မြောက်ကိုရီးယားစပိုင်မလေး ကင်ယွန်ဟေး

သူမကိုမြောက်ကိုရီးယားနိုင်ငံ ဂေဆောင်း အရပ်တွင်
၁၉၆၂ခုနှစ်၊ဇန်နဝါရီလ၂၇ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။
ဖခင်မှာ နိုင်ငံခြားရေးဌာနတွင်အလုပ်လုပ်ပါသည်။

သူမ၏အဓိက ဆောင်ရွက်ချက်မှာ ၁၉၈၇ခုနှစ်၊နိုဝင်ဘာလ
၂၉ရက်နေ့တွင် တောင်ကိုရီးယားလေကြောင်းပျံသန်းအမှတ်
၈၅၈ အားဘင်္ဂဘားပင်လယ်အော်တွင် ဗုံးခွဲဖျက်စီးခဲ့ခြင်းပင်ဖြစ်ပါသည်။

 

 

ရုပ်ရည်ချောမောလှပသောသူမအား မြောက်ကိုရီးယား
ကွန်မြူနစ်ပါတီက အသက် ၁၆ နှစ်တွင်ရွေးချယ်ခဲ့ပြီး
နိုင်ငံခြားဘာသာစကားများသင်ကြားပေးခဲ့ပါတယ်။

၁၉ နှစ်သမီးအရွယ်မှာ မြောက်ကိုရီးယားစစ်တပ်၏
ထိပ်တန်းသူလျှိုသင်တန်းကျောင်းကိုတက်ရောက်ခဲ့ရပါတယ်။
လက်နက်နဲ့၊လက်နက်မဲ့တိုက်ခိုက်နည်းမျိုးစုံကို
လေ့ကျင့်သင်ကြားခဲ့ပါတယ်။

ဒီတာဝန်ကို သူမအသက်၂၅ နှစ်အရွယ်မှာတာဝန်ပေးအပ်ခံခဲ့ရတာပါ။လေယာဉ်ဗုံးကွဲပြီး နာရီပိုင်းအနည်းငယ်မှာပဲ
ဘာရိန်း မှာအဖမ်းခံခဲ့ရတယ်။

သူမနှင့်အဖော်အေးဂျင့် နှစ်ဦးစလုံး ဆိုင်ယာနိုက်အဆိတ်တောင့်ကိုကိုက်သောက်ခဲ့ပေမယ့်
သူမရဲ့အဖော်သာသေဆုံးပြီး သူမကတော့အသက်ရှင်ကျန်ခဲ့ပါတယ်။

ဖမ်းမိပြီးနောက်ပိုင်း သူမကိုတောင်ကိုရီးယား ဗဟိုထောက်လှမ်းရေး ( KCIA ) ကစုံစမ်းစစ်ဆေးခဲ့ပါတယ်၊
စစ်ဆေးချက်များအရ သူမကိုသေဒဏ်ချမှတ်ခဲ့ပါတယ်။

သေဒဏ်စီရင်မည့်ရက်ကိုစောင့်ဆိုင်းနေစဉ်မှာပဲ
တောင်ကိုရီးယားသမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

အဲဒီမှာတင် တောင်ကိုရီးယားနိုင်ငံတစ်ခုလုံး
ပွက်လောရိုက်ကုန်တော့တာပါပဲ၊
ဒီလောက်ကြီးလေးတဲ့ပြစ်မှုမျိုးကျူးလွန်ထားတာကို
ဘာကြောင့်လွှတ်ပေးရတာလဲပေါ့။

ဒါကိုတောင်ကိုရီးယားသမ္မတရုံးကတော့
လေယာဉ်ပေါ်မှာပါသွားသူများကဲ့သို့ပင်သူမသည်လည်း
ဓားစာခံသက်သက်သာဖြစ်ကြောင်း ချေပထုတ်ပြန်ခဲ့ပါတယ်၊
မြောက်ကိုရီးယားပြည်သူတွေကို စည်းရုံးလိုက်တာလဲ
ဖြစ်နိုင်ပါတယ်။

 

 

 

