ျမန္မာ့တပ္မေတာ္ စြမ္းေဆာင္ရည္က်ဆင္းေနၿပီလား?

ေမးခြန္းထုတ္ရေတာ့မည့္.. စြမ္းေဆာင္ရည္..

(၁)
စစ္ေရာင္ ေက်ာပိုးအိတ္ ႏြမ္းႏြမ္းက ေနာက္မွာတြဲက်ေနသည္။ ခါးမွာ စစ္အသုံးအေဆာင္တခ်ိဳ့၊ ႀကိဳးေခြတစ္ေခ်ာင္း၊ ေသနတ္ကို ထမ္း၍ စီတန္းေလၽွာက္ေနသည္။ ေရွ႕က စစ္သည္ေတြ ေက်ာပိုးထားတာေတြက ဝါးျဖင့္ယက္လုပ္သည့္ ျခင္းၾကားေတာင္းေတြ။ ျခင္းၾကားေတာင္းေတြထဲ ဘာေတြပါသလဲေတာ့မသိ။ ေရွ႕တန္းစစ္ေျမျပင္ေရာက္ ျမန္မာစစ္သားတို့၏ အသြင္အျပင္က အေတာ္ပင္ပန္းႏြမ္းေျခာက္ေနသည္။ မ်က္ႏွာမွာ ေၾကးနီရာင္ဝင္းၿပီး အဆီပ်ံေနသည္။ ေမးရိုးႀကီးေတြ ျမင္ေနရသည္။ ေနဒဏ္ မိုးဒဏ္ ရာသီဥတုဒဏ္ကို အံတု၍ စစ္ေျမျပင္မွာအခ်ိန္အၾကာႀကီးေနရေသာ ျမန္မာစစ္သည္တစ္ဦး၏ အသြင္သ႑ာန္က ႏြမ္းႏြမ္းဖတ္ဖတ္။


အေမရိကန္ မရင္းတပ္ေတြ စစ္ထြက္လၽွင္ သူတို့တစ္ကိုယ္လုံး ေခတ္မီကရိယာတန္ဆာပလာေတြႏွင့္ ျပည့္ေနသည္။ ေခတ္မီလက္နက္ အျပည့္ကိုင္ထားသည္။ စစ္ဦးထုပ္ကအစ စစ္ဖိနပ္အဆုံးတစ္ကိုယ္လုံး စစ္သည္တစ္ေယာက္အတြက္လိုအပ္ေသာ ကရိယာမ်ိဳးစုံ ဝတ္ဆင္ထားသည္။ လူေတာင္ မျမင္ရ။ စစ္႐ုပ္ႀကီးလား ေအာက္ေမ့ရသည္။ ေတာင့္တင္းသန္မာေသာ ခႏၵာကိုယ္။ ေလ့က်င့္သားျပည့္ဝေနေသာ လွုပ္ရွားမွု။ ျခင္းၾကားေတာင္း ေက်ာပိုး၍ စစ္ထြက္ေနေသာ ျမန္မာစစ္သားေတြ ႏွင့္ ႏွိုင္းယွဥ္ၾကည့္မိသည္။ စစ္ေရးစြမ္းေဆာင္ရည္ ေတာ့ မသိ။ ျပင္ပသ႑ာန္မွာေတာ့ အေတာ့္ကို ကြာျခားေနသည္။ ရခိုင္စစ္ေျမျပင္မွာပဲ ၾကည့္ၾကည့္၊ ကခ်င္စစ္ေျမျပင္မွာပဲ ၾကည့္ၾကည့္ ေရွ႕တန္းစစ္ေျမျပင္ေရာက္ ျမန္မာစစ္သည္တို့၏ သ႑ာန္ကို ထိုပုံစံအတိုင္း ျမင္ရသည္။

(၂)
နိုင္ငံ၏ အဓိက စစ္တကၠသိုလ္ႀကီး တည္ရွိရာ ျပင္ဦးလြင္ၿမိဳ့အထိ လက္နက္ကိုင္အၾကမ္းဖက္အဖြဲ႕ေတြ ဝင္ေရာက္ၿပီး ပစ္ခတ္ မီးရွို့မွုေတြ လုပ္သြားသည္။ စစ္အင္ဂ်င္နီယာတကၠသိုလ္ကို ေလာင္ခ်ာျဖင့္ ထုသည္။ ၿမိဳ့ဝင္ ၿမိဳ့ထြက္ တိုးလ္ဂိတ္ကို ဝင္ပစ္သည္။ အၾကမ္းဖက္အဖြဲ႕သည္ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ေနရာငါးခုကို ဝင္ေရာက္စီးနင္းသည္။ မႏၲေလး-မူဆယ္ အဓိက ကုန္သြယ္လမ္းေၾကာင္းေပၚက ဂုတ္တြင္းတံတားကို မိုင္းခြဲတိုက္ခိုက္သည္။ ရဲကင္းစခန္းကို ဝင္ေရာက္စီးနင္းသည္။ တိုးလ္ဂိတ္အေစာင့္ကို ပစ္သတ္ မီးရွို့သည္။ ၾသဂုတ္လ(၁၅)ရက္၊ အ႐ုဏ္ဦး အလစ္အငိုက္ဝင္ေရာက္တိုက္ခိုက္မွုမွာ စစ္သည္အရာရွိ (၉)ဦး၊ ရဲတပ္ဖြဲ႕ဝင္ (၃)ဦး၊ အရပ္သား (၃)ဦး ေသဆုံးသည္။ လာေရာက္ တိုက္ခိုက္သည့္အဖြဲ႕မွာ TNLA, AA, MNDAA လက္နက္ကိုင္သုံးဖြဲ႕ ပူးေပါင္းထားေသာအဖြဲ႕ျဖစ္ၿပီး အင္အား ၂၀၀ ႏွင့္ ၃၀၀ ၾကားဟု ခန္႔မွန္းသည္။


