ရီရတာ အူ​တွေကိုနာလို့

“အစ်​ကိုဖွင့်​​ပေးပါ…

“ဟမ်​..ဘာလား​ဗျ…

“​ဖေစဖုတ်​..ဖွင့်​​ပေးပါ…

“​ဖေ့ဘုတ်​ပါ​ဗျ..ဘယ်​နှယ်​..​ဖေစဖုတ်​ကမှာလဲ…

“ဟုတ်​အာ့ဖွင့်​​ပေးပါ…

“ငါး​ထောင်​ကျမယ်​​နော်​…

“​ငွေ​ရေး​ကြေး​ရေး စကားလာ​ပြောနဲ့….

“အု…

ငတိကဆိုင်​ထည်းဝင်​လာထည်းက​ထောင့်​မကြိုးဘူးတစ်​​လောကလုံးကသူ့ထမင်းစားထားတဲ့မျက်​နာနဲ့အင်္ဂလိပ်​စပီကင်​လဲမ​ပြောတတ်​​ပြောလိုက်​တိုင်းလဲတံ​တွေး​တွေအဖတ်​လိုက်​မျက်​နာလာစင်​တယ်​..ကံ​ကောင်းတယ်​​ချောင်းဆိုး​နေတဲ့အချိန်​ဆိုသလိပ်​​တွေပါလာကပ်​မှာ…

“နာမည်​​ပြော…

“ဆယ်​လီ..ဆယ်​လီ..​ဗိုလ်​​အောင်​ခင်​…

“ဟမ်​..​ဗိုလ်​​အောင်​ဒင်​ လဲမဟုတ်​ဘူး…

“ဟက်​အမ်း..​ကျော့်​နာမည်​​အောင်​ခင်​…မိုင်​နို်​င်းအစ်​လ်​ ​အောင်​ခင်​…

“​My Name Is ပါ​ဗျာ…

“​အေး​ဗျာ..ခင်​​ဗျား​ပြောတဲ့အစ်​…

“ကဲရပြီ​ဗျာ..ငါး​ထောင်​ကြတယ်​…

“ပလုံပလံလုပ်​​ပေး​နော်​…

“ဘာတုန်း​ဗျပလုံပလံ…..

“ကျွန်​​တော်​အ​ကောင့်​မှာအဝိုင်းပုံ​လေးမှာကျွန်​​တော်​ပုံ​ပေါ်​အောင်​​လေ…

“Profile ပုံလား…

“အင်း..အာ့..အာ့…

“ဘယ်​ပုံ​တင်​မှာလဲ…

“360 နဲ့ရိုက်​ထားတဲ့ပုံ​လေး…

“ဟုတ်​…

“အာ့မှလိုင်​ကီးတဲ့လူများမှာ…

“ဟမ်​…ခင်​​ဗျားရိုင်းလှချည်​လား…

“အမ်​..ဘယ်​မှာရိုင်းလို့လဲ​ဗျ…လိုင်​ကီး လိုချင်​လို့​ပေါ့….

“​အေး​လေ..အာ့လိုင်​ကီးဆိုတာ​ပြောင်းပြန်​လှန်​ရင်​ရိုင်းတာ​ပေါ့​ဗျ…

“အာ​ဗျာ..သူများ​တွေလဲတင်​​နေတာပဲ..ခင်​ရင်​လိုင်​ကီး​ပေးခဲ့​လေဆိုတာ..

“​တောက်​…ခင်​တာနဲ့ လိုင်​ကီး ​ပေးစရာလား​ဗျ…

“ကျစ်​ပိန်းပ​ဗျာ…လိုင်​ကီးဆိုတာလက်​မပုံ​လေး​လေ​ဗျာ…

“အမ်​… Like ပါ​ဗျ…

“​အေးခ​ဗျား​ပြောတဲ့ဟာလိုချင်​တာ…

“​အေး​ဗျာလုပ်​​ပေးထားတယ်​…

“ပြီး​ကော…

“ပြီးပြီပိုက်​ပိုက်​​ပေးလစ်​​တော…

”မပြီး​သေးဘူး…

“အမ်​ဘာကျန်​….

“အစ်​စတာဂရင်​​လေးပါဖွင့်​​ပေး…

“အစ်​စတာဂရင်​​တော့မရှိဘူး​ဗျ…မျက်​နာလိမ်းတဲ့​နေ​ဗီယာခရင်​​တော့ရှိတယ်​..

“အာ့…မျက်​နာလိမ်းတဲ့ဟာမဟုတ်​ဘူး​ဗျာ..လို်င်းသုံးတဲ့ဟာ…

“Instagram လား…

“ဟုတ်​..

