အမျိုးသမီး အသင်းကို အားပေကြပါစို့ 

မန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ကမ္ဘောဒီးယားအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်






 

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ကမ္ဘောဒီးယားအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်

၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲ အုပ်စု(ခ)ဒုတိယနေ့ကို ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာ အမျိုးသမီးအသင်း ဂိုးပြတ်နိုင်ပွဲရယူပြီး ဆီမီးဖိုင်နယ်တက်ရောက်သွားသည်။

မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် ကမ္ဘောဒီးယားအသင်းနှင့်တွေ့ဆုံခဲ့ပြီး ၁၀ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ကမ္ဘောဒီးယားအသင်းကို ဂိုးပြတ်အနိုင်ရခဲ့သောကြောင့် လက်ကျန် တစ်ပွဲအလိုတွင် ဗီယက်နမ်အသင်းနှင့်အတူ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲတွင် အရန်ကစားသမားများကို ထည့်သွင်းအသုံးပြုသည့်အပြင် ကမ္ဘောဒီးယား အသင်းက ခံစစ်ကိုစုပြုံပိတ်ဆို့ကစားခဲ့သောကြောင့် ဗီယက်နမ်အသင်းကို အသာရမည့်သွင်းဂိုးရရန် ရုန်းကန်ခဲ့ရသည်။

မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ခင်မာလာထွန်း၊ ရီရီဦး၊ ဝင်းသိင်္ဂီထွန်းတို့ကို အမာခံထားကာ ကစားသမားအများအပြား ပြောင်းလဲခဲ့သည်။ ထို့ကြောင့် ပထမပိုင်းတွင် ဂိုးရရန်ရုန်းကန်ခဲ့ရပြီး မိနစ် ၃၀ မှ ဂိုးစရခဲ့သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို မေသူကျော်က သွင်းယူခဲ့ပြီး တစ်မိနစ်အကြာတွင် ခင်မာလာထွန်းက ဒုတိယဂိုးထပ်သွင်းခဲ့သည်။

ယင်းနောက်ပိုင်းတွင် မြန်မာအသင်းကစားပုံ ပိုကောင်းလာပြီး ပထမပိုင်းပြီးခါနီးတွင် ရီရီဦးက တတိယဂိုး သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ကစားသမားများ အပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြှင့်ခဲ့သော်လည်း မိနစ် ၆၀ မှ ဂိုးထပ်ရခဲ့ပြီး ဝင်းသိင်္ဂီထွန်းက သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ဂိုးများဆက်တိုက်ရခဲ့ပြီး ၆၄ မိနစ်တွင် ခင်မိုးဝေ၊ ၇၃ မိနစ်တွင် ရီရီဦးတို့က ထပ်မံ သွင်းယူခဲ့သည်။ ၇၅ မိနစ်တွင် မြန်မာအသင်း ပယ်နယ်တီပေးခဲ့ရပြီး နီမိုလ်က သွင်းယူခဲ့သောကြောင့် ကမ္ဘောဒီးယားအသင်း တစ်လုံးတည်းသောချေပဂိုးရခဲ့သည်။

မြန်မာအသင်းသည် ဂိုးထပ်မံရရန် တိုက်စစ်အား မြှင့်တင်ခဲ့ရာ ၇၉ မိနစ်တွင် သင်းသင်းယု၊ ၈၉၊ ၉၀+၂ မိနစ်တွင် ရီရီဦး၊ မိနစ် ၉၀ တွင် ဝင်းသိင်္ဂီထွန်းတို့က ဂိုးများထပ်မံသွင်းယူခဲ့သည်။
အခြားပွဲတွင် ဗီယက်နမ်အသင်းက အင်ဒိုနီးရှားအသင်းကို ခုနစ်ဂိုးပြတ်အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် အုပ်စု(ခ)၌ ဗီယက်နမ်အသင်းနှင့် မြန်မာအသင်းက နှစ်ပွဲကစား နှစ်ပွဲနိုင် ခြောက်မှတ်စီရရှိကာ ဆီမီးဖိုင်နယ် သို့တက်ရောက်သွားပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းသည် ဩဂုတ် ၂၀ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းသည် သွင်းဂိုး ၁၇ ဂိုးစီ တူညီနေ သော်လည်း မြန်မာအသင်းက ပေးဂိုးတစ်ဂိုး ရှိခဲ့သောကြောင့် အုပ်စုပထမနေရာရရန် နောက်ဆုံးပွဲတွင် ဗီယက်နမ်အသင်းကို အနိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

 

Myanmar Cambodia-goal deficit to defeat attend the semi-final

2019 Asian Women Championship Group (b) the second day today in Thailand was held in the evening-goal deficit to be done semi-finals landed.

The second ပွဲအဖြစ် met with the Cambodian team has 10 goals to win by 1 goal. The Cambodian Association for the winner-goal deficit in the remaining match with the Vietnam Association semi-finals were to attend. The add players to this match as well as Cambodia Block accumulate against the team played to a plurality of the Vietnam Association struggled to score.

Myanmar coach Win rain had made the change in the list of people in the club, Yi Yi, Win the advent of superior quality gold has changed a lot of hard-core players. Therefore, the goal in the first 30 minutes and had to struggle to get the goal. The goals he has scored more than a minute later, before the second advent.

This was later improved the Remember The first was near the race’s third goal shortly thereafter. Make changes in the second half’s players raise the striker scored after 60 minutes secured the court acted as the advent of superior quality gold. Myanmar received consecutive goals after 64 minutes, Khin Moe Wai Acted as more of the 73 minute race. 75 mins The penalty given after မိုလ် single Cambodian Association installed the equalizer goal.

The goal put forward to further improvements, resulting in 79 minutes Thin Thin Yu 89, 90 + 2 mins Yi Yi, 90 minutes on the court, the advent of superior quality gold snapped more goals.
Other Games, Vietnam Association of Indonesia team won a seven-goal deficit. After the group (b) in Vietnam and Myanmar, two games, two wins and six points up on each semi final group last ပွဲအဖြစ် Myanmar and Vietnam, where he qualified for the competition on August 20 will be played. Myanmar and Vietnam team scored 17 revenue equal to, but because they were in Myanmar ဂိုးတစ်ဂိုး group to get the first place must play the final match of the Vietnam Association.

26 Shares

Add a Comment

Your email address will not be published. Required fields are marked *