ဤမၽွ အင္အားမ်ားျပားေသာ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ျပင္ဦးလြင္ကဲ့သို့ စစ္နယ္ေျမအတြင္းထိ ဝင္ေရာက္တိုက္ခိုက္လာျခင္းက အစိုးရစစ္တပ္ကို နားရြက္တံေတြးဆြတ္ စိန္ေခၚလိုက္ျခင္းျဖစ္သည္။ ၾကားရသူအားလုံး အထိတ္တလန္႔ျဖစ္သြားသည္။ သည္လို ေနရာမ်ိဳးအထိ ရန္သူက ဝင္လာနိုင္ျခင္းမွာ လက္ရွိ စစ္တပ္၏ အေျခအေနကို ျပသေနသည္။ လုံျခဳံေရးေတြ ဘယ္ေလာက္အထိ က်ိဳးေပါက္ေနၿပီလဲ။ ဒါကို စစ္ေရးနားလည္သူတခ်ိဳ့က ေထာက္လွမ္းေရးစနစ္ က်ဆုံးျခင္း ( Intelligence Failure ) ဟု သုံးသပ္သည္။ ရန္သူက အတြင္းပိုင္းအထိ ထိုးေဖာက္ တိုက္ခိုက္မွုေတြ လုပ္ေနတာ ယခုမွ မဟုတ္။ ၾကာၿပီ။
ရခိုင္ျပည္နယ္မွာ ၿပီးခဲ့သည့္ ၂၀၁၇၊ ၾသဂုတ္လ ရဲကင္းစခန္း ၃၀ အား တစ္ၿပိဳင္နက္တည္း ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္ျဖစ္စဥ္မ်ား။ ၿပီးခဲ့သည့္ ဇန္နဝါရီလ (၄)ရက္၊ ေအေအ လက္နက္ကိုင္အဖြဲ႕က ဘူးသီးေတာင္ ႏွင့္ ေမာင္ေတာၿမိဳ့နယ္အတြင္း ရဲစခန္းေလးခုအား တစ္ၿပိဳင္နက္တည္းဝင္ေရာက္စီးနင္းတိုက္ခိုက္ျခင္း၊ ထိုျဖစ္စဥ္တြင္ ရဲတပ္ဖြဲ႕ဝင္ (၁၃)ဦးေသဆုံးၿပီး (၉)ဦးဒဏ္ရာရခဲ့ကာ လက္နက္ခဲယမ္းမ်ားယူေဆာင္သြားျခင္း၊ သုံ႔ပန္းအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားျခင္းမ်ား ရွိခဲ့သည္။ ရခိုင္ျပည္နယ္၌ ရဲကင္းစခန္းမ်ား ယခုကဲ့သို့ အ႐ုဏ္ဦးတိုက္ခိုက္ခိုက္ခံရမွု တစ္ႀကိမ္မက ရွိခဲ့ၿပီျဖစ္ေသာ္လည္း စစ္တပ္သည္ ႀကိဳတင္ကာကြယ္ေရး၊ ေထာက္လွမ္းေရးမျပဳလုပ္နိုင္ခဲ့။
၂၀၁၇ ခုႏွစ္၊ ဘဂၤါလီ အာဆာအၾကမ္းဖက္တိုက္ခိုက္မွုျဖစ္စဥ္တုန္းကလည္း နယ္ျခားေစာင့္ ရဲတပ္ရင္း ေတြ စီးနင္းခံရသည္။ ရဲတပ္သားေတြ အသက္ဆုံးရွုံးရသည္။ ထိုစဥ္က ၾကားသိရေသာ အခ်က္တစ္ခ်က္မွာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ား လက္နက္အင္အားမျပည့္စုံ။ မီးက်ိဳးေမာင္းပ်က္လက္နက္ေတြသာ တပ္ဆင္ထားသျဖင့္ အေရးမလွခဲ့ရဟု ဆိုသည္။ ဘူးသီးေတာင္ ႏွင့္ ေမာင္ေတာၿမိဳ့နယ္ရွိ ရဲစခန္းမ်ားကို ေအေအက တစ္ၿပိဳင္နက္တည္း တိုက္ခိုက္ခဲ့ရာတြင္လည္း ရဲစခန္းေတြက်ခဲ့သည္။ အသက္ေတြ ဆုံးရွုံးခဲ့သည္။ ထိုအေျခအေနမ်မုးတြင္ စစ္ဘက္က တုံ႔ျပန္တတ္သည္ကား ရဟတ္ယာဥ္အသုံးျပဳ တိုက္ခိုက္ျခင္းျဖစ္သည္။
ယခုအေျခအေနတြင္ ျမန္မာ့တပ္မေတာ္၏ စြမ္းေဆာင္ရည္ႏွင့္ပတ္သက္၍ ေမးခြန္းထုတ္စရာေတြ မ်ားစြာ ရွိလာသည္။ လက္နက္ကိုင္ ရန္သူအဖြဲ႕အစည္းမ်ားသည္ ျမန္မာ့တပ္မေတာ္ကို မမွုေတာ့သည့္အလား ျဖစ္လာသည္။ တပ္မေတာ္သည္ အေပၚယံအင္အားတိုးခ်ဲ႕မွုအျဖစ္ တိုက္ေလယာဥ္ေတြ၊ရဟတ္ယာဥ္ေတြ၊ တင့္ကားေတြ၊ ေရငုပ္သေဘၤာေတြ နိုင္ငံဘ႑ာ အႀကီးအက်ယ္သုံးၿပီး ဝယ္ယူအားျဖည့္ေနေသာ္လည္း ေအာက္ေျခတပ္ဖြဲ႕အရင္းအျမစ္မွာ ယိုင္နဲ႔ေနသည္။ ျမန္မာ့တပ္မေတာ္၏ အင္အားစုေဆာင္းပုံမွာ ဆႏၵအေလ်ာက္ တာဝန္ထမ္းျခင္း ျဖစ္သည္။ တပ္သားသစ္ စုေဆာင္းရရွိမွုအခက္အခဲရွိသလို ေထာင္ႏွင့္ခ်ီေသာ အရာရွိေလာင္းမ်ားကို စစ္တကၠသိုလ္မ်ားက ႏွစ္စဥ္ေမြးထုတ္သည္။
တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ားႏွင့္ တပ္မေတာ္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ေနခဲ့သည္မွာ ဆယ္စုႏွစ္ေတြ ခ်ီလာခဲ့ၿပီ။ ယခုခ်ိန္ထိ မၿပီးဆုံးေသး။ စစ္တို့၏ သေဘာမွာ အရွုံးအနိုင္ ရွိသည္။ တစ္ဖက္က နိုင္လၽွင္ တစ္ဖက္က ရွုံးမည္။ အေျဖတစ္ခု ရွိသည္။ ယခုေတာ့ ၿငိမ္းခ်မ္းေရးက တန္းလန္း။ စစ္ပြဲေတြက တန္းလန္း။

