ဂျပန်​သွားမည်​ဆိုလျင်

ဂျပန်​သွားမည်​ဆိုလျင်​ဒါအရင်​ဖက်​ပါ

ဂျပန်ကို သွားဖို့ စဉ်းစား​နေကြသူများအတွက်
အင်​တာဗျူးဝင်​ဖို့ ပြင်​ဆင်​တဲ့အခါ သိထားကြရန်
( မဖြစ်မနေ သိထားဖို့ လိုအပ်ပါသည် )

၁။ တက်​တူး ရှိရှိ မရှိရှိ ဂျပန်​စာသာ အဓိကပါ
အင်​တာဗျူး ဝင်​တဲ့အခါ လည်​ပင်း ၊ လက်​ဖမိုး တို့လို
မြင်​သာတဲ့​ နေရာမှာရှိရင်​၊ နား​ပေါက်​အကျယ်​ကြီး​တွေ ၊
ဆံပင်​ကို ကို့ရို့ကားယား ညစ်​ပတ်​တဲ့ ပုံစံ​ပေါ်လွင်​ရင်​၊
ဂျင်း​ဘောင်းဘီ ၊ ​ဘောင်းဘီတို၊ လက်​ပြတ်​ ဝတ်​ထားတာ ၊
အာရုံစူးစိုက်​မှု မရှိတာ ၊ လုပ်​ငန်းနဲ့ ပတ်​သက်​ပြီး
ကြိုတင်​ မ​လေ့လာထားတာ ၊ မိမိ စိတ်​ထဲက အတိုင်း
ရိုးသားမှု မရှိပဲ အလွတ်​ ကျက်​ထားသလိုမျိုး ​ဖြေတဲ့
ပုံ​တွေက ဂျပန်​ စာ​တော်​ရင်​​တောင်​မှ အ​ရွေးခံရဖို့
မ​သေချာပါဘူး ။

၂။ ဘယ်​​ အေးဂျင့်​​ ကောင်းလည်း မ​မေးနဲ့
ဂျပန်​စာသာ အဓိကပါ ။ N4​ အောင်​ထားပြီး
N3 စာ​မေးပွဲ​ဖြေနိုင်​တဲ့ အဆင့်​​ရောက်​ပြီဆိုရင်
အင်​တာဗျူး ဝင်​​​ဖြေတဲ့အခါ ​အောင်​ဖို့ ရာခိုင်​နှုန်းက
၅၀ ရာခိုင်​နှုန်း ​သေချာပြီး ၊ ဟန်​ပန်​အမူအရာနဲ့
ဂျပန်​ ယဉ်​​ကျေးမှုကို အ​ကောင်းဆုံးပြနိုင်​ရင်
၄၉ ရာခိုင်​နှုန်းနဲ့ ကျန်​တဲ့ ၁ ရာခိုင်​နှုန်းက
ဂျပန်​ရဲ့​ရွေးချယ်​မှုပါပဲ ။

၃။ ဂျပန်​စာသင်​​ကျောင်း​တွေ အများကြီးရှိပါတယ်
တကယ်​ စာသင်​တာလား ဂျင်း​ ကျောင်းလား
အရင်​ စုံစမ်းပါ ။ နာမည်​ရထားတဲ့ ကျောင်း​တွေရှိသလို 
ကျောင်းအသစ်​​တွေမှာလည်း ​သေချာ​စေတနာပါပါနဲ့
သင်​​ပေးတဲ့​ ကျောင်း​တွေ ရှိပါတယ်​ ။
အမှန်​အကန်​ ပို့​နေတဲ့ အေဂျင်​စီ​တွေလည်း
စာ​ကောင်း​ကောင်း သင်​​ပေးပါတယ်​။

၎ ။ Training visa နဲ့ မသွားရလို့
အလွယ်​သွားရမယ့်​ ​ကျောင်းဗီဇာကို မ​ရွေးပါနဲ့
ဂျပန်​မှာ စာမလိုက်​နိုင်​ ​ငွေရှာရခက်​လို့
အဆင်​မ​ပြေသူ​တွေ အများကြီးပါ ။

၅။ အများဆုံး ပို့နိုင်​တဲ့ အေဂျင်​စီကို မရှာပါနဲ့
ပွင့်​ပွင့်​လင်းလင်း ရှင်းပြပြီး စာချုပ်​စာတမ်း
အပြည့်​အစုံ ပြ​ပေးတဲ့ ​အေဂျင်​စီကို​ ရွေးပါ ။

