ပဲခူးတိုင်း လက်ပံတန်းမှာ ဖိလစ်ပိုင် လာအို ချက် ဗီယက်နမ် ၄နိုင်ငံမှ ကျောင်းသား ၇ယောက်ပေါင်း၊ ဆန်ကုမ္ပဏီလာထောင်ပြီး ဒေါ်လာ ၁သန်း စွန့်ဦးတီထွင်ဆုရရှိ

ပဲခူးတိုင်း လက်ပံတန်းမှာ
ဖိလစ်ပိုင် လာအို ချက် ဗီယက်နမ် ၄နိုင်ငံမှ
ကျောင်းသား ၇ယောက်ပေါင်း၊
ဆန်ကုမ္ပဏီလာထောင်ပြီး ဒေါ်လာ ၁သန်း
စွန့်ဦးတီထွင်ဆုရရှိ

ဆန်အခြောက်ခံလုပ်ငန်းကုမ္ပဏီထောင်တဲ့
ကျောင်းသားတစ်စု လူငယ်စွန့်ဦးတီထွင်မှုဆု
Hult Prize ဒေါ်လာ၁သန်းတန်ဆုရရှိ

ဒီဆုကို အမေရိကန်သမ္မတဟောင်း Bill Clinton
ကချီးမြှင့်ခဲ့ပါတယ်

ဖိလစ်ပိုင် လာအို ချက် ဗီယက်နမ် ၄နိုင်ငံမှ
ကျောင်းသားတစုဟာ ပဲခူးတိုင်း
လက်ပံတန်းမှာ စွန့်ဦးတီထွင်လုပ်ငန်းကိုစတင်ခဲ့တာဖြစ်ပြီး လယ်သမားတွေ မိုးစိုစပါး အောက်ဈေး
နဲ့ထိုးရောင်းနေရတာတွေကို ကူညီဖြေရှင်းဖို့
ဦးတည် ဆောင်ရွက်ခဲ့ပါတယ်

မိရိုးဖလာ နေလှန်းဆန်တွေဟာ  ရေငွေ့ပါဝင်မှုကြောင့်
ဈေးကွက်မှာ ဈေးကောင်းမရဘဲ အနှိမ်ခံနေရတာပါ

လယ်သမားတွေခမျာ ရာသီဥတုဖေါက်ပြန်လို့
အချိန်အခါမဟုတ် မိုးရွာရင် နောက်ရာသီစိုက်ဖို့မပြောနဲ့ စားဖို့တောင် မရှိဖြစ်နေကြတာပါ

ဒီလုပ်ငန်းအရှိန်မြှင့်ဖို့ရှိပြီး အောင်မြင်လာရင်
မြန်မာ့လူဦးရေရဲ့ ၆၀%သော တောင်သူလယ်သမားတွေရဲ့
ဝင်ငွေနဲ့ လူနေမှုဘဝတွေကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်

ဒီဆုကို ကမ္ဘာတဝှမ်းကျောင်းသား ၁၀၀၀၀ ကျော်
ဝင်ပြိုင်ခဲ့တာဖြစ်ပြီး ဆိုလာနေစွမ်းအင်သုံး လုပ်ငန်း
နဲ့ နောက်ဆုံးယှဉ်ပြိုင်ပြီးမှ ဆင်းရဲသားတွေအတွက်
ပိုအကျိုးပြုနိုင်တဲ့ ဆန်အခြောက်ခံ လုပ်ငန်းကို
ပေးအပ်ခဲ့တာဖြစ်ပါတယ်

မြန်မာ့လယ်သမားတွေကိုကူညီဖို့ သူများနိုင်ငံက ကျောင်းသားတွေက ကြိုးစားနေချိန် မြန်မာ
တစ်ယောက်မှ မပါဘူးဆိုတော့ ဖက်ရင်းနဲ့ ရှက်မိပါရဲ့😫😫😫

Cd. goes to Ko Aung Myo Thant

https://www.prospectsasean.com/the-nobel-prize-for-students-rice-startup-from-myanmar-wins-1-million-dollars/

ကျ​နော်​တို့၏ Bluesea Mediaမှ ​ဖော်​ပြ​သော
စာစုများသည်​ သက်​ဆိုင်​ ပိုစ့်​ပိုင်​ရှင်​များ၏
အာ​ဘော်​များသာဖြစ်​ပါ​ကြောင်း
သိ​စေအပ်​ပါသည်​.
ပိုစ့်​ပိုင်​ရှင်​များအားလည်း
ပြန်​လည်​မျှ​ဝေခွင့်​ပြုပါရန်​​လေးစားစွာ
မေတ္တာရပ်​ခံပန်​ကြားအပ်​ပါသည်
Bluesea Mediaj

6 Shares

Add a Comment

Your email address will not be published. Required fields are marked *