(၃)
သီရိလကၤာနိုင္ငံမွာ ၁၉၈၃ ခုႏွစ္ကတည္းက ျပည္နယ္ခြဲထြက္ေရး တမီလ္တိုက္ဂါးေတြ အစိုးရကို ေတာ္လွန္ခဲ့သည္။ တမီလ္က်ားေတြက အင္အားႀကီးမားသလို သီရိလကၤာအစိုးရကိုပင္ ေကာင္းစြာ စိန္ေခၚတိုက္ခိုက္နိုင္သည္။ သီရီလကၤာ ေျမာက္ပိုင္း ႏွင့္ အေရွ႕ပိုင္း တမီလ္က်ားမ်ား ထိန္းခ်ဳပ္ထားသည့္ နယ္ေျမကို အစိုးရက လက္လႊတ္ထားရသည္။ တမီလ္က်ားေတြက အဖ်က္အေမွာက္မ်ိဳးစုံ ျပဳလုပ္သည္။ အၾကမ္းဖက္တိုက္ခိုက္မွု၊ ဗုံးခြဲမွု မ်ိဳးစုံျပဳလုပ္သည္။ သီရိလကၤာစစ္တပ္ႏွင့္ တမီလ္က်ားတို့၏ စစ္ပြဲက ၂၀၀၉ ခုႏွစ္က်မွ ၿပီးဆုံးသြားသည္။ ၂၆ ႏွစ္ၾကာ သီရိလကၤာျပည္တြင္းစစ္မွာ အျပစ္မဲ့ ျပည္သူ ၈၀၀၀၀ မွ ၁၀၀,၀၀၀ ၾကားအသက္ဆုံးရွုံးရသည္ဟု ကုလသမဂၢ အစီရင္ခံစာအရ သိရသည္။ ျမန္မာျပည္က ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြလိုပဲ သီရိလကာအၤစိုးရ ႏွင့္ တမီလ္တိုက္ဂါးတို့အၾကား ၿငိမ္းခ်မ္းေရးကို ေနာ္ေဝအပါအဝင္ ကုလသမဂၢ၊ နိုင္ငံတကာအဖြဲ႕အစည္းေတြ ၾကားဝင္ေစ့စပ္ၿပီး ေလးႀကိမ္တိတိ အဓိက ၿငိမ္းခ်မ္းေရးသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည္။

