#ကျောင်းလခတစ်လ၅၀၀၀ကျပ် တည်းနဲ့တက်​​ရောက်​နိုင်​တဲ့ #မြန်မာနိုင်ငံရဲ့တစ်ခုတည်းသော မန္တလေးမှ နိုင်ငံတကာအဆင့်မီ ITတက္ကသိုလ်
လူငယ်တွေကို  ဒီကျောင်းတက်စေချင်မိတယ်….
MIIT …
မြန်မာနိုင်ငံမှာ  လက်ရှိအချိန်ထိ  တစ်ခုတည်းရှိသေးတဲ့ တက္ကသိုလ်…
ဆယ်တန်းအောင်စာရင်းထွက်ပြီးလို့  ဘယ်ကျောင်းတက်ရမလဲ စဉ်းစားနေတဲ့သူတွေကို ဒီကျောင်းအကြောင်း  ပြောပြချင်ပါတယ်။
အရင်အစိုးရလက်ထက်မှာ အိန္ဒိယအစိုးရနဲ့ G to G အကူအညီနဲ့  တည်ထောင်ထားတဲ့  အစိုးရတက္ကသိုလ်ပါ။ ပုဂ္ဂလိက  တက္ကသိုလ်လို့   အထင်မှားနေကြတာတွေ  ရှိပါတယ်။ IT နဲ့ ပတ်သက်တဲ့  နည်းပညာ တက္ကသိုလ်တစ်ခုပါ။  Electric and communication Engineering  (  EC ) နဲ့  computer science Engineering ( CSE ) ဆိုပြီး Major နှစ်ခုကိုရွေးချယ်လို့ ရပါမယ်။
ဝင်ခွင့်ဖြေရပါတယ်။ ဝင်ခွင့်ကခက်ပါတယ်။ ဆယ်တန်းစာကိုပဲ  အခြေခံပြီးပြန်မေးတာပေမယ့် တစ်ကယ်တတ်ကျွမ်းမှုဘက်ကို ရွေးချယ်မေးတာမျိုးမို့  ဆယ်တန်းစာကိုပဲ သေချာပြန်လုပ်ထားဖို့   လိုပါမယ်။ အရေးကြီးတဲ့အချက်ကိုပြောရရင်  ဝင်ခွင့်လိုက်လို့ ရတယ်ဆိုတဲ့  ပြသနာမျိုးလုံးဝမရှိတာပါ။
အဲဒါကြောင့်ပဲ  ဒီတက္ကသိုလ်ကို  မြန်မာကျောင်းသားတွေ  တက်စေချင်တဲ့အဓိက  အချက်ပါ။ ဝင်ခွင့်စာမေးပွဲဟာ MCQ မေးခွန်းပုံစံဖြစ်ပြီး   စက်နဲ့ စစ်တယ်ဆိုတဲ့ စနစ်ပါ။
ဝင်ခွင့်အမှတ်နဲ့  ဆယ်တန်းအမှတ်  နှစ်ခုကိုပြန်ပေါင်းပြီးရွေးပါတယ်။
မေဂျာတစ်ခုကို  လူ  ၆၀ ပဲ ရွေးပြီး နှစ်မေဂျာပေါင်းမှ  တစ်နှစ်ကို  လူ ၁၂၀  ပဲရွေးချယ်ပါတယ်။
အဲဒီတက္ကသိုလ်အနေနဲ့  ဒီနှစ်က  တတိယမြောက် batch ဖြစ်မှာပါ။
( ၁ )ကျောင်းသားတစ်ယောက်ကို  လက်ပ်တော့ တစ်ယောက်တစ်လုံး  ပေးထားပါတယ်။  အဲဒီတော့ ဘာဖြသ်သလဲဆိုတော့ မြန်မာပြည်က တစ်ခြားနည်းပညာတက္ကသိုလ်တွေမှာ  ပရိုဂမ်မင်းဘာသာရပ် ကို  အော်ကျက်နေကြရတဲ့  စိတ်မချမ်းသာစရာ  မြင်ကွင်းမျိုးမရှိတော့တာပါ။ အဲဒီအတွက်ပဲ တစ်ကယ်သင်ပြီး တစ်ကယ်လုပ်ရတဲ့ တစ်ကယ်တတ်တဲ့ တက္ကသိုလ်တစ်ခုဖြစ်လာ ရပါတယ်။
( ၂ ) သင်တဲ့ဆရာတွေက  နိုင်ငံခြားသားတွေ  ဖြစ်တဲ့အတွက်  အင်္ဂလိပ်ကောင်းဖို့ အရေးကြီးပါတယ်။ ဆရာနဲ့ တပည့်  အင်္ဂလိပ်လိုပဲ  ပြောဆိုသင်ကြားဆက်သွယ်ကြရလို့ ပါ။
