တောင်ကြီးမြို့  ကံကြီးရပ်ကွက်တွင် အမျိုးသားတစ်ဦးအား ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိ။

6 Shares

တောင်ကြီးမြို့  ကံကြီးရပ်ကွက်တွင် အမျိုးသားတစ်ဦးအား ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိ။
……………………………………………………………
#ကမ္ဘောဇတိုင်း

.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ၊ ကံကြီးရပ်ကွက်၊ နယ်မြေ (၁)၊ ရတနာလမ်းမပေါ်တွင် ဇန်နဝါရီလ ၉ ရက်၊ ညပိုင်းက အမျိုးသားတစ်ဦးအား ဆိုင်ကယ်တစ်စီးဖြင့် မှောက်လျက် လဲကျကာ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။

 


.
သေဆုံးနေသူ အမျိုးသားမှာ မှောက်လျှက်အနေဖြင့် ယာဘက်လက်ပြင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ နောက်ကျော ယာဘက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ခါးဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ခါးယာဘက် ထိုးသွင်းဒဏ်ရာ ၁ ချက်နှင့် ယာဘက်ရင်ဘတ် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ဖမိုး ပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသွားသူ အမျိုးသားမှာ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်နေ သူရပိုင်စိုး ဆိုသူဖြစ်ပြီး သေဆုံးသည့် အကြောင်းအရင်းအား မသိရှိရသေးဘဲ ရုပ်အလောင်းအား ရဲဆေးစာဖြင့် တောင်ကြီးမြို့ ၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါအမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့ မရဲစခန်းမှ (ပ) ၅၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan #တောင်ကြီး

http://www.kanbawzatainews.com/2019/01/blog-post_49.html

 

ကျ​နော်​တို့၏ Bluesea Mediaမှ ​ဖော်​ပြ​သော
စာစုများသည်​ သက်​ဆိုင်​ ပိုစ့်​ပိုင်​ရှင်​များ၏
အာ​ဘော်​များသာဖြစ်​ပါ​ကြောင်း
သိ​စေအပ်​ပါသည်​.
ပိုစ့်​ပိုင်​ရှင်​များအားလည်း
ပြန်​လည်​မျှ​ဝေခွင့်​ပြုပါရန်​​လေးစားစွာ
မေတ္တာရပ်​ခံပန်​ကြားအပ်​ပါသည်
Bluesea Media

 

6 Shares

Add a Comment

Your email address will not be published. Required fields are marked *