အပစ္အခတ္ရပ္စဲခဲ့သည္။ သို့ေသာ္ ၿငိမ္းခ်မ္းေရးသည္ တာရွည္ မခံ။ ထပ္မံ က်ိဳးေပါက္သည္။ တိုက္ပြဲေတြ ျပန္ျဖစ္သည္။ ၂၆ ႏွစ္ သီရိလကၤာျပည္တြင္းစစ္ကာလအတြင္း အဓိကၿငိမ္းခ်မ္းေရးစာခ်ဳပ္မ်ားအျပင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမွု အႀကိမ္ ၁၀၀၀၀ ျပဳလုပ္ခဲ့ေသာ္လည္း ေအာင္ျမင္မွု မရခဲ့။ ေနာက္ဆုံး ၂၀၀၆ ခုႏွစ္က်ေတာ့ သီရိလကၤာအစိုးရက တမီလ္က်ားနယ္ေျမေတြကို အင္အားသုံး ထိုးေဖာက္ သိမ္းပိုက္ခဲ့သည္။ ၂၀၀၉ ခုႏွစ္က်ေတာ့ တမီလ္က်ားနယ္ေျမအားလုံးကိုကို သိမ္းပိုက္ၿပီးေတာ္လွန္ေရး အျမစ္ျပတ္သြားသည္။ ေနာက္ဆုံးတြင္ စစ္ေရးနည္းကို အသုံးခ် ဇာတ္သိမ္းလိုက္ျခင္းျဖစ္သည္။ စစ္ႀကီးၿပီးဆုံးသြားေသာ္လည္း သီရိလကၤာ စစ္တပ္၏ လူ႔အခြင့္အေရးခ်ိဳးေဖာက္မွုေတြကိုေတာ့ ယခုခ်ိန္ထိေျပာေန ေရးေနၾကတုန္းပင္။

(၅)
ျမန္မာျပည္အေျခအေနက တိုင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြ စုံလင္သည္။ လက္နက္အင္အား၊ လူအင္အားလည္း မ်ားျပားသည္။ ထို့ေၾကာင့္ ၿငိမ္းခ်မ္းေရးစားပြဲဝိုင္းမွ တစ္ဆင့္သာ ျပႆနာေတြကို ေျဖရွင္းနိုင္မည္။ စစ္ေရးနည္းက အားလုံးအတြက္ အထိအခိုက္ အဆုံးအရွုံးႀကီးမားနိုင္သည္။ တိုင္းျပည္အတြက္ အႏၲရာယ္ႀကီးမားသည္။ ယခုပဲၾကည့္။ ေျမာက္ပိုင္း လက္နက္ကိုင္ သုံးဖြဲ႕၏ တိုက္ခိုက္မွုက ေနာက္ဆက္တြဲ တိုက္ပြဲေတြ။ လမ္းပန္းဆက္သြယ္ေရးအေျခခံအေဆာက္အဦးေတြ ပ်က္စီး။ အျပစ္မဲ့ျပည္သူမ်ား အသက္ဆုံးရွုံး။ ေနရပ္အိုးအိမ္မ်ားကို စြန္ခြါထြက္ေျပး ဆိုသည့္ ဒုကၡသံသရာထဲ ေရာက္လာေတာ့မည္။ ကမၻာတြင္ အရွည္ၾကာဆုံး ျမန္မာ့ ျပည္တြင္းစစ္က အျခားနိုင္ငံမ်ားႏွင့္မတူသလို တပ္ေမေတာ္ကလည္း အျခားတပ္မေတာ္မ်ားႏွင့္မတူ။ ဤ ထူးျခားမွုကသည္ပင္ ျမန္မာ့ျပည္တြင္းစစ္ သက္ဆိုးရွည္ေနရသေလာ။ မေျပာတတ္ေတာ့ပါ။

ခ်စ္ဝင္းေမာင္
၁၇-၈-၂၀၁၉

 

မေးခွန်းထုတ်ရတော့မည့်.. စွမ်းဆောင်ရည်..

