လကမၻာ ဆီ လူသား​ေတြ ဘယ္​လုိခရီးႏွင္​ခဲ့ၾကသလဲ???

Zawgyi]လူသားတို႔ လကမာၻေပၚတြင္ ေျခမခ်ေသးမီ ကမာၻ႔အႀကီးဆုံးႏိုင္ငံႏွစ္ခုျဖစ္ေသာ အေမရိကန္ျပည္ေထာင္စုႏွင့္ ႐ုရွားႏိုင္ငံ(ထိုခ်ိန္က ဆိုဗီယက္႐ုရွားႏိုင္ငံ USSR) တို႔သည္ စက္႐ုပ္မ်ားေစလႊတ္ၿပီး လအား ေလ့လာခဲ့ၾကသည္။ ထိုစက္႐ုပ္မ်ားသည္ လကမာၻအား အနီးကပ္ေလ့လာခဲ့ၾကၿပီး၊ လ ပတ္ပတ္လည္ ပ်ံသန္းခဲ့ၾကသည္။ ထို႔ေၾကာင့္လည္း လူန ၂ ဟုေခၚေသာ လကမာၻေလ့လာေရးယဥ္သည္ ထိုအေပၚတြင္ပင္ ပ်က္က်ခဲ့ေလသည္။ ထိုစက္႐ုပ္မ်ားသည္ လူသားတို႔ျပဳလုပ္ထားသည့္ ပထမဆုံးေသာ လေပၚေျခခ်ခဲ့သည့္ ယာဥ္မ်ားပင္ျဖစ္သည္။

 

 

ဤသို႔ လမ်က္ႏွာျပင္ စူးစမ္းေရး အာကာသယာဥ္မ်ား တင္လႊတ္ေရးကိစၥတြင္ ဆိုဗီယက္ယူနီယံႏွင့္ အေမရိကန္ျပည္ေထာင္စုႏိုင္ငံတို႔သည္ ေငြအေျမာက္အျမား အကုန္ အက်ခံကာ ေဆာင္႐ြက္လ်က္ရွိရာ ကမာၻေျမမွ မျမင္ရသည့္ လ၏အစိတ္အပိုင္းမ်ားကို ဓာတ္ပုံမ်ား ႐ိုက္ကူး ယူႏိုင္ခဲ့သည္။ လမ်က္ႏွာျပင္အေၾကာင္း ပိုမိုသိရွိလာျပန္သည္။ ၁၉၅၉ ခုႏွစ္ စက္တင္ဘာလ ၁၂ ရက္ေန႔တြင္ ႐ုရွားတို႔ သည္ လဆီသို႔ အေရာက္ ပစ္လႊတ္လိုက္ေသာ ဒုံးပ်ံအထက္ပိုင္း (လမ်က္ႏွာျပင္ ေလ့လာေရးယာဥ္)သည္ ႀကံ႐ြယ္ထား သည့္ ပစ္ကြင္းႏွင့္ မိုင္ ၁၆ဝ အကြာ (မာရီစီရီနီတာတစ္ေဒသ)တြင္ လႏွင့္ ထိေတြ႕ခဲ့သည္။ ၁၉၆၄ ခုႏွစ္ ဇူလိုင္လ ၂၈ ရက္ေန႔တြင္ အေမရိကန္တို႔ ပစ္လႊတ္လိုက္ေသာ အက္တလတ္ ေအဂ်ီနာဒုံးပ်ံက တင္ေဆာင္သြားသည့္ ရိမ္းဂ်ား ၇ အာကာသ ယာဥ္သည္ (ဂအာရစ္ကီခ်ိဳင့္ဝွမ္းအနီးတြင္) လမ်က္ႏွာျပင္ႏွင့္ ထိေတြ႕ခဲ့သည္။ ပါသြားသည့္ ကင္မရာမ်ားက ဓာတ္ပုံ႐ိုက္ကူး ႏိုင္ခဲ့၍ အလုံးစုံ ေအာင္ျမင္သည္။ လမ်က္ႏွာျပင္အေၾကာင္းလည္း ယခင္ကထက္ ပိုမိုသိရွိလာခဲ့ရျပန္ေလသည္။

 

 

