အျမန္​လမ္​း​ေပၚမွာ ကားနဲ႔ဆုိင္​ကယ္​တုိက္​မိ

အျမန္လမ္းတြင္ ကားမွ ဆိုင္ကယ္အား ဝင္ေရာက္တိုက္မိ၍ ဒဏ္ရာရရွိမႈျဖစ္ပြား
ေနျပည္ေတာ္၊ ဇန္နဝါရီလ ၁၁
၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ ၁၀ ရက္ေန႔ မြန္းလြဲ ၁၂ နာရီ ၂၀ မိနစ္အခ်ိန္ ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္အမွတ္(၈၅/၅-၆)ၾကားတြင္ ယာဥ္တိုက္မႈ ျဖစ္ပြားေၾကာင္း သတင္းအရ ၿမိဳ႕ေခ်ာင္းအျမန္လမ္းမႀကီးရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား၊ အျမန္လမ္းမႀကီး မီးသတ္တပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆး ခဲ့ရာ ရန္ကုန္တိုင္းေဒသႀကီး၊ လွိုင္သာယာၿမိဳ႕နယ္ေန စိုင္းလွိုင္းဆိုင္(၃၂)ႏွစ္ေမာင္းႏွင္လာေသာ 1K/×××× SUZUKI ERTIGA အနက္ေရာင္ယာဥ္သည္ အခင္းျဖစ္ေနရာအေရာက္ ပိန္းဇလုပ္ၿမိဳ႕နယ္၊ ေရႊေပါကၠံ (၁)ရပ္ကြက္ေန ေအးနိုင္(၃၆)ႏွစ္ေမာင္းႏွင္ၿပီး ေက်ာက္တံခါးၿမိဳနယ္၊ ေတာင္သုံးကြက္သစ္ေန သက္ဦး (၂၀)ႏွစ္လိုက္ပါလာေသာ JIANSHE-110 အနက္ေရာင္ဆိုင္ကယ္အား ဝင္ေရာက္တိုက္မိခဲ့သျဖင့္ ေအးနိုင္ႏွင့္ သက္ဦး တို႔တြင္ ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေၾကာင္း သိရွိရေသာေၾကာင့္ ဆိုင္ကယ္စီးနင္း ခြင့္မရွိသည့္ အျမန္လမ္းမႀကီးေပၚသို႔ တက္ေရာက္ေမာင္းႏွင္သူ ေအးနိုင္ အား ၿမိဳ႕ေခ်ာင္းအျမန္လမ္း မႀကီးရဲစခန္း၌ ယာဥ္(ပ)၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၃၃၇ ျဖင့္ အေရးယူထားေၾကာင္း သတင္း ရရွိသည္။

အမြန်လမ်းတွင် ကားမှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ၍ ဒဏ်ရာရရှိမှုဖြစ်ပွား
နေပြည်တော်၊ ဇန်နဝါရီလ ၁၁
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၈၅/၅-၆)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ စိုင်းလှိုင်းဆိုင်(၃၂)နှစ်မောင်းနှင်လာသော 1K/×××× SUZUKI ERTIGA အနက်ရောင်ယာဉ်သည် အခင်းဖြစ်နေရာအရောက် ပိန်းဇလုပ်မြို့နယ်၊ ရွှေပေါက္ကံ (၁)ရပ်ကွက်နေ အေးနိုင်(၃၆)နှစ်မောင်းနှင်ပြီး ကျောက်တံခါးမြိုနယ်၊ တောင်သုံးကွက်သစ်နေ သက်ဦး (၂၀)နှစ်လိုက်ပါလာသော JIANSHE-110 အနက်ရောင်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် အေးနိုင်နှင့် သက်ဦး တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရသောကြောင့် ဆိုင်ကယ်စီးနင်း ခွင့်မရှိသည့် အမြန်လမ်းမကြီးပေါ်သို့ တက်ရောက်မောင်းနှင်သူ အေးနိုင် အား မြို့ချောင်းအမြန်လမ်း မကြီးရဲစခန်း၌ ယာဉ်(ပ)၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည္​ facebook page

3 Shares

Add a Comment

Your email address will not be published. Required fields are marked *