ကျောင်းရဲ့ အကြီးဆုံး ဒါရိုက်တာ Mr. Raja ကို  ကျောင်းသားတွေက  Hi ..Raja လို့  ခေါ်ပြီး  တိုက်ရိုက် mail ပို့ရပါအတယ်၊ complaint တက်လို့ ရပါတယ်။  ဒါဆိုရင်  အဲဒီကျောင်းရဲ့ Atmosphere ကို  ခင်များတို့ ဆက်ပြီးခန့် မှန်းကြည့်လို့ ရမယ်ထင်ပါတယ်။
ဒါကလည်း မထူးဆန်းပါဘူး။ အဲဒီသင်ကြားပုံအောက်ကနေ  အဲဒီလိုကျောင်းသားတွေပဲ ထွက်လာမှာပါ။  ကျနော်ကတော့  ပြောတယ်။ ဒါဟာ  ပြည်ပကိုထွက်သင်မှသာ ရနိင်မယ့် Atmosphere ပဲလို့ ။ ဒီကလေးတွေ ကံကောင်းလိုက်တာဆိုပြီးတော့  ပြောလေ့ရှိပါတယ်။
အဲဒီကျောင်းပြီးရင်  နည်းပညာသမားတစ်ယောက်အဖြစ်  သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် ရပ်တည်နိုင်မှာပါ။
အဲဒီကျောင်းကို  ဘာဖြစ်လို့ သဘောကျရတာလဲ၊ အနှစ်သက်ဆုံးအချက်ကိုပြောစမ်းပါဆိုရင်တော့  ကျနော့်အနေနဲ့  တစ်ခွန်းပဲ  ပြောစရာရှိပါတယ်။  တက္ကသိုလ်ဆိုတာ  စာတစ်ခုတည်းကုန်းကျက်နေတဲ့ အရပ်မဟုတ်ဘူး ဆိုတဲ့လင်းပွင့်တဲ့ Atmosphere ကို  ရစေတာ တစ်ခုတည်းနဲ့ တင် လို့ ပြောရမှာပါ။
အားနည်းချက်အနေနဲ့ တစ်ခုပဲ  ပြောစရာရှိပါတယ်။
စာတစ်ကယ်လုပ်ရတဲ့ကျောင်းပါ။  စာမလုပ်ချင်ရင်  IT ဝါသနာမပါရင်လုံးဝမလာသင့်ပါဘူး။  စာတွေကခက်ပါတယ်။  စာမေးပွဲဟာ တစ်နှစ်တစ်ခါအတန်းတက်တဲ့ပုံစံနဲ့ သွားတာမဟုတ်ပဲ  semester 10 ကို A+ , A , B+,B ….အဲဒီလိုတွေပေးတဲ့ပုံစံနဲ့ သွားပါတယ်။
စာမေးပွဲမရှိတဲ့အပါတ်ဆိုတာ မရှိသလောက်ရှားပြီး နာမည်အမျိုးမျိုးနဲ့  ဖြေနေကြရတာပါ။ Surprise Quiz  ဆိုတာကလည်း အပါတ်တိုင်းရှိတာမျိုးပါ။ စာတစ်ကယ် မလုပ်ချင်တဲ့သူတွေအတွက်ဆိုအဆင်မပြေပါဘူး။  စာများပြီးကျောင်းပျက်လို့ မရတဲ့တက္ကသိုလ်ပါ။
ဒါပေမယ့် ပြည်ပနိုင်ငံတွေမှာ တစ်နှစ်ကို သိန်းရာဂဏန်းလောက်ပေးသင်မှရမယ့် ပတ်ဝန်းကျင်နဲ့  ပညာရေးကို ပြည်တွင်းမှာ ကျောင်းလခ တစ်လ  ငါးထောင်ကျပ်နဲ့ သင်ခွင့်ရမှာပါ။
အမှတ်တွေလည်းအများကြီး။ ဆရာဝန်လည်းမလုပ်ချင်။ ရေထဲလည်းတစ်သက်လုံးမနေနိုင်ဆိုတဲ့ကလေးတွေအတွက် လက်ပတော့ကလေးဆွဲပြီး ရှပ်အင်္ကျံအဖြူကလေးနဲ့ ဘောင်းဘီနက်ပြာဝတ်စုံကလေးနဲ့  ရှင်းသန့် တက်ကြွပြီးတက်စရာ တက္ကသိုလ်  ရှိနေတဲ့အကြောင်း အသိပေးလိုတာပါ။
