အင်ဒိုနီးရှား မှာ ရှာဖွေတွေ့ရှိတဲ့ ကမ္ဘာ့အစောဆုံး ဗုဒ္ဓဘုရားရှင် ရုပ်တု နဲ့ ဘုရားကျောင်း

အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အစောဆုံး အထောက်အထား တစ်ခု ဖြစ်လာနိုင်ဖွယ်ရာ ရှိနေတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းကို ပြီးခဲ့တဲ့ရက်တွေ အတွင်းက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လက်ရှိမှာ Mendut Temple မန်ဒု ဘုရားကျောင်း လို့ အမည်ပေးထားတဲ့ ဒီ ဘုရားရှိခိုးကျောင်း ကို လေ့လာပြီးတဲ့ ရှေးဟောင်းသုတေသန သမားတွေရဲ့ အဆိုအရ ဘုရားကျောင်းဟာ လွန်ခဲ့တဲ့ (၉) ရာစု နှစ်ကတည်းက ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ရှေးခေတ် ရဲ့ အနုဗိသုကာ လက်ရာတွေကိုပါ အထင်အရှား လေ့လာနိုင်တာမို့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲကိုပါ အလိုအလျောက် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

၁၈၉၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၉၂၅ ခုနှစ်မှာ ပြီးစီးတယ် လို့ ခန့်မှန်းထားကြတဲ့ မန်ဒုဘုရားကျောင်း ရဲ့ ထူးခြားတဲ့ တည်နေရာတစ်ခု ကတော့ အခု ရှာဖွေတွေ့ရှိခဲ့တဲ့ ဗုဒ္ဓဘုရားရှင် ရဲ့ ကျောင်းတော်ရာ နဲ့ ရုပ်တွေတွေဟာ Pawon Temple ရဲ့ အရှေ့ဘက် ၁ ကီလိုမီတာ အကွာအဝေး ၊ boroduhur ဘုရားကျောင်း အရှေ့ဘက် ၂.၅ ကီလိုမီတာ အကွာဝေးမှာ ရှာဖွေတွေ့ရှိခဲ့တာမို့ ဘုရားကျောင်းသုံးခု ဟာ ဖိုခနောက်ဆိုင် အနေအထားမှာ ထူးထူးခြားခြား တွေ့ရှိရတာ ဖြစ်ပါတယ်။တခြား ထူးခြားမှုကို မတွေ့ရှိပေမယ့် အဲဒီ ဘုရားကျောင်း ၃ ခု ဟာ ပြီးခဲ့တဲ့ ရာစု နှစ်တွေအတွင်း က ရင်းနှီးတဲ့ ကျွမ်းဝင်မှုတွေ ရှိကောင်းရှိနိုင်တယ် လို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။

crd: kyautthinpone

14 Shares

Add a Comment

Your email address will not be published. Required fields are marked *