အော်​ပ​ရေတာ ​တွေရဲ့ နားလှည့်​ပါးရိုက်​အကွက်​​တွေ

“User တွေကို မလိမ့်တပတ်နဲ့ လိမ်ရောင်းတာ၊ နားလည်မှုလွှဲမှားအောင် အချက်အလက်တွေ ပေးပြီး လိမ်တာ၊ အဲဒါ စားသုံးသူ အခွင့်အရေး ကာကွယ်ေ၇းကို တိုင်လို့ရတယ်။ ဒါပေမယ့် သူတို့ဘက်ကလည်း ကာထားတယ်။ စည်းကမ်းချက်တွေကို အချိန်မရွေး ပြန်လည် ပြင်ဆင်ခွင့် ရှိသည် ဆိုတာ. . .”

ကြိုက်တယ်၊ ရှယ်မရတဲ့ ဂရုကမို့ ကူးတင်ပါတယ်။
=================================

အော်ပရေတာတွေ အထူးသဖြင့် Broadband Wireless ရောင်းတဲ့ Ananda, Telenor, Ooredoo, 5BB တို့ရဲ့ Unlimited ဆိုတာက အခုမှ သဘောပေါက်တယ်။

Unlimited ဆိုတာ မှန်တယ်။ ဘာလို့လဲ စဝယ်ကတည်းက လိုင်းမပြတ်ဘူး။ အဲ ဒါပေမယ့် မြန်နှုန်း ဘယ်လောက်ကို အမြဲတမ်း Unlimited ပါလို့ စရောင်းကတည်းက မပါဘူး။

စရောင်းတုန်းက 5 Mpbs ပေးမယ် ပြောတယ်။

Unlimited လို့ ပြောရောင်းနေတာက သူတို့ပြောတဲ့ FUP အရ 10GB ပြည့်သွားလည်း လိုင်းမပြတ်အောင် အနည်းဆုံး 512kbps ထားပေးတော့ Unlimited ကတော့ Unlimited ပဲ။ ဘာလို့ဆိုတော့ လိုင်းပြတ်တောက်ခြင်း မရှိလို့ပဲ။ ဒါပေမယ့် 5Mbps တော့ မရတော့ဘူး။

သူတို့ ဆိုလိုချင်တဲ့ Unlimited ဆိုတာ 5Mpbs ရချင်မှရမယ်။ ဒါပေမယ့် Data ကတော့ ဟုတ်တယ်။ Unlimited ပဲ။ မြန်နှုန်းကတော့ မဟုတ်တော့ဘူး။ (အမှန်က မလိမ့်တပတ်လုပ်တာပေါ့ဗျာ၊ ငါ့စကားနွားရ ပြောတာပေါ့) ၊

“User တွေကို မလိမ့်တပတ်နဲ့ လိမ်ရောင်းတာ၊ နားလည်မှုလွှဲမှားအောင် အချက်အလက်တွေ ပေးပြီး လိမ်တာ၊ အဲဒါ စားသုံးသူ အခွင့်အရေး ကာကွယ်ေ၇းကို တိုင်လို့ရတယ်။ ဒါပေမယ့် သူတို့ဘက်ကလည်း ကာထားတယ်။ စည်းကမ်းချက်တွေကို အချိန်မရွေး ပြန်လည် ပြင်ဆင်ခွင့် ရှိသည် ဆိုတာ. . .”

ဒီတော့ ဝန်ဆောင်မှုကို ကြိုက်ရင် ဆက်သုံးဖို့နဲ့ မကြိုက်ရင် မသုံးဖို့ပဲ ကျွန်တော်တို့ တက်နိုင်တယ်။ သုံးသူမရှိရင် သူတို့ချင်း ယှဉ်ပြိုင်လာရင် ဈေးတွေ ချပေးလာလိမ့်မယ်။

ဥပမာ 5BB ရဲ့ ဈေးတွေ ချမှုကြောင့် အခြား Fiber လိုင်းတွေလည်း အပြိုင်ဈေးတွေ လိုက်ချရသလိုပေါ့။ တကယ်လို့သာ 5BB က မချရင် ကျန်တဲ့ကောင်တွေလဲ ခုထိ ငြိမ်စားနေမှာပါ။

ဒါပေမယ့် ရောင်းသူတွေမှာပဲ ဂျင်းထည့်နေတာ မထင်နဲ့။ သုံးသူတွေကလည်း ဂျင်းထည့်နေတာတွေ အများကြီးပဲ။ Home Wireless ဆိုမှ စီးပွားရေးသုံး သုံးနေတဲ့သူတွေ အများကြီး။ စီးပွားရေးသုံးဖို့အတွက် Business Plan တွေ ရှိတယ်ဆိုတာ သိတယ်။

ဒါပေမယ့် ပေါချောင်ကောင်း လိုက်တယ်။ ပေါချောင်ကောင်းက ကြပ်လိုက်တော့ ဆားပက်ခံရတဲ့ တီကောင်တွေလို တွန့်တွန့်လူးသွားကြတာပဲ။ သူတို့ ပြောတဲ့ 10GB က မလောက်တာ မှန်ချင်မှန်မယ်။ ဒါပေမယ့် သာမန် သုံးကတော့ လောက်တယ်။ အများကြီးသုံးချင်ရင်တော့ ဖိုင်ဘာ ဝယ်တက်၊ အဲထက် သုံးချင်ရင် ၂ လုံးပေါင်းသုံး ဒီလိုမှ ရမယ်။

ကျွန်တော်တို့ User တွေဘက်ကလည်း User alway right ဆိုတာကြီး အမြဲ တွက်ထားလို့ မရပြန်ဘူး။ အငြင်းပွားမယ့် စကားတွေ မန့်လာမယ် ဆိုတာ သိတယ်။ ပြန်ပြောမှာ ပြန်ဆွေးနွေးမှာ မဟုတ်ပါဘူး။ ချက်ကျ လက်ကျ အချက်အလက်နဲ့ ကိုးကားပြောမယ်ဆို ပြန်ဆွေးနွေးပေးပါမယ်။ (မတက်နိုင်ဘူး။ ကိုယ်က အက်ထမိန် ဆိုတော့ ပြောအားရှိတာပေါ့ :P)

Thura Soe
Ooredoo Myanmar Supernet Wireless Broadband Users Group Admin

12 Shares

Add a Comment

Your email address will not be published. Required fields are marked *