ခြိမ့်ကေကိုနဲ့ ချစ်သူတောင်ဖြစ်တော့မယ်ဆိုတဲ့ အလင်းသခင်

လူမှုကွန်ယက်ပေါ်မှာ ဟာသ video တွေနဲ့ လူသိများလာတဲ့ အလင်းသခင်နဲ့ လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှ ဝုန်းဆိုထပြီးနာမည်ကြီးလာတဲ့ အဆိုတော်ခြိမ့်ကေကိုတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်သိပ်ပြီးသင့်မြတ်ခဲ့တာတော့မဟုတ်ပါဘူး။ အားလုံးသိကြတဲ့အတိုင်းပဲအရင်တုန်းက အလင်းသခင်က ခြိမ့်ကေကိုကိုတော်တော်လေးဝုန်းခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း 8days နဲ့ Interview မှာတော့ သူတို့နှစ်ယောက်ကချစ်ကြည်ရေးရပြီးအလွန်တည့်နေကြပုံပါပဲ။ နှစ်ယောက်သားအတူတူရှေ့ဆက်လုပ်သွားမယ့်အနုပညာလုပ်ငန်းတွေအကြောင်း ပရိသတ်တွေအတွက်ပြောပြပေးသွားတာတွေ့ရပါတယ်။

ခြိမ့်ကေကိုက အလင်းသခင်နဲ့ ပတ်သက်တဲ့သဘောထားကို “ကျွန်တော်က မအလင်းသခင်ရဲ့ ဟာသလေးတွေကြည့်ဖြစ်ပါတယ်။ သဘောလည်းကျတယ်။ အမှတ်တမဲ့နဲ့ကိုစည်သူဝင်းရဲ့ MTV မှာဆုံတော့ တကယ်ကို မထင်မှတ်ပဲတကယ်ကို အံ့သြမိပါတယ်”လို့ ပြောထားပြီး အလင်းသခင်က “ကျွန်တော်က ဝုန်းနေကျဆိုပေမယ့် အပြင်မှာတွေ့တော့လည်း ဘာမှမဖြစ်ပါဘူး။ သူကလည်းသူ့ရဲ့အနုပညာ သူ့ရဲ့အလုပ်၊ကျွန်တော်ကလည်း ကျွန်တော့်အလုပ် ကျွန်တော့်နှစ်ယောက်စလုံးကို ပေါင်းဆုံပြီးတော့ အလုပ်လာအပ်တော့ ကျွန်တော်တို့နှစ်ယောက်ရဲ့အလုပ်ဖြစ်သွားတာပေါ့။ အဲ့တော့ သူနဲ့ကွန်တော်နဲ့ က ဘာမှ shock မရှိပါဘူး။ပျော်ပျော်ရွှင်ရွှင်ပါပဲ”လို့ ပြောသွားပါတယ်။

အရင်တုန်းက အဝုန်းခံခဲ့ရတုန်းက ခံစားချက်ကိုတော့ ခြိမ့်ကေကိုက “ဘယ်လိုမှမခံစားရဘူး ဒါက အနုပညာသည်မောင်နှမအချင်းချင်းဆိုတော့ ဒီလိုပဲတစ်ယောက်နဲ့တစ်ယောက်ဆိုတာအမြဲတမ်းဖေးမကူညီနေရမှာ အမြဲတမ်းလည်းတွေ့နေရမှာဆိုတော့ မအလင်းသခင်က ခင်ဖို့ကောင်းပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။ အလင်းသခင်ကတော့ ခြိမ့်ကေကိုကိုအပြင်မှာတွေ့ရတဲ့ခံစားချက်ကို “မနေ့က တွေ့ရတော့ ဟာ ခြိမ့်ကေကိုပဲဆိုပြီးတော်တော်အံ့သြသွားတယ်။ ဒါပေမယ့် ကိုယ်တွေက ဘာမှမဖြစ်ဘူး MTV တောင်မစသေးဘူး ဆွဲပြီးတော့ Ticktok ရိုက်ချလိုက်တယ်”လို့ ပြောပြထားပါသေးတယ်။

အလင်းသခင်က ခြိမ့်ကေကိုအပေါ်အမြင်ကို ခြိမ့်ကေကိုကြီးငုတ်တုတ်ရှေ့မှာထားပြီး “သူက ကောင်းမွန်တဲ့ supporting မရှိခဲ့လို့ အခုလိုမျိုးဖြစ်တယ်ထင်ပါတယ်။ ကောင်းမွန်တဲ့ supporting သာရှိခဲ့ရင် သူက ကောင်းမွန်တဲ့ လမ်းကြောင်းနဲ့ပေါ်လာမယ်ထင်တယ်ပေါ့နော်။ ဒါပေမယ့် သူအခုတော်တော်များများလည်းလုပ်ပြီးအရမ်းပြင်ဆင်နေပြီပေါ့နော်။ သူ official အနုပညာလိုင်းဘက်ကိုဝင်လာပြီပေါ့နော် ကောင်းပါတယ်”လို့ ဝေဖန်ထားပါတယ်။

ခြိမ့်ကေကိုက မအလင်းသခင်ရဲ့ ပရိသတ်ပါဆိုပြီး “ကျွန်တော်က မအလင်းသခင်ရဲ့ပရိသတ်ပါ။ဟာသတွေကြည့်ဖြစ်တယ်။ ရယ်လည်းရယ်ရတယ်”လို့ ပြောပြထားသလို အလင်းသခင်ကလည်း ခြိမ့်ကေကိုနဲ့ခင်မင်ရင်းနှီးမှုအတိုင်းအတာကို “ကျွန်တော်တို့က ချစ်သူတောင်ဖြစ်တော့မယ်။ တော်တော်ရင်းနှီးပါတယ်။ ကျွန်တော်က အားလုံးကိုပျော်ပျော်ရွှင်ရွှင်ပဲလေ”လို့ ရယ်မောရင်းဖြေကြားထားပါတယ်။

Crd:khukhit

3 Shares

Add a Comment

Your email address will not be published. Required fields are marked *