ (Noni) လို့လည်း ခေါ်ကြပြီး၊ ရုက္ခဗေဒအမည် Morinda anhgustifolia Roxb လို့ ခေါ်တွင်ပါတယ်။ ရဲယိုပင်ကနေထွက်တဲ့ ရဲယိုထုတ်ကုန် (စားသောက်ကုန်) တွေကို စားသုံးပေးမယ်ဆိုရင် ကာဗိုဟိုက်ထရိတ်၊ ကစီဓာတ်၊ သကြားဓာတ်၊ အသားဓာတ် (ပရိုတင်း) စတာတွေကို ရရှိနိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။

ရဲယိုရွက် – ခန္ဓာကိုယ်ထဲက ကျန်းမာစေတဲ့ ဆဲလ်တွေကို ပိုထုတ်ဖို့ အားပေးပြီးတော့၊ မကောင်းတဲ့ ဆဲလ်တွေကို လျော့နည်းအောင် လုပ်ဆောင်ပေးပါတယ်။ ရဲယိုရွက်ကို ဟင်းအဖြစ်ပဲ ချက်စား၊ တို့စားလို့ပဲ ရတာမဟုတ်ပါဘူး။ ဒဏ်ရာပေါ်မှာ အုံပေးတာမျိုး၊ အရွက်ကို ထောင်းထုပြီး ဆေးအဖြစ် သုံးပေးလို့ ရပါတယ်။ အရွက်ကို အခြောက်ခံပြီး အမှုန့်အဖြစ် သောက်သုံးပေးရင်လည်း ကိုယ်ခံစွမ်းအားတွေကို တိုးမြှင့်စေပါသေးတယ်နော်။ (တချို့ခံတွင်းတွေအတွက် ရဲယိုရွက်စားရင် အခါးဓာတ်နဲ့ အနည်း ငယ်ယားယံတာမျိုးကို ကြုံရင်လည်း၊ ရဲယိုရွက်တွေကို ဆားနဲ့နယ်ပြီး၊ ရေဆေးပေးလိုက်ရင် အဆင်ပြေသွားမှာပါ။)

ရဲယိုဖျော်ရည် – ဇီးသီး၊ သရက်သီး၊ နာနတ်သီးအမှည့်တွေကို ဖျော်ရည်အဖြစ် သောက်သုံးပေးသလိုပဲ၊ ရဲယိုသီးအမှည့်ကိုလည်း သကြားလေးနဲ့ ဖျော်ရည်အဖြစ်၊ သောက်သုံးပေးလို့ ရပါတယ်။ ရဲယိုသီးဖျော်ရည်ရဲ့အစွမ်းကတော့ ခန္ဓာကိုယ်မှာ အဓိကလိုအပ်တဲ့ ဟော်မုန်းဓာတ်ကို အားဖြည့်တာကြောင့်၊ အမောအပန်းခံနိုင်ကာ အားအင်ပြည့်ဖြိုးစေပါတယ်တဲ့။

ရဲယိုသီး – ရဲယိုသီး မမှည့်တမှည့်လေးကို မီးဖုတ်ပါ။ ဆားလေးနည်းနည်းလောက်ထည့်လို့ သွားတိုက်ဆေးအဖြစ် တိုက်ပေးမယ်ဆိုရင် သွားနဲ့သွားဖုံးတွေကို သန်စွမ်းစေပါတယ်။ ရဲယိုသီးကို ပျား ရည် (သို့မဟုတ်) ထန်းလျက်နဲ့ခေါက်စားပါက ချောင်းဆိုး၊ ပန်းနာရောဂါတွေကို ပျောက်ကင်းစေပါတယ်။

၁၉၉၃-ခုနှစ်က ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့မှာရှိတဲ့ တက္ကသိုလ်တစ်ခုကနေ ရဲယိုသီးမှာ ပါဝင်တဲ့ ဆေးဖက်ဝင်ဓာတ်တွေဟာ သွေးတိုး ရောဂါနဲ့ နာကျင်ရောင်ရမ်းမှုတွေကို လျော့ကျစေတာ၊ မှိုရောဂါနဲ့ ရောဂါပိုးမွှားတွေကို သေစေနိုင်တာ၊ အဖုအကြိတ်တွေကို သက်သာပျောက်ကင်းစေတာကို လေ့လာစမ်းသပ်မှုတွေမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရဲယိုသီးယို – ရဲယိုသီးအမှည့်တွေကို ကြိတ်စက်နဲ့ကြိတ်ပါ။ နောက်ထပ် ပါဝင်ပစ္စည်းတွေအနေနဲ့ ထန်းလျက်၊ ဆား နည်းနည်းစီ ထည့်ပါ။ အပူပေး အခြောက်ခံပါ။ ပျားရည် (သို့မဟုတ်) ထန်းလျက် နဲ့ တို့စားလို့ရပါပြီ။ နောက်တစ်နည်းကတော့ ရဲယိုသီးအမှည့်တွေကို ကြိတ်စက်နဲ့ကြိတ်ပြီး၊ ထန်းလျက်နဲ့ (မိမိနှစ်သက်ရာ အချိုဓာတ် အတိုင်း) တစ်ခါတည်းရောနှောပါ။ အပူပေးလို့ ယိုထိုးပြီး၊ သွားရေစာ (အိမ်သုံးဆေးဝါးဓာတ်စာ) အဖြစ်လည်း စားသုံးလို့ ရပါပြီ။ ရဲယိုသီးယိုကို စားသုံးပေးမယ်ဆိုရင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတာ၊ စိတ်နှလုံးရွှင်လန်းစေတဲ့ အကျိုးတွေကို ရစေမှာပါတဲ့ရှင့်။