ဒီကျောင်းကနေ ငါးနှစ်အတွင်း  ထွက်လာမယ့်  နည်းပညာရှင်  ၆၀၀ ဆိုတာ တိုင်းပြည်အတွက်  တစ်ကယ်အသုံးဝင်မယ့် တတ်ကျွမ်းသူတွေ  ဖြစ်နေမှာ တစ်ခုတည်းနဲ့  အတော်ကလေးအကျိုးများတာ မြင်နေရတော့ ဒီလိုပညာရေးအကူအညီတွေ  ဘာလို့ များ  အများကြီးမရခဲ့တာပါလိမ့်လို့   အတော်ကလေးဝမ်းနည်းစိတ်မကောင်းစရာ  ဖြစ်ရတာပါ။ များများမဟုတ်ဘူး။  မြန်မာပြည်မှာ  ဒီလိုကျောင်းမျိုး   ၃ ကျောင်းလောက်ဆို သိပ်ကောင်းမှာပဲလို့  လောဘလည်း ကြီးမိတာပါ။
Credit -မေဇော်
20.6.2017
Myanmar Institute of Information Technology(MIIT)
73rd Street, Khine Shwe War Street, Chanmyathazi Township, Mandalay, Myanmar
Ph.No. +95-9-785557703, +95-9-785557704
E-mail [email protected]
❗ အမေးများနေသောMIITအကြောင်း❗
❔MIIT ကျောင်းက ပုဂ္ဂလိကကျောင်းလားလို့ တချို့တွေမေးကြပါတယ်။
>>> MIIT က ပုဂ္ဂလိကကျောင်းမဟုတ်ပါဘူး မြန်မာနှင့်အိန္ဒိယချစ်ကြည်ရေးအနေနှင့် ဖွင့်လှစ်ထားတဲ့အစိုးရကျောင်းပါ။
❔MIIT မှာ ဘယ်ဆရာတွေသင်ကြားတာပါလဲ
>>> 2015-2020ထိတော့ India မှ professors များသာသင်ကြားနေပါတယ်။ နှောက်လာမယ့်နှစ်များမှာတော့ မြန်မာ prof များပါဝင်ရောက်သင်ကြားမယ်လို့ကြားပါတယ်။
❔ ကျောင်းကဘာဘွဲ့ပေးတာပါလဲ
>>> B.E(hons) ပေးမှာပါ
❔ဝင်ခွင့်က ဘယ်နှလပိုင်း ဖြေရမှာလဲ
>>>11လပိုင်းပါ ( ​ဖြေဆိုရမည့်​ရက်​အတိအကျကို နိုင်​ငံပိုင်​သတင်းစာများမှတစ်​ဆင့်​​ကြေညာသွားမှာပါ )
❔ သင်ကြားတဲ့ဘာသာတွေကဘာတွေလဲ
>>> သင်ကြားတာကတော့ =>Electric and Communication Engineering,ECE (Hardware) နဲ့ =>Comupter Science and Engineering ,CSE(software) ဆိုပြီး Major နှစ်ခုပဲရှိပါတယ်။
❔ ကျောင်းလခအနေနဲ့ ဘယ်လိုပေးသွင်းရပါသလဲ
>>> ကျောင်းလခကတော့ တစ်လ 5000ကျပ် ပါပဲ( ပြဌာန်းစာအုပ်တွေကထုတ်ဝေခြင်းမရှိသေးသည့်အတွက် စာအုပ်ဖိုးမပါပါဘူး ကျောင်းသားများကို brand new Laptopများနဲ့ စာတွေ Downပီး ဖတ်ရပါတယ်။Laptopက အပိုင်ပေးမယ်လို့ သိရှိရပါတယ်။)