ကျစ်​..instagram ကို​တောင်​မှ အစ်​စတာဂရင်​ တဲ့​ဗျာ..​ပြောကိုမ​ပြောချင်​​တော့ဘူးမျက်​နာကဖရိုဖရဲနဲ့​တောဇီးကွက်​မီးဖွားတုန်းအချင်းမကျတဲ့ရုပ်​နဲ့​ပြောလိုက်​ရင်​ဘိုလို​ခြေ​ထှောက်​မှာကျသမန်းဆီ​တွေတတ်​လို့…

“​ညေး..တစ်​​ထောင်​ထပ်​ကျတယ်​​နော်​…

“ကျစ်​..​ငွေ​ရေး​ကြေး​ရေး မ​ပြောပါနဲ့ဆို​ဗျာ…

“ရပြီ..​ပေး​တော့​ခြောက်​​ထောင်​…

“မပြီး​သေးဖူးဘဒို…

“ဟမ်​..ဘာကျန်​​သေး…

“ဘုတို ဖွင့်​​ပေး…

“အာဘယ်​ကဘုတိုလဲမသိဘူး..ကျွန်​​တော်​သွားသမျှ KTV ​တွေထည်းမှာအဲ့​စော်​နာမည်​မကြားဖူးဘူး…

“အာဘဒိုကလဲပိန်းလိုက်​တာ​ဗျာ…ဖုန်းဆိုင်​ဖွင့်​လို့..ငပိသာ​ရောင်းရင်​သူများ​ရောင်းစားတာခံရတယ်​…

“ကျစ်​..ဘုတို ကိုသိဘူး​ဗျဘယ်​ဟာလဲ…

“ကျစ်​…ပျားပုံ​လေးနဲ့​လေ​ဗျာ…

“အာ Bee Talk ပါ​ဗျ….

“​အေး..အာ့​တော့…..

“ရမယ်​​ဗျာရမယ်​…

ငတိက​ကျေနပ်​သွားပုံရတယ်​..ငတိကလူကသာဘိုလိုမ​ပြောတတ်​တာ​ဗျ..ဆံပင်​ကို​တောင်​အဝါ​လေးဆိုးထားလိုက်​​သေးတယ်​..ဘိုဆန်​​အောင်​ထင်​တယ်​…(စာ​ရေးသူနဲ့ခပ်​​ဆင်​ဆင်​​ပေါ့​ဗျာ..ဟဲဟဲ)စကားချပ်​ပါ..

“ရပြီ​ညေးအဲ့မှာ…

“​လောင်းစ​ကေရှင်​ဖွင့်​ထားလား…

“ဘာလဲသ​လောင်းစ​ကေရှင်​ ဆိုတာ..​ဘောပွဲ​တွေဘာ​တွေလို​လောင်းရတာလား..

“ကျစ်​…​တော်​​တော်​တုံးတာပဲ…တည်​​နေရာကို​ပြောတာ…

“Location ပါ​ဗျာ…..

“​အေးခ​ဗျား​ပြောတဲ့ရှင်း ….

“ဖွင့်​​ပေးထားတယ်​အနီးအနားက Fri ​တွေကိုရှာ​ပေါ့…

“ပြီး​ကော​ဗျာ…..

“​ညေး​ခြောက်​​ထောင်​ငါးရာ​ပေး​တော့….

“မပြီး​သေးဘူး​လေ….

“ဟမ်​ဘာကျန်​​သေးတာလဲကွာ….

“ဝှီးချဲ​လေးပါဖွင့်​​ပေး…..

“ကျစ်​…ဝှီးချဲကဖွင့်​ရတာမဟုတ်​ဘူးကွတွန်းရတာ…

“တွန်းတဲ့ဝှီးချဲမဟုတ်​ဘူး​ဗျ…..

“​ဗျာ..ဘယ်​လိုမျိုးလဲ….

“​စော်​​ဒေနဲ့​ပြောတာ​ဗျာ….

“We Chat လား….

“​အေးခ​ဗျား​ပြောတဲ့ချက်​…

တောက်​…..We Chat ကိုများဝှီးချဲတဲ့..တီထွင်​တဲ့​ကောင်​ကြားရင်​မျက်​နာကိုဓားနဲ့ဘယ်​​လောက်​များလှီးချင်​လိုက်​မလဲ…ငတိက​တော့​အေး​ဆေးပဲဟိုကြည့်​ဒီကြည့်​နဲ့သူမဟုတ်​သလို..ဖုန်းကာ​ဗာ​တွေ​တောင်​လိုက်​ကြည့်​​နေလိုက်​​သေး…

“ရပြီ​ညေး…ခွန်​နစ်​​ထောင်​​ပဲ​ပေးပါကွာ…

“အွင့်​​ပေးမှာ​ပေါ့…

“​အေး​ညေး….

“မ​အေး​သောင်းကို Follow လုပ်​​ပေးထား​နော်​ Facebook မှာ..

“​အေးပါကွာလုပ်​​ပေးထားတယ်​…

“​ရော့..ခွန်​နစ်​​ထောင်​…

ငတိက​ကျေနပ်​သွားပုံရတယ်​…ဖုန်း​ယူပြီး အင်္ဂလိပ်​သီချင်း​လေးကိုဖွင့်​ပြီး​အော်​ကြီးဟစ်​ကျယ်​​ပြောသွားတယ်​…

နောက်​​နေ့ဖိုင်​​ဘာ တို့ လမ်း တို့ တွမ်​ခုံ တို့လာထည့်​အုန်းမယ်​​နော်​တဲ့…

တောက်​…..​ဆိုင်​​ပြောင်း​ဖို့​နောက်​ထပ်​တစ်​​နေရာရှာရအုန်းမယ်

Copy

4 Shares

Add a Comment

Your email address will not be published. Required fields are marked *