အဲ့ဒီတော့ – အနောက်တိုင်းက တင်သွင်းလာတဲ့ဆေးဝါးတွေကို အားကိုးနေမယ့်အစား၊ ကိုယ့်ခြံထဲက ထွက်ရှိတဲ့ ရဲယိုတစ်ပင်လုံးကို အရိုးရော၊ အရွက်ပါမကျန် နည်းမျိုးစုံ ပြုလုပ်စားသောက်လိုက်မယ် ဆိုရင် (ရဲယိုဓာတ်စာရည်၊ ရဲယိုပေါင်းရည်၊ ရဲယိုသီးယို စတဲ့စား သောက်ကုန်တွေကို စားသုံးပေးမယ်ဆိုရင်) ဈေးနှုန်းသက်သက်သာသာနဲ့ ကျန်းမာရေးစောင့်ရှောက်ရာ ရောက်စေမှာ ဖြစ်တဲ့အကြောင်း၊ စေတနာရှေ့ထား တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

နန်းထက်ထက်ချစ်(ABM)

 

Leaves, bark, Flower Fruit, The root is a medicinal species of morinda Burma, our agriculture around the world is pretty much known. According to the country, since the past our yard still see a species of morinda tree footage. Adult parents species of morinda baked, The species of morinda leaves boiled as a Spanish wine and food, At home, figured taking it like a bundle of small species of morinda leaves oily curry and eat there, What species of morinda leaves and catfish, the kids and others Jars and any they had ever eaten. But, in fact, but be sure to see the daily health I did not mind.

In Day. The cultivated species of morinda arrange an interview with a farmer, Before him ဗျူး manufacturing becomes learn about species of morinda product first. Just priceless power of all the species of morinda tree can glimpse it, Fold again.

The species of morinda Also called Nu (Noni) The botanical name called Morinda anhgustifolia Roxb. The species of morinda sunrise species of morinda If the product (food) consumption and harvesting virus Heights Carbohydrate, Sugar, Reactive protein (meat), etc. can receive medical practitioners said.

Species of morinda leaf out of the body, are encouraged to produce more healthy cells Helps reduce the bad cells. As a species of morinda curry leaves, Life is not easy. On the injury, such as hive BLOWING leaves ဆေးအဖြစ် me. Dried leaves consumed as a powder-priced but still can continue to enhance the immune profile. (Some species of morinda leaves bitter supplement for appetite and itching never walked a little salt, species of morinda leaves, wash them to be ok.)

 

Species of morinda-plum juice, mango, Ripe pineapple juice drink as it seemed, Species of morinda ripe fruit and a little juice, sugar To drink. The power of this new species of morinda juice main body to fill out the necessary hormonal, Full-fat diet.

Species of morinda species of morinda ripe fruit is not ripe just baked. Add a little salt if ဆေးအဖြစ် and gums stronger. The species of morinda honey (or fold) with palm and a cough, Asthma disease.

In 1993, Yokohama City University in Japan, including the species of morinda a medicinal substance with high blood pressure to reduce pain and inflammation from the disease has been caused, မှိုရောဂါ and can kill microbes, The lump tests recovered sufficiently enough study has found.

Species of morinda species of morinda ripe fruit grinding machine grinding. Additional materials include palm, Add a little salt. Heating drying. (Or honey) and palm and a few things to note. Alternatively, the ripe fruit of a species of morinda grinding machine, secretly Palm and mix (sugar) of your choice once. Knitted drop to heat, (Home) can now also use diet drugs. If you eat a species of morinda premature aging and prevent money Gladden the heart of a good opening.

The bye-West rather than to rely on imported drugs, Just ခြံထဲက launched, bones and even a species of morinda I’ll leave forms that eat the leaves (species of morinda syrup, all species of morinda syrup diet, eating a species of morinda consumer) would bring the price of cheap health care, a Ready to encourage me.

Love sharp Nang (ABM)

58 Shares

Add a Comment

Your email address will not be published. Required fields are marked *