ထို႔ေနာက္ လူသားတို႔သည္ လကမာၻေပၚသို႔ ဆင္းသက္ရန္ႀကိဳးစားခဲ့ၾကၿပီး ဇူလိုင္လ ၂၁ ရက္ေန႔၊ ေအာက္တိုဘာလ၊ ၁၉၆၉ခုႏွစ္တြင္ ေျခခ်ႏိုင္ခဲ့သည္။ အေမရိကန္လူမ်ိဳး အာကာသယာဥ္မႉးမ်ားျဖစ္သည့္ အယ္စေထာင္းရ္၊ ဘက္ဇ္ အယ္ဒရင္းတို႔သည္ လ၏မ်က္ႏွာျပင္ေပၚသို႔ ၎တို႔၏ သိန္းငွက္အမည္ရွိ လဆင္းယာဥ္ျဖင့္ ဆင္းသက္ခဲ့ၾကသည္။ ထို႔ေနာက္ ကမာၻေပၚရွိ ထက္ဝက္ခန႔္ေသာ လူတို႔သည္ ၎အား ႐ုပ္ျမင္သံၾကားမွတဆင့္ ၾကည့္ရႈေနခဲ့ၾကသည္။ အမ္းစထေရာင္းသည္ သိန္းငွက္ေလွကားမွတဆင့္ ေအာက္သို႔ဆင္းလာၿပီး လ၏ ေျမမ်က္ႏွာျပင္ႏွင့္ ပထမဆုံး ထိေတြ႕ခဲ့ေလသည္။ ထို႔ေနာက္ သူက “ ဒီဟာက လူတစ္ဦးတြက္ ေသးငယ္တဲ့ အဆင့္ျဖစ္ၿပီး လူလို သတၱဝါတစ္ဦး၏အတြက္ ႀကီးမားတဲ့ ခုန္ေပါက္မႈတစ္ခုပါ” ဟုေျပာေလသည္။ မ်ားမၾကာမီ ဘက္ဇ္အယ္ဒရင္း သည္လည္း လိုက္ဆင္းလာခဲ့သည္။ ထို႔ေနာက္ သူတို႔ႏွစ္ဦးသည္ အေမရိကန္ျပည္ေထာင္စုအလံအား ၎တို႔ယဥ္ဆင္းသက္သည့္ ေနရာႏွင့္ မနီးမေဝးတြင္ စိုက္ထူရန္ႀကိဳးပမ္းၾကသည္။

 

 

 

 

သူတို႔ႏွစ္ဦး၏ ေျခရာမ်ားသည္ လေပၚတြင္ ထင္က်န္ရစ္ခဲ့ၿပီး အလြန္ၾကာေညာင္းေသာ္လည္း ထိုေနရာတြင္ပင္ ရွိေနေလသည္။ အကယ္၍ သင္သည္ ကမာၻေျမေပၚတြင္ သင္၏ေျခရာအား ခ်န္ခဲ့မည္ဆိုပါက ထိုေျခရာသည္ ေလ၊ ေရ၊ႏွင့္ မိုးတို႔ေၾကာင့္ ပ်က္စီးသြားမည္ ျဖစ္သည္။ သို႔ေသာ္ လတြင္မူကား ေလမရွိ၊ ေရမရွိ၊ ႏွင့္ ျဖစ္ေလသည္။ ထို႔ေၾကာင့္ ၎တို႔၏ ေျခရာမ်ားသည္ ေပ်ာက္ကြယ္သြားျခင္း၊ ပ်က္စီးသြားျခင္းမရွိခဲ့ေခ်။ လူအခ်ိဳ႕က သူတို႔သည္ လကမာၻေပၚသို႔ အမွန္တကယ္ မေရာက္ခဲ့ေခ်ဟု ေျပာဆိုၾကသည္။ ထို႔ေနာက္ လေပၚရွိ လူတို႔ ဓာတ္ပုံမ်ားမွာလည္း အတုမ်ားသာလွ်င္ျဖစ္ၿပီး လေပၚမွ ယူေဆာင္လာေသာ ေက်ာက္တုံးေက်ာက္ခဲမ်ားမွလည္း အတုအေယာင္မ်ားသာလွ်င္ ျဖစ္သည္ဟု ေျပာဆိုၾကသည္။ သို႔ေသာ္ ထိုသို႔ေျပာဆိုသူမ်ား မွားေနသည္ဟု သက္ေသျပရန္အတြက္ကား အလြန္ပင္ ရႈပ္ေထြးလွေသာ အျငင္းအခုံမ်ားပင္ ျဖစ္ေပလိမ့္မည္။

 

 

