အလွဲ နဲ့ အမှား

🍁 အလွဲ နဲ့ အမှား
🍂🍂🍂🍂🍂

ညတစ်ညမှာ
လူတစ်​​ယောက်​ဟာ
အရက်​မူးပြီး
အိမ်​ပြန်​လာပါတယ်​. . . . ။

အိမ်​​ရှေ့​ရောက်​​တော့ –
” မိန်းမ​ရေ တံခါးဖွင့်​အုံး” လို့ 
အော်​​ခေါ်​ပေမဲ့
အထဲက ပြန်​လည်းမထူး
တံခါးလည်း လာ မဖွင့်​​ပေးတာနဲ့
တံခါးကို ရိုက်​ချိုးပြီး
အိမ်​ထဲ ဝင်​လာခဲ့ပါတယ်​. . . . . ။

 

 

လူ​ကလည်း… !
အရက် ​အရမ်းမူး​နေ-
မိန်းမဖြစ်​သူကကလည်း
အိမ်​တံခါး လာ မဖွင့်​​ပေး​တော့
” တောက်​” တ​ခေါက်​​ခေါက်​နဲ့
စိတ်​​တွေ တအား တိုလာတာ​ပေါ့. . . . . . .

” မတာမ – … !
နင်​ ​သေဖို့သာပြင်​ -“. . .

ဒါနဲ့ …. !
အိပ်​ခန်းထဲကို ​ရောက်​​တော့
သူ့မိန်းမဟာ –
သူ လုံးဝ ထင်​မထားတဲ့
အပြုအမူကို ပြုလုပ်​​နေတာကို
တအံ့တသြ​တွေ့လိုက်​ရပါတယ်​. . . . . .

” ဟင်​ ”

အဲ့ဒါက​တော့
သူ့မိန်းမဟာ
အခြား​ယောက်​ကျားတစ်​​ယောက်​နဲ့
အိပ်​ခန်းထဲမှာ
ချစ်​​ရေလူး​နေတာပါဘဲ . . . . . . .

သူဟာ …. !
အရမ်း အရမ်းကို
တုန်​လှုပ်​သွားသလို-
အိပ်​ခန်းထဲက
မိန်းမဖြစ်​သူနဲ့
တစိမ်း​ယောက်ျားတို့ဟာလည်း
သူ့ကိုမြင်​​တော့ –
တို့လို့တန်းလန်းနဲ့
အံ့သြတကြီး
ကြည့်​လိုက်​ကြပြီး
လန့်​ဖြန့်​သွားကြပါတယ်​. . . . . .

” ဟင်​ ရှင်​ ရှင်​ –”

” ဟာ ခင်​​ဗျား ခင်​​ဗျား

သူလည်း …. !
ဒေါသ​တွေ ငယ်​ထိပ်​​ရောက်​​နေ​တော့ –
ဘာကိုမှ မမြင်​နိုင်​​တော့ပဲ –
တစိမ်း​ယောက်ျားဖြစ်​သူကို
အ​ပေါ်က​နေ ခွစီးပြီး
စိတ်​ကြိုက်​ ထိုးကြိတ်​​တော့တာ​ပေါ့. . . . . . . .

” ငိုးမသား … !
ကြာကူလီ​ကောင်​ – 
သေစမ်း ​သေစမ်း ”

” ကဲကွာ – ကဲကွာ ”

” ဒုတ်​ ”

” ခွက်​ ”

” ရှင်​ ရှင်​ — !
ဘာလုပ်​တာလဲ –
ခုချက်​ချင်း ရပ်​စမ်း ”

ဒါကို … !
မိန်းမဖြစ်​သူက
လာ တား​တော့
မိန်းမဖြစ်​သူကိုလည်း
ပါး​တွေ ဘယ်​ပြန်​ညာပြန်
ရိုက်​ချ ပစ်​လိုက်​ပြန်​တယ်​. . . . . . .

” ​အောင်​မာ … !
ကောင်​မက လင်​ငယ်​ကို
ထိ​တော့ နာတယ်​​ပေါ့ ​- ”

” ကဲဟာ ”

” ဖြန်း –ဖြန်း ”

ထိုအခါ
မိန်းမဖြစ်​သူလည်း 
ကြောက်​အားလန့်​အားနဲ့
အော်​ဟစ်​ အကူအညီ 
တောင်းပါ​တော့တယ်

” လာကြပါအုံးရှင်​ –
ကယ်​ကြပါအုံး – .. !
ဒီမှာ လူတစ်​​ယောက်
ကျမတို့ အိမ်​ထဲကို
ဝင်​ပြီး ရမ်းကား​နေလို့ပါရှင့်​ “. . . . . . . . .

” ဟင်​ ”

မိန်းမဖြစ်​သူရဲ့ 
အော်​သံ​ကြောင့်
သူလည်း … !
အံ့သြပြီး ဇ​ဝေဇဝါ
ဖြစ်​သွားပါတယ်​. . . . . . .

ဒါနဲ့
သူဟာ… !
အိပ်​ခန်းထဲကိုလည်း 
သေချာပြန်​ကြည့့် –
မိန်းမဖြစ်​သူကိုလည်း 
သေချာ ပြန်​ကြည့်
လိုက်​ပြီး
-အခုလို ​…. !
ရေရွတ်​ ​​လိုက်​ပါ​တော့တယ်

” ဟာ — ​သောက်​ဂွ – !
ငါ အိမ်​ ​မှား ဝင် လာ မိ ပြီ ” တဲ့. . . . . . . . . .
————————————

#လူချွန်​​တော်
Sai Laung Hein
Credit to original writer
Copy by Hades

4 Shares

Add a Comment

Your email address will not be published. Required fields are marked *