နှင်းဆီပုဝါခြုံတဲ့လက် အငြိမ့်ဖျော်ဖြေပွဲတွက် ကြိုးကြိုးစားစား အကတိုက်နေကြတဲ့ အနုပညာရှင်များ

7 Shares

ချစ်ပရိသတ်ကြီးရေ အနုပညာလောကမှာ အောင်မြင်မှုကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် နေတိုး ကျော်ကျော်ဗိုလ် မင်းမော်ကွန်း ရဲလေး ထွန်းထွန်း တို့ကတော့ ပရိသတ်တွေရဲ့ အချစ်တော်တွေဆိုလည်းမမှားပါဘူးနော်။သူတို့ကတော့ အရည်ချင်းကိုယ်စီနဲ့ ခုချိန်ထိပရိသတ်တွေ့ရဲ့ အားပေးမှုကိုအခိုင်မာရထားတာဖြစ်ပါတယ်။

သူတို့တွေပါဝင်ဖွဲ့စည်းထားတဲ့ နှင်းဆီအငြိမ့် အဖွဲ့လေးကတော့ ပရိသတ်တွေတစ်ခဲနက်အားပေးကြတဲ့ အဖွဲ့လေးလည်းဖြစ်ပါတယ်။နှင်းဆီအငြိမ့်ရဲ့ အောင်မြင်မှုကတော့ မြန်မာနိုင်ငံမှာသာမကပဲ စင်ကာပူနိုင်ငံထိတောင် သွားရောက်ဖျော်ဖြေရလောက်တဲ့ထိ ပရိသတ်တွေအခိုင်မာရရှိထားတာဖြစ်ပါတယ်။တကယ့် လူရွှင်တော်ကြီးတွေလားမှတ်ရအောင် ပြတ်လုံးအမိုက်စားတွေနဲ့ ပရိသတ်တွေကို တဟားဟားရီမောစေကာ နှစ်တိုင်းလိုလို ပရိသတ်တွေ နှစ်နှစ်ခြိုက်ခြိုက်အားပေးခံခဲ့ရတာဖြစ်ပါတယ်။

နှင်းဆီအဖွဲ့ကို ဒါရိုက်တာ မောင်မျိုးမင်းက ဦးစီးဆောင်ရွှက်တာဖြစ်ပြီး အငြိမ့်မှာ နေတိုး ကျော်ကျောဗိုလ် မင်းမော်ကွန်း ထွန်းထွန်း နဲ့ ရဲလေးတို့က လူရွှင်တော်အနေနဲ့ပါဝင်ကြပြီး ဖူးစုံ မိုးပြည့်ပြည့်မောင် မေကဗျာ မိုးယုစံတို့က မင်းသမီးအဖြစ် ပါဝင်အားဖြည့်ထားကြပါတယ်။ အခုဆိုရင် နှင်းဆီပဝါခြုံတဲ့လက်ဆိုတဲ့ ခေါင်းစဉ်နဲ့ အငြိမ့်ကြီးကို ဖျော်ဖြေရန် အကုန်လုံး ကြိုးကြိုးစားစားနဲ့ အကတိုက်နေကြတဲ့ ပုံလေးတွေဖော်ပြထားတာတွေ့ရတာကြောင့် စောင့်မျှော်နေတဲ့ ပရိသတ်ကြီးတွက် အမြည်းလေး မျှဝေပေးလိုက်ပါတယ်။

crd:bahuthuta

7 Shares

Add a Comment

Your email address will not be published. Required fields are marked *