၆ ။ အင်​တာဗျူး​အောင်​မယ်​ မ​အောင်​ဘူးဆိုတာ
ကိုယ်​နဲ့သာ သက်​ဆိုင်​ပါတယ်​။ ဂျပန်​ဘက်​က
လက်​ခံနိုင်​တဲ့ အရည်​အချင်းရှိသူ ဖြစ်​​နေရပါမယ်​ ။

၇။ ဝန်​​ဆောင်​ခအဖြစ်​ ​ဒေါ်လာ၂၈၀၀ နဲ့ 
ဆေးစစ်​ခ ပါတ်​စပို့ လုပ်​ငန်း​ထောက်​ခံချက်
( သို့မဟုတ်​) မိမိသွားမယ့်​ အလုပ်​နဲ့သက်​ဆိုင်​​သော
သင်​တန်းဆင်း လက်​မှတ်​ကို မိမိဘာသာ အကုန်​ကျခံရပါမယ်​။
လေယာဉ်​လက်​မှတ်​ဖိုး ထပ်​​ပေးရန်​ မလိုပါ ။

၈။ ​ကြော်​ငြာ​တွေကို ဂရုပြုပါ ။
ကြော်​ငြာ​နေတိုင်း အမှန်​ မဟုတ်​ပါဘူး ။
အလိမ်​ခံရပြီးမှ ​ဖေ့စ်​ဘုတ်​မှာ နာမည်​တပ်​ပြီး
ရေးတင်​တာမျိုးက အခန့်​မသင့်​ရင်​ တရားစွဲခံရနိုင်​ပါတယ်​ ။
မိမိတို့အ​နေနဲ့ ဂျပန်​စာကို​ သေချာ​လေ့လာပြီးမှ
မိမိuလုပ်​ကိုင်​လိုတဲ့ အလုပ်​နဲ့သွားနိုင်​​အောင်
ဆောင်​ရွက်​သင့်​ပါတယ်​ ။

++++++++++++++++
ဂျပန်​နိုင်​ငံကြီး အမြဲရှိ​နေမှာပါ
++++++++++++++++

“​ ကျောင်း​တွေ အ​နေနဲ့ ​ကျောင်းက စာသင်​​ပေးမယ့်
ပုံစံနဲ့ အလုပ်​အတွက်​ အကြံပြုစာများသာ တင်​​စေလိုပါတယ်​ ”

” အလုပ်​အကိုင်​​ကြော်​ငြာအ​နေနဲ့ ​ရေးတင်​ရင်
ပြည်​ပအလုပ်​အကိုင်​ဆိုင်​ရာ လိုင်​စင်​မရှိပဲ
လုပ်​ကိုင်​တဲ့ ပုဒ်​မ ၂၆ နဲ့ ငြိစွန်းနိုင်​ပါတယ်​ ”

” လိုင်​စင်​ရ ​အေဂျင်​စီ​တွေ​ တောင်​မှ
ခွင့်​ပြုချက်​ရပြီးမှသာ ​ကြော်​ငြာခွင့်​ရှိပါတယ်​ ”

အေဂျင်​စီနဲ့ အလုပ်​သမားများ လိုက်​နာရန်
ကျင့်​ဝတ်​ကို အစိုးရမှ တရားဝင်​သတ်​မှတ်​ထားပြီး
အဲဒီ စာချုပ်​အတိုင်းသာ ချုပ်​ဆိုကြရပါတယ်

နောက်​ဆုံးအ​နေနဲ့ အကြံပြုလိုတာက
ပွဲစားများနဲ့ လုပ်​ကိုင်​ခြင်း ​ငွေသွင်းခြင်း
စာရွက်​စာတမ်း လိမ်​လည်​တုပပြုလုပ်​ခြင်း
လုံးဝ မပြုလုပ်​ကြပါနဲ့

အလည်​ဗီဇာ Work visa
ဘာသာ​ရေးဗီဇာစတဲ့ ဗီဇာအမျိုးအစားများသည်
ဂျပန်​သို့ သွား​ရောက်​လိုသူများအ​ပေါ် လိမ်​လည်​ရန်
အ​ကောင်းဆုံး နည်းလမ်းဖြစ်​​သော​ကြောင့်​ မိမိတို့အနေနဲ့
သတိထားပြီး ​သေချာ​ လေ့လာပြီးမှသာ ​ဆောင်​ရွက်​ကြဖို့
အကြံပြု တင်​ပြလိုက်​ရပါတယ်​ ။

Credit – ကိုစိုင်း ( ငွေကြိုးကြာ )

12 Shares

Add a Comment

Your email address will not be published. Required fields are marked *