❔နိုင်ငံခြားလွတ်မှာလား မေးကြပါတယ်
>>> Top 1-7ဝင်တဲ့ topperကျောင်းသားများကို Intershipလွတ်ပေးပါတယ်။
❔ ကျောင်းကအဆောင်တွေဘာတွေပေးမှာလား
>>> ကျောင်းကတော့အဆောင်ပေးမှာမဟုတ်ပါဘူး ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲကျောင်းတက်ရောက်ရမှာပါ။ Mdyမြို့တွင်းမှာနေထိုင်ရတဲ့သူတွေ ပိုအဆင်ပြေပါလိမ့်မယ်။
❔ ဝင့်ခွင့်ကဘာတွေဖြေရမှာတုန်း
>>> Eng,Phys,Maths,Chem (9တန်း-10တန်း)
Engကတော့ အပြင်ကမေးတာပါ။
❔ ဆယ်တန်းအမှတ်ဘယ်လောက်နဲ့ဖြတ်ပါသလဲ
>>> ဝင့်ခွင့်က ဆယ်တန်းအမှတ်နဲ့ ဝင်ခွင့်ဖြေဆိုလို့ရတဲ့အမှတ် နှစ်ခုပေါင်းကြည့်ပြီးဆုံးဖြတ်မှာမို့ ဆယ်တန်းအမှတ်နည်းပေမယ့် ဝင်ခွင့်မှာအမှတ်ကောင်းအောင်ဖြေဆိုနိုင်ရင် အောင်နိုင်ပါတယ်( ဆယ်တန်းအမှတ် 400 ကျော်မှစိတ်ချရမှာပါ…. နယ်ဘက်တွေက TU တို့ CU တို့တောင်အနည်းဆုံးအမှတ် 400 ကျော်နေချိန်မှာ 400 မကျော်ဘဲ ဝင်ခွင့်အောင်လိုတာကတော့ စိတ်ကူးယဉ် ဆန်လွန်းပါတယ် )
❔ အများဆုံးမေးကြတဲ့မေးခွန်းပါ ကျောင်းပြီးရင်ဘာလုပ်ရမှာလည်း
>>> ITနဲ့ ပက်သက်တဲ့ အလုပ်တွေရမှာပါ။ကျောင်းက Professorsတွေကတော့ သူတို့ကိုယ်တိုင် Companyတွေနဲ့ ချိတ်ဆက်ပေးမယ်လို့ ကြားထားပါတယ်……နောက်ဆုံးနှစ်မတိုင်ခင် ၆လ အကြိုမှာ ချိတ်ဆက်ပေးမယ်လို့ ပြောထားပါတယ်။
⛔⛔MIITဝင်ခွင့်နဲ့ ပက်သက်ပြီး အပြင်မှာ သင်တန်း များစွာဖွင့်ထားသည်ကို သိရပါသည်။❌❌ဤသင်တန်းများသည် MIITမှ ဖွင့်လှစ်ထားခြင်းမဟုတ်ပါ⛔
*** India က Prof တွေက 2015-2020 ထိပဲ ပညာသင်ကြားပေးမှာပါ။
*** India Prof တွေပြန်သွားရင် မြန်မာ prof တွေပဲဦးဆောင်သင်ကြားမှာပါ။ Indiaမှာ နာမည်အကြီးဆုံးကျောင်း iiit-bမှ စာများကိုသာ သင်ကြားသွားမှာဖြစ်ပါတယ်။#credit
#tppa
Frequently Ask Questions
မေး။ MIIT ဆိုတာဘာလဲ။