လက်ရှိတွင် စပိုင်မလေး ကင်ယွန်ဟေးသည်
တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တွင်နေထိုင်လျက်ရှိပါတယ်။
ဒီစာအုပ်ကို သူမကိုယ်တိုင်ရေးသားခဲ့တာပါ၊

ရေးသားရတဲ့အဓိကရည်ရွယ်ချက်ကတော့
မြောက်ကိုရီးယားနိုင်ငံ၏ တစ်ပါတီအာဏာရှင်စနစ်ဟာ
ဘယ်လောက် ကောက်ကျစ်ယုတ်မာ ရက်စက်ပုံကို
ကမ္ဘာကသိအောင် လို့ဆိုထားပါတယ်။

စာအုပ်ရေးသားခြင်းကနေ ရတဲ့ငွေတွေအားလုံးဟာ
လေယာဉ်ဗုံးကွဲမှုမှာ အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့
မိသားစုဝင်တွေအတွက်လို့ ဆိုထားပါတယ်။

တစ်ကယ်တော့ ကင်ယွန်ဟေး လေးဟာ တစ်ကယ့်အဖြူရောင်
သက်သက်ကလေးပါပဲ၊သို့သော်
ိနိုင်ငံရေးအယူဝါဒတွေ ရိုက်သွင်းခံရလိုက်တဲ့အချိန်မှာတော့
အမည်းရောင် စွန်းထင်းခဲ့တဲ့ ဘဝကိုပိုင်ဆိုင်လိုက်ရပါတော့တယ်။

သူ့ဘဝကံကြမ္မာကိုက မကောင်းလို့ဖြစ်သွားခဲ့တယ်လို့ပဲ
မြင်မိပါတယ်၊မနေသင့်တဲ့အရပ်မှာလူဖြစ်တာကိုက
ဒုက္ခပါပဲ။

ထိန်းသိမ်းခံထားရပြီးချိန် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ရပြီးချိန်မှာတော့ မြောက်ကိုရီးယားမှာရှိတဲ့
သူ့မိဘတွေဆီကို စာလေးတစ်စောင်ရေးခဲ့ပါတယ်။

စာလေးက……

ချစ်ခင်လေးစားရပါသော ဖေဖေနှင့်မေမေ

သမီးယွန်ဟေးစာရေးလိုက်ပါတယ်။ကျွန်မအသက်ရှင်ရှိနေသေးတာမယုံနိုင်စရာပါပဲ၊လက်ရေးကိုမြင်လိုက်တာနဲ့သမီးဆီကစာဆိုတာအမေတို့သိမှာပါ။
ဒီစာကို အဖေနဲ့အမေတို့ဖတ်ခွင့်ကြုံမယ်ဆိုရင်
အရမ်းအံ့သြသွားမယ်ဆိုတာ သမီးမှန်းဆမိပါတယ်။

အဖေတို့အမေတို့ကိုကျွန်မနောက်ဆုံးတွေ့ခဲ့တာသုံးနှစ်တောင်ကြာခဲ့ပြီ၊နေ့စဉ်နေ့တိုင်းအမေတို့အဖေတို့ကိုစဉ်းစားမိတယ်၊
စဉ်းစားမိတိုင်းလည်းမျက်ရည်ကျရတယ်။
အိမ်မက်ထဲမှာအမေတို့အဖေတို့နဲ့တွေ့ပြီးပျော်ရွှင်နေရတဲ့အချိန်
လန့်နိုးလာတဲ့အခါ တစ်ကယ်မဟုတ်ပါလားဆိုပြီးသမီးငိုရတယ်

အိမ်မက်ထဲမှာအဖေတို့အမေတို့နဲ့တွေ့ပြီးပျော်နေတဲ့အချိန်
လန့်နိုးလာတဲ့အခါ တစ်ကယ်မဟုတ်ပါလားလို့သိလိုက်ရတဲ့အချိန်မှာ သမီးငိုခဲ့ရပါတယ်….

