ကျမအရင်လိုမဟုတ်တော့ပါ
|
ကျမ မပိုင်ဆိုင်ချင်တော့တာ မဟုတ်ရပါ။
ပိုင်ဆိုင်ခဲ့ပြီးမှ မပိုင်ဆိုင်ချင်တော့ပါ။
ကျမ အချစ်ကို တန်ဖိုးထားပါတယ်။
ဒါပေမဲ့ အဲ့ဒီအချစ်ကို ပေးဆပ်ရမဲ့သူကို တန်ဖိုးမထားတော့တာပါ။
ကျမမှာ အချစ်နဲ့ပတ်သက်၍ ငိုခဲ့ဖူးပါတယ်။
သို့သော်လည်း အချစ်နဲ့ပတ်သက်၍ ကျရန် မျက်ရည် မရှိတော့ပါ။
ကျမ အကြိမ်ကြိမ် လဲကျခဲ့ဖူးပါတယ်။
ထို့ကြောင့်လည်း ရပ်တည်မှုကို နားလည်လာတာပါ။
ကျမမှာ ပြီးပြည့်စုံသည့် အချစ်ဆိုတာ မရခဲ့ပါ။
တန်ပြန်သက်ရောက်သည့်အချစ်ကို တွေ့ခဲ့ပါတယ်။
နာကျင်မှုတွေကြည်ပါပဲ။
ကျမ အိမ်မက်တွေ မမက်တော့ပါဘူး။
မျှော်လင့်ချက်တော့ ရှိသေးတယ်။
ချစ်ခဲ့ဖူးသူအတွက်တော့ မဟုတ်ပါ။
ချစ်ရမယ့်သူအတွက်ပါ။
ကျမ အချစ်ကို လိုက်မရှာတော့ပါ။
ရောက်လာမည့်အချစ်ကိုပဲ ရွေးခြယ်တော့ပါ။
ကျမ စိတ်ကူးယဉ်တွေ မှန်သမျှ
မနက်ဖြန်အတွက် အကောင်းတွေကြည်ပဲ တွေးတော့မည်။
လိုအပ်သည့်ဆန္ဒမှန်သမျှ မည်သူမျှ
ဖြည့်ဆွတ်ပေးစရာမလို
မိမိကိုယ်တိုင်သာ အလှဆင်မည်။
ကျမ အချစ်ကို ကောင်းကောင်းကြီး သိသွားပြီ။
ကျမ အရင်လို ကောင်မလေးတစ်ယောက် မဟုတ်တော့ပါ။
မိန်းမကြီးတစ်ယောက်ဖြစ်နေပါပြီ။ ။
😉 နွေမိုးသား 😉