(၁)
စစ်ရောင် ကျောပိုးအိတ် နွမ်းနွမ်းက နောက်မှာတွဲကျနေသည်။ ခါးမှာ စစ်အသုံးအဆောင်တချို့၊ ကြိုးခွေတစ်ချောင်း၊ သေနတ်ကို ထမ်း၍ စီတန်းလျှောက်နေသည်။ ရှေ့က စစ်သည်တွေ ကျောပိုးထားတာတွေက ဝါးဖြင့်ယက်လုပ်သည့် ခြင်းကြားတောင်းတွေ။ ခြင်းကြားတောင်းတွေထဲ ဘာတွေပါသလဲတော့မသိ။ ရှေ့တန်းစစ်မြေပြင်ရောက် မြန်မာစစ်သားတို့၏ အသွင်အပြင်က အတော်ပင်ပန်းနွမ်းခြောက်နေသည်။ မျက်နှာမှာ ကြေးနီရာင်ဝင်းပြီး အဆီပျံနေသည်။ မေးရိုးကြီးတွေ မြင်နေရသည်။ နေဒဏ် မိုးဒဏ် ရာသီဥတုဒဏ်ကို အံတု၍ စစ်မြေပြင်မှာအချိန်အကြာကြီးနေရသော မြန်မာစစ်သည်တစ်ဦး၏ အသွင်သဏ္ဍာန်က နွမ်းနွမ်းဖတ်ဖတ်။


အမေရိကန် မရင်းတပ်တွေ စစ်ထွက်လျှင် သူတို့တစ်ကိုယ်လုံး ခေတ်မီကရိယာတန်ဆာပလာတွေနှင့် ပြည့်နေသည်။ ခေတ်မီလက်နက် အပြည့်ကိုင်ထားသည်။ စစ်ဦးထုပ်ကအစ စစ်ဖိနပ်အဆုံးတစ်ကိုယ်လုံး စစ်သည်တစ်ယောက်အတွက်လိုအပ်သော ကရိယာမျိုးစုံ ဝတ်ဆင်ထားသည်။ လူတောင် မမြင်ရ။ စစ်ရုပ်ကြီးလား အောက်မေ့ရသည်။ တောင့်တင်းသန်မာသော ခန္ဒာကိုယ်။ လေ့ကျင့်သားပြည့်ဝနေသော လှုပ်ရှားမှု။ ခြင်းကြားတောင်း ကျောပိုး၍ စစ်ထွက်နေသော မြန်မာစစ်သားတွေ နှင့် နှိုင်းယှဉ်ကြည့်မိသည်။ စစ်ရေးစွမ်းဆောင်ရည် တော့ မသိ။ ပြင်ပသဏ္ဍာန်မှာတော့ အတော့်ကို ကွာခြားနေသည်။ ရခိုင်စစ်မြေပြင်မှာပဲ ကြည့်ကြည့်၊ ကချင်စစ်မြေပြင်မှာပဲ ကြည့်ကြည့် ရှေ့တန်းစစ်မြေပြင်ရောက် မြန်မာစစ်သည်တို့၏ သဏ္ဍာန်ကို ထိုပုံစံအတိုင်း မြင်ရသည်။

(၂)
နိုင်ငံ၏ အဓိက စစ်တက္ကသိုလ်ကြီး တည်ရှိရာ ပြင်ဦးလွင်မြို့အထိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်ပြီး ပစ်ခတ် မီးရှို့မှုတွေ လုပ်သွားသည်။ စစ်အင်ဂျင်နီယာတက္ကသိုလ်ကို လောင်ချာဖြင့် ထုသည်။ မြို့ဝင် မြို့ထွက် တိုးလ်ဂိတ်ကို ဝင်ပစ်သည်။ အကြမ်းဖက်အဖွဲ့သည် တစ်ချိန်တည်း တစ်ပြိုင်တည်း နေရာငါးခုကို ဝင်ရောက်စီးနင်းသည်။ မန္တလေး-မူဆယ် အဓိက ကုန်သွယ်လမ်းကြောင်းပေါ်က ဂုတ်တွင်းတံတားကို မိုင်းခွဲတိုက်ခိုက်သည်။ ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းသည်။ တိုးလ်ဂိတ်အစောင့်ကို ပစ်သတ် မီးရှို့သည်။ သြဂုတ်လ(၁၅)ရက်၊ အရုဏ်ဦး အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်သည်အရာရှိ (၉)ဦး၊ ရဲတပ်ဖွဲ့ဝင် (၃)ဦး၊ အရပ်သား (၃)ဦး သေဆုံးသည်။ လာရောက် တိုက်ခိုက်သည့်အဖွဲ့မှာ TNLA, AA, MNDAA လက်နက်ကိုင်သုံးဖွဲ့ ပူးပေါင်းထားသောအဖွဲ့ဖြစ်ပြီး အင်အား ၂၀၀ နှင့် ၃၀၀ ကြားဟု ခန့်မှန်းသည်။
ဤမျှ အင်အားများပြားသော လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြင်ဦးလွင်ကဲ့သို့ စစ်နယ်မြေအတွင်းထိ ဝင်ရောက်တိုက်ခိုက်လာခြင်းက အစိုးရစစ်တပ်ကို နားရွက်တံတွေးဆွတ် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ကြားရသူအားလုံး အထိတ်တလန့်ဖြစ်သွားသည်။ သည်လို နေရာမျိုးအထိ ရန်သူက ဝင်လာနိုင်ခြင်းမှာ လက်ရှိ စစ်တပ်၏ အခြေအနေကို ပြသနေသည်။ လုံခြုံရေးတွေ ဘယ်လောက်အထိ ကျိုးပေါက်နေပြီလဲ။ ဒါကို စစ်ရေးနားလည်သူတချို့က ထောက်လှမ်းရေးစနစ် ကျဆုံးခြင်း ( Intelligence Failure ) ဟု သုံးသပ်သည်။ ရန်သူက အတွင်းပိုင်းအထိ ထိုးဖောက် တိုက်ခိုက်မှုတွေ လုပ်နေတာ ယခုမှ မဟုတ်။ ကြာပြီ။