ဖြေ။ အရှည်က Myanmar institute of information technology ပါ။ India  ရဲ့ မြန်မာနိုင်ငံ ကို နည်ူပညာ အကူအညီ ပေးမှု အစီအစဉ်အရ India နိုင်ငံ Bangalore မှာ ရှိတဲ့ IIITB တက္ကသိုလ် ရဲ့ ကြီးကြပ်မှု နဲ့ မြန်မာနိုင်ငံ ပညာရေး ဝန်ကြီး ဌာန အောက်က အစိုးရ တက္ကသိုလ် ဖြစ်ပါတယ်။ IIITB ကနေ 5 years mentoring program အရ ၂၀၁၅ ကနေ ၂၀၂၀ အထိ India တက္ကသိုလ် ရဲ့ စီမံခန့်ခွဲ မှု သင်ကြားမှု ရှိနေမှာ ဖြစ်ပြီး ၂၀၂၀ နောက်ပိုင်း မှာ မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီး ဌာန ကနေ ပြန်လည် စီမံခန့်ခွဲ မှာ ဖစ်ြပါတယ်။
မေး။ ဘာဘွဲ့တွေ ပေးတာလဲ။
ဖြေ။ B.E (Hons) Computer Science နဲ့ B.E(Hons) Electronics and communication , ဖြစ်ပါတယ်။ ၅ နှစ် ကြာမြင့်ပါမယ်။
မေး။ မြန်မာ နိုင်ငံက အခြား နည်းပညာ၊ ကွန်ပြူတာ တက္ကသိုလ် တွေနဲ့ ဘာကွာ သလဲ။
ဖြေ။ ဘွဲ့ကို မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန အဆင့်မြင့် ပညာ ဦးစီး ဌာန ကပဲ ပေးမှာပါ။ India က ဘွဲ့မဟုတ်ပါဘူး။ ဒါပေမယ့် သင်ကြားရတဲ့ စနစ်၊ course, syllabus တွေကတော့  IIITB   ရဲ့ စံချိန် စံညွှန်းတွေအတိုင်း သင်ကြားပေးမှာပါ။
မေး။ ဆရာတွေက  ဘယ်က ဆရာတွေလဲ
ဖြေ။ ၂၀၁၅-၂၀၂၀ အထိ မြန်မာ ပြည်က ဆရာတွေနဲ့ IIITB က ဆရာတွေ ပူးတွဲ သင်ကြားမှာ ဖြစ်ပြီး ၂၀၂၀ နောက်ပိုင်း မြန်မာပြည်က ဆရာတွေက ဆက်လက် သင်ကြားပါမယ်။
မေး။ ဘယ်သူတွေ တက်လို့ ရသလဲ၊ ဘယ်လို တက်ရတာလဲ
ဖြေ။ ၁၀တန်းကို သိပ္ပံ နဲ့ ဝိပ္ပံ တွဲ နဲ့ အောင်မြင် သူတွေ တက်လို့ရပါတယ်။ Maths, English,Physics, Chemistry ဝင်ခွင့် ၂ နာရီ စာမေးပွဲ ဖြေရပါမယ်။ ၁၀တန်း အမှတ်နဲ့ ဝင်ခွင့် အမှတ်ပေါင်းပြီး ရွေးချယ်မှာပါ။ ရွေးချယ်ရာမှာ English စာရမှတ်ကိုလည်း အထူးပြု ပြီး ကြည့် ရှုစစ်ဆေးပါတယ်။
မေး။ ဝင်ခွင့်က ဘယ်မှာ ရြေမှာလဲ။ ဘယ်တေ့လဲ
ဖြေ။ အောက်မြန်မာပြည်အတွက် ရန်ကကုန် ကွန်ပြူတာတက္ကသိုလ် နဲ့ အထက်မြန်မာပြည်အတွက် မန္တလေး MIIT မှာ ဖြေရပါမယ်။ October မှာ လျောကမွှာခေပြီး၊ November မှာ ဖြေရပါမယ်။ December မှာ ကျောင်းစတက်ရပါမယ်။
မေး။ လူဉ်းရေ ဘက်နှစ်ယောက် ခေါ်တာလဲ။
ဖြေ။ တစ် မေဂျာကို ၆၀ နဲ့ ပေါ်ငး ၁၂၀ ခေါ်မှာပါ။
မေး။ ဝင်ခွင့် သင်တန်းကို MIIT က ဖွင့်တာလား
ဖြေ။ MIIT တက္ကသိုလ် က ဝင်ခွင့်သင်တန်း မဖွင့်ပါဘူး။ အခု ဒီ Page က ဝင်ခွင့်သင်တန်းက YMW Solutions learning hub  က ဖွင့်တဲ့ သင်တန်း ဖြစ်ပါဆယ်။