ကျွန်မဟာ အဖေတို့အမေတို့ရဲ့ သမီးကြီးသြရသတာဝန် မကျေပွန်နိုင်ခဲ့ပါဘူး။အမှားတွေအများကြီးလုပ်ခဲ့ပါတယ်။
ကျွန်မနောက်ဆုံးထွက်လာတဲ့အချိန်မှာ တိုင်းပြည်အတွက်အရေးကြီးတဲ့တာဝန်ကို တရုတ်ပြည်ကွမ်ကျိုးမှာ လျှို့ဝှက်ထမ်းဆောင်ရတယ်၊ဒါတွေကိုအမေတို့အဖေတို့ကိုအသိမပေးနိုင်ခဲ့ပါဘူး၊လေ့ကျင့်ရေးစခန်းရဲ့ခြံစည်းရိုးနားမှာတောင်
သမီးလမ်းလျှောက်ခွင့်မရှိခဲ့ပါဘူး…..

ပါတီကသမီးကိုရွေးချယ်ပြီး ထောက်လှမ်းရေးဗျူရိုရဲ့ ရှေ့တန်းထောက်လှမ်းရေးသမားအဖြစ် လေ့ကျင့်ပေးတယ်။
တောင်ကိုရီးယားလေယာဉ်ကိုဖောက်ခွဲဖို့တာဝန်ပေးခဲ့တယ်။

ဆိုးလ်မှာကျင်းပမဲ့ အိုလံပစ်ပွဲကိုတားဆီးဖို့နဲ့ နှစ်နိုင်ငံပေါင်းစည်းရေးအတွက်ဆိုပြီး သမီးကိုပြောခဲ့ကြတယ်။
ဒါပေမယ့်အဲဒီရည်မှန်းချက်နှစ်ခုစလုံး မအောင်မြင်ခဲ့ပါဘူး။

 

 

 

သမီးကိုပေးအပ်ခဲ့တဲ့တာဝန်ဟာ အမိနိုင်ငံတော်အတွက်
အရေးကြီးဆုံးကိစ္စလို့သမီးယုံကြည်ခဲ့တယ်၊
နောက်ဆုံးမှာတော့ အရှက်ရမှု၊ဝမ်းနည်းကြေကွဲရမှုနှင့်
ကြီးစွာသောနောင်တတို့ပဲ သမီးအတွက်ကျန်ခဲ့ပါတယ်။

ဖောက်ခွဲလိုက်တဲ့လေယာဉ်ထဲမှာ လူ ၁၁၅ယောက်ပါသွားတယ်။သမီးဘယ်လိုရှင်းပြရမှန်းတောင်မသိတော့ဘူး။
သမီးကိုဘာရိန်းမှာဖမ်းမိသွားတယ်၊နောက်ပြီးဆိုးလ်မြို့ကို
လွှဲပေးလိုက်တယ်၊သမီးကိုရုံးတင်စစ်ဆေးပြီး သေဒဏ်ပေးတယ်၊နောက်တော့လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး
အခုတော့လွတ်လပ်တဲ့လူသားတစ်ယောက်ဖြစ်နေပါပြီ။

သမီးမြောက်ကိုရီးယားမှာ သင်ယူခဲ့ရတာတွေ၊
သိခဲ့ရတာတွေဟာ တက်တက်စင်အောင်မှားနေတယ်ဆိုတာ
သမီးဘယ်လိုမှရှင်းပြလို့ရမှာမဟုတ်ဘူး။

သာမန်မိသားစုတွေမှာရောင်စုံ ရုပ်မြင်သံကြားစက်၊
ဗွီဒီယိုပြစက်၊ရေခဲသေတ္တာ၊မော်တော်ကားတွေရှိကြတယ်။

မြောက်ကိုရီးယားလိုမဟုတ်ဘူး၊တစ်နေ့ကိုထမင်းသုံးခါစားဖို့ပူပန်နေရတဲ့ မိသားစုဆိုတာဒီမှာမရှိဘူး။
ဒီမှာပေးထားတဲ့လွတ်လပ်ခွင့်ဆိုတာကို သမီးအစကနားမလည်ခဲ့ဘူး၊