 


ရခိုင်ပြည်နယ်မှာ ပြီးခဲ့သည့် ၂၀၁၇၊ သြဂုတ်လ ရဲကင်းစခန်း ၃၀ အား တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များ။ ပြီးခဲ့သည့် ဇန်နဝါရီလ (၄)ရက်၊ အေအေ လက်နက်ကိုင်အဖွဲ့က ဘူးသီးတောင် နှင့် မောင်တောမြို့နယ်အတွင်း ရဲစခန်းလေးခုအား တစ်ပြိုင်နက်တည်းဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း၊ ထိုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် (၁၃)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းများယူဆောင်သွားခြင်း၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ ရှိခဲ့သည်။ ရခိုင်ပြည်နယ်၌ ရဲကင်းစခန်းများ ယခုကဲ့သို့ အရုဏ်ဦးတိုက်ခိုက်ခိုက်ခံရမှု တစ်ကြိမ်မက ရှိခဲ့ပြီဖြစ်သော်လည်း စစ်တပ်သည် ကြိုတင်ကာကွယ်ရေး၊ ထောက်လှမ်းရေးမပြုလုပ်နိုင်ခဲ့။
၂၀၁၇ ခုနှစ်၊ ဘင်္ဂါလီ အာဆာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တုန်းကလည်း နယ်ခြားစောင့် ရဲတပ်ရင်း တွေ စီးနင်းခံရသည်။ ရဲတပ်သားတွေ အသက်ဆုံးရှုံးရသည်။ ထိုစဉ်က ကြားသိရသော အချက်တစ်ချက်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ လက်နက်အင်အားမပြည့်စုံ။ မီးကျိုးမောင်းပျက်လက်နက်တွေသာ တပ်ဆင်ထားသဖြင့် အရေးမလှခဲ့ရဟု ဆိုသည်။ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်ရှိ ရဲစခန်းများကို အေအေက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရာတွင်လည်း ရဲစခန်းတွေကျခဲ့သည်။ အသက်တွေ ဆုံးရှုံးခဲ့သည်။ ထိုအခြေအနေမျမုးတွင် စစ်ဘက်က တုံ့ပြန်တတ်သည်ကား ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခြင်းဖြစ်သည်။
ယခုအခြေအနေတွင် မြန်မာ့တပ်မတော်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာတွေ များစွာ ရှိလာသည်။ လက်နက်ကိုင် ရန်သူအဖွဲ့အစည်းများသည် မြန်မာ့တပ်မတော်ကို မမှုတော့သည့်အလား ဖြစ်လာသည်။ တပ်မတော်သည် အပေါ်ယံအင်အားတိုးချဲ့မှုအဖြစ် တိုက်လေယာဉ်တွေ၊ရဟတ်ယာဉ်တွေ၊ တင့်ကားတွေ၊ ရေငုပ်သငေ်္ဘာတွေ နိုင်ငံဘဏ္ဍာ အကြီးအကျယ်သုံးပြီး ဝယ်ယူအားဖြည့်နေသော်လည်း အောက်ခြေတပ်ဖွဲ့အရင်းအမြစ်မှာ ယိုင်နဲ့နေသည်။ မြန်မာ့တပ်မတော်၏ အင်အားစုဆောင်းပုံမှာ ဆန္ဒအလျောက် တာဝန်ထမ်းခြင်း ဖြစ်သည်။ တပ်သားသစ် စုဆောင်းရရှိမှုအခက်အခဲရှိသလို ထောင်နှင့်ချီသော အရာရှိလောင်းများကို စစ်တက္ကသိုလ်များက နှစ်စဉ်မွေးထုတ်သည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော် ထိတွေ့တိုက်ပွဲများ ဖြစ်နေခဲ့သည်မှာ ဆယ်စုနှစ်တွေ ချီလာခဲ့ပြီ။ ယခုချိန်ထိ မပြီးဆုံးသေး။ စစ်တို့၏ သဘောမှာ အရှုံးအနိုင် ရှိသည်။ တစ်ဖက်က နိုင်လျှင် တစ်ဖက်က ရှုံးမည်။ အဖြေတစ်ခု ရှိသည်။ ယခုတော့ ငြိမ်းချမ်းရေးက တန်းလန်း။ စစ်ပွဲတွေက တန်းလန်း။