မေး။ YMW Solutions ဆိုတာဘာလဲ။
ဖြေ။ YMW Solutions ဆိုတာ IT Solutions နဲ့ Professional training ပေးတဲ့ ကုမ္ပဏီ တစ်ခု ဖြစ် ပြီး ရန်ကုန် နဲ့ မန္တလေးမှာ ရုံးဖွင့်လှစ်ထားရှိပါတယ်။ YMW Solutions ရဲ့ Business unit တွေထဲက တစ်ခု ဖြစ်တဲ့ Learning Hub က ပြေီး IT professional training, MBA/MPA Entrance training နဲ့ အခု MIIT ဝင်ခွင့်သင်တန်း ကို ဖွင့်လှစ်တာ ဖြစ်ပါတယ်။
မေး။ YMW Solutions က ဖွင့်လှစ်တဲ့ MIIT ဝင်ခွင့်သင်တန်းမှာ ဘယ်သူ တွေသင်မှာလဲ။
ဖြေ။ ဒီ ဝင်ခွင့်သင်တန်းကို ဦးရဲမင်းဝင်း MSc Knowledge Management (NTU, Singapore) က program director အနေနဲ့ တာဝန်ယူ ထားပြီး တက္ကသိုလ်တွေက ဆရာ၊ဆရာမ များက သင်ကြားပေးမှာ ဖြစ်ပါတယ်။
မေး။ မန္တလေးမို့ပေါ်က မဟုတ်ပါဘူး၊နယ်က လာတက်ရမှာပါ။ အဆောင်စီစဉ်ပေးပါသလား။
ဖြေ။ အဆောင် စီစဉ် မပေးပါဘူး။ ဒါပေမယ့် သင်တန်း တည်နေရာဟာ မန္တလေး ဆေးတက္ကသိုလ် နဲ့ နီးကပ်လို့ သင်တနး နဲ့ နီးတဲ့ နေရာတွေမှာ အဆောင်တွေ ရှိပါတယ်။ နယ်ကသူတွေအတွက် မန္တလေးမှာ ကြကြီး လာမနေရအောင် ၉လပိုင်းထဲ မှာ နောက်ထပ် class တစ်ခု ထပ်မံ ဖွင့်လှစ်ပေးပါမယ်။
မေး။ ဝင်ခွင့်မှာ ဘာတွေ သင်ပေးမှာလဲ။
ဖြေ။ ဝင်ခွင့်မှာ ၁၀တန်း အဆင့် Maths,Physics, Chemistry, physics သင်ရိုးကို အဓိက ထားပြီး အခြား GCE O, A, IGCSE, SAT စာမေးပွဲတွေရဲ့ မေးခွန်းတွေကို လေ့ကျင့် သင်ကြား သွားမှာ ဖြစ်ပါတယ်။
မေး။ ၁၀ တန်း အမှတ် ဘယ်လောက် ဆိုရင် ဝင်ခွင့် အောင်နိုင်သလဲ။
ဖြေ။ရွေးချယ် ပုံက ၁၀တန်း အမှတ်ကို နဲ့ ဝင်ခွင့် အမှတ်ပြန်ပေါင်းတာ ဖြစ်လို့  အမှတ်ကန့်သတ် မထားပေမယ့် အနည်းဆုံး ၄၀၀ ပတ်ဝန်းကျင် လောက်ရှိ နေမှ ဝင်ခွင့်အတွက်ကြိုးစား တာကြိုးစား ရကြိုးနပ်ပါလိမ့်မယ်။ အတိအကျတော့ မပြောနိုင်ပါဘူး။
မေး။ ဝင်ခွင့်သင်တန်း မတက်ဘဲရော ဖြေလို့ရလား
ဖြေ။ လျောက်လွှာ စဝယ်တာနဲ့ ကျောင်းကနေ လေ့ကျင့်ရမယ့်  နမူနာမေးခွန်းတစ်စုံ စီ ပေးပါတယ်။ အဲဒီ မေးခွန်း ပုံစံ တွေကိုကြည့်ပြီး  ၁၀တန်း အဆင့် Theory, concept, ကိုကျေညက်တယ်ဆိုရင် သင်တန်းမတက်ဘဲ နဲ့လဲ ဖြေလို့ရပါလိမ့်မယ်။
