ရဟန်းတော် နှင့် လောကီပညာရပ်များ လေ့လာသင့် / မသင့်

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ် ၊ နိုင်ငံတော် ပရိယတ္တိတက္ကသိုလ် ၊ သီတဂူ တက္ကသိုလ် ၊ ဗုဒ္ဓတက္ကသိုလ် စတဲ့ တက္ကသိုလ်ကြီးတွေမှာ ဗုဒ္ဓစာပေ နဲ့ လောကီပညာရပ်တွေ တွဲသင်ရတယ် ။ အကျိုး အပြစ်ဆိုတာက တော့ နေရာတိုင်းမှာ ရှိပါတယ် ။ အထူးသဖြင့် ရဟန်း တက္ကသိုလ်ကြီးတွေ မှာ ကွန်ပျူတာ ကို မဖြစ်မနေ သင်ကြားပေးတယ် ။

အဲဒီလို ရဟန်းတော်တွေ ကို ခေတ်ပညာတွေ သင်ကြားပေးဖို့ ကြိုးပမ်း ဦးဆောင်ခဲ့တဲ့ ဆရာတော်တွေ ကတော့ မင်းကွန်ဆရာတော်ဘုရားကြီး ၊ သီတဂူ ဆရာတော်ဘုရားကြီး ၊ ပါချုပ်ဆရာတော် ဘုရားကြီး အစရှိတဲ့ ဆရာတော်ကြီးတွေ နှင့် မ.ဟ.န ဆရာတော်ကြီးတွေပါ ။ အဲဒီိ သံဃာ့ ဥသျှောင် အမျှော်မြင် ကြီးမားတဲ့ ဆရာတော်ကြီးတွေ က သာသနာ အတွက် အကျိုးယုက်မယ်ဆိုရင် လောကီပညာတွေ တွဲသင်ဖို့ ခုလို စီစဉ်ခဲ့ မလား စဉ်းစားကြည့်ပါ ။

ရဟန်းတက္ကသိုလ် တွေ မှာ ကွန်ပျူတာ အခြေခံ အဆင့်တင်မကဘူး ပရိုဂမ်းမင်းပိုင်တွေ ဟတ်ကင်းပိုင်းတွေ အထိ အချိန်ရသလောက် ဆရာကြီးတွေ လာသင်ပေးတယ် ။ ကွန်ပျူတာ ခန်းကိုလဲ ခန်းခန်းနားနား ကြီးကိုထားတယ် ။ ကွန်ပျူတာတွေ ဆိုရင်လဲ ၁၀ လုံးရှိရင် ၇ လုံးလောက် က ပျက်နေတဲ့ ဟာတွေ မဟုက်ဘူး ။ အလုံး ၁၀၀ ရှိရင် အလုံး ၁၀၀ လုံး ကြိုက်တာ နှိပ် ။ ဦးဇင်းတို့ ကိုင်တဲ့ လပ်တော့တွေ က နိမ့်သေးတယ် ။ i7 ကို Gen အမြင့် တွေ ။ ကွန်ပျူတာ ဌာနတွေ အတွက် ဆရာတော်ကြီးတွေ က ဝတ္ထုငွေ အလုံလောက်သုံးတယ် ။ အသစ်လဲတာတွေ ပြုပြင်တာတွေ သုံးလ တစ်ခါလောက်လုပ်တယ် ။

ရဟန်းတက္ကသိုလ်တွေ မှာ လောကီပညာ ရပ်တွေ သင်ပေးတဲ့ လူဆရာတွေ အများကြီး ။ ဒါပင်မဲ့ မနေ တစ်နေ့ က ဖြစ်လာတဲ့ လူဆရာတွေ ခေါ်ခန့်တယ်မထင်နဲ ။ ပညာရှင် အငြိမ်းစာ ပါမောက္ခချုပ်တွေ ပါမောက္ခဆရာကြီးတွေ များတယ် ။ လောကီပညာ တွေ အတော်များများ သင်ကြားပေးတယ် ။ ရဟန်းတွေ မှာ ကျူရှင်စနစ် လုံးဝ လုံးဝ မရှိဘူး ၊ ဆရာ ဆရာမကို လဒ်ထိုးရတာ မရှိဘူး ။ တတ်အောင်သင်တယ် ။ ဆရာကြီးတွေ က စေတနာနဲ့ ပညာဒါန ကုသိုလ်ပြုကြတာ ။

ရဟန်းတက္ကသိုလ် မှာ ကြိုးကြိုးစားစား သင်ယူတဲ့ သံဃာတော်တွေ ဆိုရင် ထက်ထက်မြက်မြက်တွေ ။ အကုန်းလုံးကို ဆိုလိုတာတော့ မဟုက်ဘူး အများစု ။ အများက အထင်ကြီးခြင်းခံကြရတယ် ။ တကယ်လဲ လေးစားလောက်တယ် ပညာတတ်တယ် ၊ ထက်မြက်တယ် ၊ ပြောရဲဆိုရဲရှိတယ် ။ ဦးဇင်းတို့ ကွန်ပျူတတ်တယ် ဆိုတာ တက္ကသိုလ်မှာဆို ဘာအဆင့်မှ ရှိတာ မဟုက်ဘူး ။

လူတစ်ချို့က ရဟန်းဆိုရင် ဘာမှ သိကြတတ်ကြတာ မဟုက်ဘူး ငါးပါးသီလလောက် ပေးတတ်တယ် ထင်နေကြတာ ။ သာသနာ့ ခေါင်းဆောင်လောင်းလျာတွေကို အဖက်ဖက်က ပြည်စုံအောင် လူတွေကို ဆရာလုပ်မဲ့ ပုဂ္ဂိုလ်တွေ က တကယ်ဆရာလုပ်နိုင်တဲ့ အဆင့်ရှိအောင် ဗုဒ္ဓစာပေတွေသာမက အခြား ပညာရပ်တွေပါ သင်ကြားဖို့ စီမံ ခဲ့တဲ့ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးတွေ က အကျိုးမဲ့ စီစဉ်ထားခဲ့တာလား ။ ခေတ်ကို ကြိုမြင်လို့ စီမံခဲ့တာလားဆိုတာကို ကိုယ်တိုင်တွေးကြည့်ရင် ရဟန်းတွေ လောကီပညာ သင်သင့် မသင်သင့်ကို ကွဲ ပြားသွားမှာပါ ။

Ashin Thuseikta

မူရင်း ပိုစ့်​ပိုင်​ရှင်​ အရှင်​သုစိတ္တ အား
Bluesea Mediaမှ ဦးခိုက်​ပူ​ဇော်​အပ်​ပါသည်​ဘုရား

6 Shares

Add a Comment

Your email address will not be published. Required fields are marked *