(၃)
သီရိလင်္ကာနိုင်ငံမှာ ၁၉၈၃ ခုနှစ်ကတည်းက ပြည်နယ်ခွဲထွက်ရေး တမီလ်တိုက်ဂါးတွေ အစိုးရကို တော်လှန်ခဲ့သည်။ တမီလ်ကျားတွေက အင်အားကြီးမားသလို သီရိလင်္ကာအစိုးရကိုပင် ကောင်းစွာ စိန်ခေါ်တိုက်ခိုက်နိုင်သည်။ သီရီလင်္ကာ မြောက်ပိုင်း နှင့် အရှေ့ပိုင်း တမီလ်ကျားများ ထိန်းချုပ်ထားသည့် နယ်မြေကို အစိုးရက လက်လွှတ်ထားရသည်။ တမီလ်ကျားတွေက အဖျက်အမှောက်မျိုးစုံ ပြုလုပ်သည်။ အကြမ်းဖက်တိုက်ခိုက်မှု၊ ဗုံးခွဲမှု မျိုးစုံပြုလုပ်သည်။ သီရိလင်္ကာစစ်တပ်နှင့် တမီလ်ကျားတို့၏ စစ်ပွဲက ၂၀၀၉ ခုနှစ်ကျမှ ပြီးဆုံးသွားသည်။ ၂၆ နှစ်ကြာ သီရိလင်္ကာပြည်တွင်းစစ်မှာ အပြစ်မဲ့ ပြည်သူ ၈၀၀၀၀ မှ ၁၀၀,၀၀၀ ကြားအသက်ဆုံးရှုံးရသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာအရ သိရသည်။ မြန်မာပြည်က ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလိုပဲ သီရိလကာင်္အစိုးရ နှင့် တမီလ်တိုက်ဂါးတို့အကြား ငြိမ်းချမ်းရေးကို နော်ဝေအပါအဝင် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ကြားဝင်စေ့စပ်ပြီး လေးကြိမ်တိတိ အဓိက ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ အပစ်အခတ်ရပ်စဲခဲ့သည်။ သို့သော် ငြိမ်းချမ်းရေးသည် တာရှည် မခံ။ ထပ်မံ ကျိုးပေါက်သည်။ တိုက်ပွဲတွေ ပြန်ဖြစ်သည်။

၂၆ နှစ် သီရိလင်္ကာပြည်တွင်းစစ်ကာလအတွင်း အဓိကငြိမ်းချမ်းရေးစာချုပ်များအပြင် ငြိမ်းချမ်းရေးဆွေးနွေးမှု အကြိမ် ၁၀၀၀၀ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့။ နောက်ဆုံး ၂၀၀၆ ခုနှစ်ကျတော့ သီရိလင်္ကာအစိုးရက တမီလ်ကျားနယ်မြေတွေကို အင်အားသုံး ထိုးဖောက် သိမ်းပိုက်ခဲ့သည်။ ၂၀၀၉ ခုနှစ်ကျတော့ တမီလ်ကျားနယ်မြေအားလုံးကိုကို သိမ်းပိုက်ပြီးတော်လှန်ရေး အမြစ်ပြတ်သွားသည်။ နောက်ဆုံးတွင် စစ်ရေးနည်းကို အသုံးချ ဇာတ်သိမ်းလိုက်ခြင်းဖြစ်သည်။ စစ်ကြီးပြီးဆုံးသွားသော်လည်း သီရိလင်္ကာ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတော့ ယခုချိန်ထိပြောနေ ရေးနေကြတုန်းပင်။

(၅)
မြန်မာပြည်အခြေအနေက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ စုံလင်သည်။ လက်နက်အင်အား၊ လူအင်အားလည်း များပြားသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းမှ တစ်ဆင့်သာ ပြဿနာတွေကို ဖြေရှင်းနိုင်မည်။ စစ်ရေးနည်းက အားလုံးအတွက် အထိအခိုက် အဆုံးအရှုံးကြီးမားနိုင်သည်။ တိုင်းပြည်အတွက် အန္တရာယ်ကြီးမားသည်။ ယခုပဲကြည့်။ မြောက်ပိုင်း လက်နက်ကိုင် သုံးဖွဲ့၏ တိုက်ခိုက်မှုက နောက်ဆက်တွဲ တိုက်ပွဲတွေ။ လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အဦးတွေ ပျက်စီး။ အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံး။ နေရပ်အိုးအိမ်များကို စွန်ခွါထွက်ပြေး ဆိုသည့် ဒုက္ခသံသရာထဲ ရောက်လာတော့မည်။ ကမ္ဘာတွင် အရှည်ကြာဆုံး မြန်မာ့ ပြည်တွင်းစစ်က အခြားနိုင်ငံများနှင့်မတူသလို တပ်မေတော်ကလည်း အခြားတပ်မတော်များနှင့်မတူ။ ဤ ထူးခြားမှုကသည်ပင် မြန်မာ့ပြည်တွင်းစစ် သက်ဆိုးရှည်နေရသလော။ မပြောတတ်တော့ပါ။

ချစ်ဝင်းမောင်
၁၇-၈-၂၀၁၉

 

 

I asked to talk performance ..