မေး။ YMW Solutions က ဖွင့်တဲ့ သင်တန်းက ဘယ်နေ့စမှာလဲ။
ဖြေ။ July 10 ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ အချိန်ကိုတော့ ၁၀ ရက်နေ့မှာကြေငြာပေးပါမယ်။
မေး။ လူဦးရေ ကန့်သတ် ထားပါသလား
ဖြေ။ section တစ်ခုကို အယောက် ၂၀ ကန့်သတ်ထားပါတယ်။
မေး။ အခြားသိချင်တာကို ဘယ်လိုမေးရမှာလဲ။
ဖြေ။ ဖုန်း 0943160682 သို့ 75 လမ်း ၃၁ ၃၂ကြား သင်တန်း တည်နေရာကို လာရောက်မေးမြန်းနိုင်ပါတယ်။
ဦးသားလဲဖြေမယ်။ဦးသိရသလောက် အမှတ်ကန့်သတ်မထားပါဘူး။
ဝင်ခွင့်မေးခွန်းကိုဖြေနိုင်ဖို့အရေးကြီးတာပါ။ မေးခွန်းစာရွက်နဲ့
မေးတာမဟုတ်ဘူးလို့လဲသိရပါတယ်။ဦးအသိတစ်ယောက်ရဲ့သမီးက ၂နှစ်ပီးသွားပီ။ဒီနှစ်က
တတိယနှစ်ပါတဲ့။ whitboard
ပေါ်မှာမေးခွန်းရေးပေးတာပါတဲ့။ဒုတိယနှစ်မှာလဲ Labtop
တစ်လုံးအလကားထပ်ပေးပါတယ်တဲ့။စာမေးပွဲရယ်လို့မဟုတ်ဘဲအပတ်စဉ်လစဉ် ၁၀ဦး
တစ်ဖွဲ့ အဖွဲ့ဖွဲ့ပီးစုပေါင်းလုပ်ဆောင်ပီးအဖွဲ့လိုက်အမှတ်ရတဲ့စနစ်နဲ့ဆန်းစစ်တယ်လို့သိရပါတယ်။နေထိုင်စားကိစ္စကတော့
ကိုယ့်အစီအစဉ်နဲ့ကိုယ်လို့သိရပါတယ်။အိမ်စာသဘောမျိုးအလုပ်တွေကတော့Net Work
ကနေဘဲ အချိန်မရွေးပို့တတ်
လုပ်ခိုင်းတတ်ပါတယ်တဲ့။
အတန်းအောင်စစ်ဆေးတဲ့
စာမေးပွဲမျိုးမရှိပါဘူးတဲ့။
လက်တွေ့နဲ့ဘဲအားလုံးအကဲ
ဖြတ်စနစ်ပါတဲ့။ဝါသနာလဲပါ
စိတ်အားလဲထက်သန်မှဖြစ်မှာပါ။မိဘကထားလို့နေရမှာဆိုရင်တော့အချိန်ပုပ်ပါတယ်။အကျိုးကတော့ရှိပါတယ်။အစအဆုံး On Line & Net Workနဲ့ဘဲအချိန်ပြည့်နီးပါး
သင်တယ်လို့သိရပါတယ်။
ဖုန်းအင်တာနက်လည်းအသုံး
ပြုရမှာဖြစ်ကြောင်းသိရပါတယ်။
သားသမီးချင်းကိုယ်ချင်းစာလျက်ဦးသိရသလောက်မျှဝေ
မိပါတယ်~
စေတနာများစွာဖြင့်…
#credit # Shwe Kyay Lay
ကျ​နော်​တို့၏ Bluesea Mediaမှ ​ဖော်​ပြ​သော
စာစုများသည်​ သက်​ဆိုင်​ ပိုစ့်​ပိုင်​ရှင်​များ၏
အာ​ဘော်​များသာဖြစ်​ပါ​ကြောင်း
သိ​စေအပ်​ပါသည်​.
ပိုစ့်​ပိုင်​ရှင်​များအားလည်း
ပြန်​လည်​မျှ​ဝေခွင့်​ပြုပါရန်​​လေးစားစွာ
မေတ္တာရပ်​ခံပန်​ကြားအပ်​ပါသည်
Bluesea Media
43 Shares
Add a Comment
Your email address will not be published. Required fields are marked *