၁၉၆၉ ခုႏွစ္ႏွင့္ ၁၉၇၂ ခုႏွစ္အၾကား အာကာသသေဘၤာတစ္ခုျဖစ္ေသာ အပိုလို-၁၇ သည္ လကမာၻေပၚသို႔ ေနာက္ဆုံးလည္ပတ္ခဲ့သည့္အထိ လူအေတာ္မ်ားမ်ားသည္ လေပၚသို႔ ခရီးထြက္ခဲ့ၾကသည္။ ၂၀၀၈ ခုႏွစ္ကတည္းကပင္ ဦးဂ်န္းနီ ဆာမန္းသည္ အပိုလို ၁၇ တြင္ ပါဝင္ေသာ သူတစ္ဦးျဖစ္ၿပီး သူသည္ လကမာၻေပၚသို႔ ေနာက္ဆုံးဆင္းသက္ခဲ့ေသာ လူသားပင္ျဖစ္ေလသည္

 

 

Unicode]လူသားတို့ လကမ္ဘာပေါ်တွင် ခြေမချသေးမီ ကမ္ဘာ့အကြီးဆုံးနိုင်ငံနှစ်ခုဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံ(ထိုချိန်က ဆိုဗီယက်ရုရှားနိုင်ငံ USSR) တို့သည် စက်ရုပ်များစေလွှတ်ပြီး လအား လေ့လာခဲ့ကြသည်။ ထိုစက်ရုပ်များသည် လကမ္ဘာအား အနီးကပ်လေ့လာခဲ့ကြပြီး၊ လ ပတ်ပတ်လည် ပျံသန်းခဲ့ကြသည်။ ထို့ကြောင့်လည်း လူန ၂ ဟုခေါ်သော လကမ္ဘာလေ့လာရေးယဉ်သည် ထိုအပေါ်တွင်ပင် ပျက်ကျခဲ့လေသည်။ ထိုစက်ရုပ်များသည် လူသားတို့ပြုလုပ်ထားသည့် ပထမဆုံးသော လပေါ်ခြေချခဲ့သည့် ယာဉ်များပင်ဖြစ်သည်။

 

 

ဤသို့ လမျက်နှာပြင် စူးစမ်းရေး အာကာသယာဉ်များ တင်လွှတ်ရေးကိစ္စတွင် ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံတို့သည် ငွေအမြောက်အမြား အကုန် အကျခံကာ ဆောင်ရွက်လျက်ရှိရာ ကမ္ဘာမြေမှ မမြင်ရသည့် လ၏အစိတ်အပိုင်းများကို ဓာတ်ပုံများ ရိုက်ကူး ယူနိုင်ခဲ့သည်။ လမျက်နှာပြင်အကြောင်း ပိုမိုသိရှိလာပြန်သည်။ ၁၉၅၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရုရှားတို့ သည် လဆီသို့ အရောက် ပစ်လွှတ်လိုက်သော ဒုံးပျံအထက်ပိုင်း (လမျက်နှာပြင် လေ့လာရေးယာဉ်)သည် ကြံရွယ်ထား သည့် ပစ်ကွင်းနှင့် မိုင် ၁၆ဝ အကွာ (မာရီစီရီနီတာတစ်ဒေသ)တွင် လနှင့် ထိတွေ့ခဲ့သည်။ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် အမေရိကန်တို့ ပစ်လွှတ်လိုက်သော အက်တလတ် အေဂျီနာဒုံးပျံက တင်ဆောင်သွားသည့် ရိမ်းဂျား ၇ အာကာသ ယာဉ်သည် (ဂအာရစ်ကီချိုင့်ဝှမ်းအနီးတွင်) လမျက်နှာပြင်နှင့် ထိတွေ့ခဲ့သည်။ ပါသွားသည့် ကင်မရာများက ဓာတ်ပုံရိုက်ကူး နိုင်ခဲ့၍ အလုံးစုံ အောင်မြင်သည်။ လမျက်နှာပြင်အကြောင်းလည်း ယခင်ကထက် ပိုမိုသိရှိလာခဲ့ရပြန်လေသည်။

 

 

 