(1)
After fading color fading backpack series. Some of the military equipment at the waist, Models, Lined carrying the gun.. The broad back of soldiers in front of bamboo weaving. What I do not know. To the front lines, the appearance of Burma is relatively dry fading flowers. Face, flying off the court copper colors. Meet and see the big jaws. Weathering weather affected the battlefield defiance. မြန်မာစစ်သည် extinct a long time, the structure of a fading fading spent.


US troops and their whole body is full of modern equipment. Hold full of modern weapons. Hat, the boots, the whole body is a soldier wearing a variety of necessary equipment. Even people do not see. Remember the big picture. The strong rigid body. Full training activity. Out back. Myanmar soldiers and comparison. Knowledge of military capabilities. Outside is a very different form. Rakhine see the same battlefield, Look at the ground by Kachin frontline battlefield in the form of anything မြန်မာစစ်သည် seen in this style.

 

(2)
Until the city’s main Military Academy located in Pyin Oo Lwin armed terrorist groups fired log fire in the future. Engineering University launcher. The town’s station. The terrorist group raided five places at the same. Mandalay-Muse trading in August on the path, bridge or blast attack. The police raided the camp. Liverpool burn shoot the gate guards. (15) days of August, Sign အလစ်အငိုက် dawn attack soldiers (9), (3), police (3) civilians were killed. Attack group visit TNLA, AA, MNDAA armed groups have estimated that between 300 and 200.
A group of so many armed force entered as Pyin Oo Lwin area being attacked by the military challenge to pluck ears saliva. All who heard the panic occurred. The region would be able to arrive at the current military situation. How broken နေပြီလဲ security. Some understand this military intelligence system (Intelligence Failure) he observed the fall. Penetrate inside the enemy attacks are not doing now. Long time ago.
In 2017, Rakhine State August 30 police outpost attack processes simultaneously. Last January (4) Militia in Maungdaw, Buthidaung and four simultaneous attacks, the raid police station Killing police in the process (13) (9), brought arms into injured As a captive was abducted on. State police stations in the recent strike at dawn attack, and health care is far, the military once prevention Intelligence is not available.


2017, In the process of the terrorist attacks of Bengalis was riding a Border Guard police battalions. The police lost their lives. At the hearing, power factor, Border Guard police weapons incomplete. Mounted implements weapons was important, he said. Maungdaw, Buthidaung and police camps were also attacked police stations simultaneously. Lives were lost. These conditions tend to respond by injecting military attack helicopter.
Myanmar, in this case and there were many questions about performance. The armed groups, the military do not. The army is an expansion of the surface force fighter jets, helicopters, The tank, The submarine’s coffers fill the massive purchase using the source of grassroots forces despite being undermined. Collect the military with a powerful serve voluntarily in the picture. Thousands gather recruits having difficulty gaining the prospective officers for developing universities annually.
Ethnic armed groups and the military has come up for a decade and has been a series of clashes. Thus far, this is incomplete. The losses of war had passed. Will defeat the other side. You have an answer. Now peace is trailing. War is trailing.

(3)
Sri Lanka since 1983 has revolutionized the state government and separatist Tamil Tiger. Powerful as the Tamil Tigers, the Sri Lankan government can challenge the well. Sri Lanka’s northern and eastern areas controlled by the Tamil Tigers in the government’s position. The Tamil Tigers are a variety overturned it. Terrorists Made by multiple bombings. Sri Lankan army and the Tamil Tigers from the 2009 war ended. The 26-year civil war in Sri Lanka between 100,000 to 80,000 innocent people lost their lives, according to a UN report. Like most of the country’s internal processes Sri ကာင်္ between the government and Tamil Tiger peace to the United Nations, including in Norway International organizations brokered deal after exactly four major peace treaty was signed. A ceasefire was. However, peace is a long time. Further broken. Fighting back. During the 26-year civil war in Sri Lanka peace treaties, as well as 10,000 times, but successful peace negotiations. Finally, a government Tamil Tigers in Sri Lanka in 2006, was occupied penetrate Territory force. In 2009 occupied territories and the Tamil Tigers Revolution eradicated. Finally, using the military ending. After the war go away, the Sri Lankan military’s human rights abuses are still talking about still.

(5)
Perfect in Burma ethnic groups. Armed forces, The manpower increase. Therefore, to solve the problems through peace talks. The military is the only moment a huge loss. Dangerous for the country. Now look. The three armed ethnic armed attack in northern subsequent fights. Transportation infrastructure damage. Innocent people lost their lives. Location outskirts homes Lo will run the cycle of trouble arrived. The world’s longest civil war in Myanmar and other countries and different တပ်မေ differs from other Army. This uniqueness of its civil war in Burma. Longer speak.

Chit Maung
17-8-2019

 

336 Shares

Add a Comment

Your email address will not be published. Required fields are marked *