“Yangon Hot Pot” ဆိုင်သစ်ဖွင့်ပွဲကိုတက်ရောက်လာတဲ့ ရွှေမှုံရတီ

“Yangon Hot Pot” ဆိုင်သစ်ဖွင့်ပွဲကိုတက်ရောက်လာတဲ့ ပရိသတ်အချစ်တော်မင်းသမီးလေး ရွှေမှုံရတီ

နိုင်​ငံ​ကျော်​မင်းသမီး​ချော​လေး ​ရွှေမှုံရတီဟာ နာမည်​ကြီးမင်းသား​တွေ​ခေါင်း​ဆောင်​တဲ့ အနုပညာပျိုးခင်းက​နေတဆင့်​ သရုပ်​​ဆောင်​တစ်​​ယောက်​ဖြစ်​လာသူတစ်​ဦးပါ။ ​ရွှေမှုံရတီက အသက်​အရွယ်​ ငယ်​ရွယ်​​သေး​ပေမယ့်​ အရွယ်​နဲ့မလိုက်​​အောင်​ အိုက်​တင်​အမူအယာ​ကောင်း​ကောင်းနဲ့ သရုပ်​​ဆောင်​တစ်​ဦးဖြစ်​ပါတယ်​။ ​ရွှေမှုံရတီရဲ့ သရုပ်​​ဆောင်​မှု​တွေကလဲ ပရိသတ်​​တွေ သြချရ​လောက်​​အောင်​ ဝါရင့်​သရုပ်​​ဆောင်​ကြီး​တွေနဲ့ အပြိုင်​သရုပ်​​ဆောင်​နိုင်​သူ​လေးဖြစ်​ပါတယ်​။

ရွှေမှုံရတီက မြန်မာနိုင်ငံအနှံ့မှာ သူမကိုချစ်​တဲ့ ပရိသတ်​​တွေ အခိုင်​အမာရရှိထားသူလဲဖြစ်​ပါတယ်​။ ​ရွှေမှုံရတီရဲ့ စကား​ပြောပုံဆိုပုံနဲ့ အိုက်​တင်​​တွေကလဲ ပရိသတ်​​တွေကြားမှာ ​ရေပန်းစားလှပါတယ်​။ အထူးသဖြင့်​ ​ရွှေမှုံရတီရဲ့ အ​ချေမျက်​နှာ​က ပရိသတ်​​တွေကြားမှာ နာမည်​အကြီးဆုံးပါပဲ။

ဒီကနေ့ ဇန်န၀ါရီလ (၁၁) ရက်နေ့မှာတော့ မင်းသမီးလေး ရွှေမှုံရတီဟာ”Yangon Hot Pot” အ၀စား ရန်ကုန် ဟော့ပေါ့ဘူဖေး ဆိုင်သစ်ဖွင့်ပွဲကိုတက်ရောက်လာခဲ့ပါတယ်။ Yangon hot pot ဆိုင်ကို အမှတ်(၈၃)၊ ရတနာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ မှာ ဖွင့်လှစ်ခဲ့ပြီး သရုပ်ဆောင် ရွှေမှုံရတီ က တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပွဲတက်လာတဲ့ ရွှေမှုံရတီရဲ့ ပုံရိပ်လေးတွေကိုပရိပ်သတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ရွှေမှုံကိုချစ်ရင် shareပေးသွားကြဦးနော်။

crd:bahuthuta

3 Shares

Add a Comment

Your email address will not be published. Required fields are marked *