အဓမ္မပြုကျင့်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ပေါ်တူဂီကြယ်ပွင့် စီရော်နယ်ဒို တုန်လှုပ်သွားစေမယ့် သတင်းဆိုး

Celebrity Big Brother နဲ့နာမည်ကြီးတဲ့ ဂျက်စမင်းလီနာ့ဒ်ဟာ သူ့ရဲ့ရည်းစားဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ပတ်သက်လို့ တွစ်တာကနေတစ်ဆင့် လျို့ဝှက်ချက်အချို့ကို ထုတ်ဖော်လိုက်ရင်း ရော်နယ်ဒိုကို အဓမ္မမှုနဲ့ တရားစွဲဆိုထားတဲ့ ကက်သရင်းမာယောဂါကို ကူညီသွားမယ်လို့ ဆိုလိုက်ပါတယ်။ အသက် (၃၃) နှစ်အရွယ် မော်ဒယ် ဂျက်စမင်းဟာ ပေါ်တူဂီကြယ်ပွင့်ရော်နယ်ဒိုကို စိတ်ဝေဒနာရှင်တစ်ဦးလို့ ကင်ပွန်းတပ်လိုက်ပြီး အကျင့်စရိုက်အမှန်ကို ဖော်ပြသွားဖို့ တွစ်တာမှာ စွပ်စွဲသွားခဲ့ပါတယ်။ ဂျက်စမင်းနဲ့ ရော်နယ်ဒိုတို့ဟာ လွန်ခဲ့တဲ့ (၁၀) နှစ်က လက်တွဲခဲ့ကြတာဖြစ်ပြီး လွန်ခဲ့တဲ့ (၁၈) လလောက်ကလည်း အဆက်အသွယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဂျက်စမင်းရဲ့ တွစ်တာပို့စ်တစ်ခုမှာတော့ “သူ့ရဲ့ ပုံစံအစစ်အမှန်ဟာ ဘယ်လိုလဲဆိုတာကို ဘယ်သူမှမသိကြပါဘူး၊သူတို့သာ သူနဲ့ပတ်သက်တဲ့သဲလွန်စတစ်ဝက်လောက်ရသွားရင် တော်တော်လေးကို တုန်လှုပ်သွားကြမှာပါ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

နောက်ထပ် ပို့စ်တစ်ခုမှာလည်း “ကျွန်မ အများကြီး စဉ်းစားပြီးတဲ့အခါမှာတော့ ကျွန်မအနေနဲ့ မာယောဂါနဲ့ သူ့ရဲ့ ရှေ့နေအဖွဲ့ဆီကို သွားပြီး ရော်နယ်ဒိုကို အဓမ္မမှုနဲ့ တရားစွဲထားတာနဲ့ ပတ်သက်လို့ အကူအညီပေးဖို့ ကမ်းလှမ်းသွားတော့မှာပဲ ဖြစ်ပါတယ်၊ ကျွန်မအနေနဲ့ဒီအတိုင်းထိုင်ပြီး သူလိမ်တာတွေကို ကြည့်နေမှာမဟုတ်တော့ပါဘူး၊ ကျွန်မ တတ်နိုင်သလောက် မာယောဂါကိုကူညီပေးသွားမှာပါ၊ကျွန်မဆီမှာ မက်ဆေ့ခ်ျတွေ၊ မှတ်တမ်းဖိုင်တွေ ရှိပါတယ်၊ ဒါတွေက သူ့ရဲ့ပုံစံအစစ်အမှန်ကို ဖော်ပြထားတာ ဖြစ်တဲ့အတွက် မာယောဂါနဲ့သူ့ရဲ့ အဖွဲ့အတွက် တန်ဖိုးဖြတ်လို့တောင် မရတဲ့ အရာတွေ ဖြစ်လာမှာပါ” လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ရော်နယ်ဒိုကတော့ မာယောဂါရဲ့ စွပ်စွဲချက်တွေ အားလုံးကို ငြင်းဆိုထားပါတယ်။

ဂျက်စမင်းလီနာ့ဒ်ရဲ့ နောက်ထပ်တွစ်တာပို့စ်တစ်ခုမှာလည်း “ကျွန်မဆီမှာ သူ့ရဲ့မက်ဆေ့ခ်ျတွေ ရာချီပြီးတော့ ရှိပါတယ်၊မာယောဂါရဲ့ အဖြစ်အပျက်လို ပုံစံမျိုး လိင်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးတွေ အပါအဝင်ပေါ့၊ သူဟာ အနိုင်ကျင့်သူတစ်ဦးဖြစ်ပြီးလူလိမ်တစ်ဦးဖြစ်တဲ့အပြင် (သောက်ကျိုးနဲ) စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ပါတယ်၊ ကျွန်မ ဝေမျှမယ့်အကြောင်းအရာတွေကို ဘယ်သူမှတောင် ယုံကြည်နိုင်မှာ မဟုတ်ပါဘူး၊ ကျွန်မဆီမှာ အထောက်အထားသာ မရှိရင် ကျွန်မဘာမှ လုပ်မှာမဟုတ်ပါဘူး၊ ကျွန်မကလည်းပါးနပ်တဲ့ လူတစ်ယောက်ပါ၊ ဒါပေမယ့်လည်း ကျွန်မဆီမှာ အထောက်အထားတစ်ပုံတစ်ပင်ရှိနေပါတယ်၊ မကြာခင် ဘူးပေါ်သလိုပေါ်လာတော့မှာပါ” လို့ ရေးသားသွားခဲ့ပါတယ်။ ဒါတွေကတော့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ဂျက်စမင်းရဲ့ ပို့စ်အချို့သာဖြစ်ပြီး ဒီထက် ပိုပြီး သိချင်တယ်ဆိုရင်တော့ တွစ်တာမှာ QUEEN OF THE DAMNED ဆိုတဲ့ အကောင့်ကို ရှာဖွေပြီး သွားရောက်ဖတ်ရှုနိုင်ပါတယ်။

crd:bahuthuta

4 Shares

Add a Comment

Your email address will not be published. Required fields are marked *