ထို့နောက် လူသားတို့သည် လကမ္ဘာပေါ်သို့ ဆင်းသက်ရန်ကြိုးစားခဲ့ကြပြီး ဇူလိုင်လ ၂၁ ရက်နေ့၊ အောက်တိုဘာလ၊ ၁၉၆၉ခုနှစ်တွင် ခြေချနိုင်ခဲ့သည်။ အမေရိကန်လူမျိုး အာကာသယာဉ်မှူးများဖြစ်သည့် အယ်စထောင်းရ်၊ ဘက်ဇ် အယ်ဒရင်းတို့သည် လ၏မျက်နှာပြင်ပေါ်သို့ ၎င်းတို့၏ သိန်းငှက်အမည်ရှိ လဆင်းယာဉ်ဖြင့် ဆင်းသက်ခဲ့ကြသည်။ ထို့နောက် ကမ္ဘာပေါ်ရှိ ထက်ဝက်ခန့်သော လူတို့သည် ၎င်းအား ရုပ်မြင်သံကြားမှတဆင့် ကြည့်ရှုနေခဲ့ကြသည်။ အမ်းစထရောင်းသည် သိန်းငှက်လှေကားမှတဆင့် အောက်သို့ဆင်းလာပြီး လ၏ မြေမျက်နှာပြင်နှင့် ပထမဆုံး ထိတွေ့ခဲ့လေသည်။ ထို့နောက် သူက “ ဒီဟာက လူတစ်ဦးတွက် သေးငယ်တဲ့ အဆင့်ဖြစ်ပြီး လူလို သတ္တဝါတစ်ဦး၏အတွက် ကြီးမားတဲ့ ခုန်ပေါက်မှုတစ်ခုပါ” ဟုပြောလေသည်။ များမကြာမီ ဘက်ဇ်အယ်ဒရင်း သည်လည်း လိုက်ဆင်းလာခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးသည် အမေရိကန်ပြည်ထောင်စုအလံအား ၎င်းတို့ယဉ်ဆင်းသက်သည့် နေရာနှင့် မနီးမဝေးတွင် စိုက်ထူရန်ကြိုးပမ်းကြသည်။ သူတို့နှစ်ဦး၏ ခြေရာများသည် လပေါ်တွင် ထင်ကျန်ရစ်ခဲ့ပြီး အလွန်ကြာညောင်းသော်လည်း ထိုနေရာတွင်ပင် ရှိနေလေသည်။ အကယ်၍ သင်သည် ကမ္ဘာမြေပေါ်တွင် သင်၏ခြေရာအား ချန်ခဲ့မည်ဆိုပါက ထိုခြေရာသည် လေ၊ ရေ၊နှင့် မိုးတို့ကြောင့် ပျက်စီးသွားမည် ဖြစ်သည်။ သို့သော် လတွင်မူကား လေမရှိ၊ ရေမရှိ၊ နှင့် ဖြစ်လေသည်။ ထို့ကြောင့် ၎င်းတို့၏ ခြေရာများသည် ပျောက်ကွယ်သွားခြင်း၊ ပျက်စီးသွားခြင်းမရှိခဲ့ချေ။ လူအချို့က သူတို့သည် လကမ္ဘာပေါ်သို့ အမှန်တကယ် မရောက်ခဲ့ချေဟု ပြောဆိုကြသည်။ ထို့နောက် လပေါ်ရှိ လူတို့ ဓာတ်ပုံများမှာလည်း အတုများသာလျှင်ဖြစ်ပြီး လပေါ်မှ ယူဆောင်လာသော ကျောက်တုံးကျောက်ခဲများမှလည်း အတုအယောင်များသာလျှင် ဖြစ်သည်ဟု ပြောဆိုကြသည်။ သို့သော် ထိုသို့ပြောဆိုသူများ မှားနေသည်ဟု သက်သေပြရန်အတွက်ကား အလွန်ပင် ရှုပ်ထွေးလှသော အငြင်းအခုံများပင် ဖြစ်ပေလိမ့်မည်။

 

 

၁၉၆၉ ခုနှစ်နှင့် ၁၉၇၂ ခုနှစ်အကြား အာကာသသင်္ဘောတစ်ခုဖြစ်သော အပိုလို-၁၇ သည် လကမ္ဘာပေါ်သို့ နောက်ဆုံးလည်ပတ်ခဲ့သည့်အထိ လူအတော်များများသည် လပေါ်သို့ ခရီးထွက်ခဲ့ကြသည်။ ၂၀၀၈ ခုနှစ်ကတည်းကပင် ဦးဂျန်းနီ ဆာမန်းသည် အပိုလို ၁၇ တွင် ပါဝင်သော သူတစ်ဦးဖြစ်ပြီး သူသည် လကမ္ဘာပေါ်သို့ နောက်ဆုံးဆင်းသက်ခဲ့သော လူသားပင်ဖြစ်လေသည်

7 Shares

Add a Comment

Your email address will not be published. Required fields are marked *