ဒီလောက်အကွဲကွဲ၊အပြားပြားအယူအဆအတွေးအခေါ်တွေနဲ့
ဘယ်လိုအုပ်ချုပ်မလဲဆိုတာကိုနားမလည်ဘူး။
ဒါပေမယ့်တိုင်းပြည်ကတိုးတက်နေတာပဲ၊
ချမ်းသာနေတာပဲ။

ဒီမှာရှိတဲ့လူတိုင်းဟာ နှစ်နိုင်ငံပေါင်းစည်းရေးကို
ပြင်းပြစွာမျှော်လင့်တောင့်တနေကြတယ်၊
ကျွန်မလည်း ပေါင်းစည်းရေးကို အရမ်းဖြစ်စေချင်ခဲ့တယ်၊
သမီးကိုလမ်းမှားခေါ်သွားပြီး နှစ်နိုင်ငံပေါင်းစည်းရေးအတွက်ဆိုပြီးလုပ်ခိုင်းတယ်။

မသိနားမလည်စွာလုပ်ခဲ့မိလို့ သမီးဆီမှာလူပေါင်း ၁၁၅ ယောက်ရဲ့သွေးကြွေးတွေ စွန်းထင်ပေကျံခဲ့တယ်။
သမီးသေဆုံးသွားသည်အထိ ဒီသွေးကြွေးတွေ
ပျောက်သွားမှာမဟုတ်ဘူး။

ဒီမှာရှိတဲ့လူတွေဟာကြင်နာကြတယ်
နားလည်မှုရှိကြတယ်။
ဒါဟာမင်းအပြစ်မဟုတ်ဘူး၊ကင်အီဆွန်းနဲ့ကင်ဂျုံအီတို့ရဲ့အပြစ်လို့ပြောကြတယ်၊သူတို့သာတစ်ကယ့်တရားခံအစစ်လို့ပြောကြတယ်။သေဆုံးသွားတဲ့လူတွေကိုသမီးအသက်ပြန်ရှင်လာအောင်လုပ်မပေးနိုင်ဘူး….

ပြီးခဲ့တာတွေပြီးပါစေတော့လို့ပြောကြတယ်
ဒီရာဇဝတ်မှုရဲ့လက်သည်တရားခံဟာ
အကြင်နာတရားကင်းမဲ့တဲ့ကင်အီဆွန်းနဲ့ကင်ဂျုံအီပဲဆိုတာ
သူတို့ကောင်းကောင်းသိကြတယ်

ကင်မန်ချူးဆိုတဲ့လူဟာ မိသားစုနဲ့အတူတူ
မြောက်ကိုရီးယားကထွက်ပြေးလွတ်မြောက်လာတာကို
ဖတ်လိုက်ရတယ်၊သူ့လိုပဲအမေတို့လည်းသမီးနဲ့အတူ
လိုက်လာနိုင်မယ်ဆိုရင်ဘယ်လောက်ကောင်းမလဲ။

အမေ့ကိုအံ့သြစရာသတင်းတစ်ခုပြောရအုံးမယ်
ဒီမှာရှိတဲ့အမေ့အမျိုးတွေနဲ့တွေ့ရတယ်
အမေ့ဦးလေး အန်ကွမ်ဟိုနဲ့ကျွန်မတွေ့တယ်၊

ဟွမ်အင်စွတ်၊ဟွန်မွန်ဆွတ်၊ဟွမ်ယန်ဆွတ်နဲ့ကင်ဘွန်ဆွတ်တို့နဲ့လဲတေဲ့တယ်၊မကြာမကြာသူတို့ဆီအလည်သွားတယ်
သူတို့ဆီသွားလည်ရင်းနဲ့ သမီးရဲ့အထီးကျန်မှုတွေကိုဖြေဖျောက်ရတယ်၊သူတို့ကတော့အမေ့ကို အရမ်းတွေ့ချင်နေကြတယ်၊

ဂျာမနီနှစ်နိုင်ငံပေါင်းစည်းသွားကြပြီ။
ကျွန်မတို့ပေါင်းစည်းမှုဟာလည်းမဝေးတော့ဘူးလို
ကျွန်မအမျှော်လင့်ကြီးမျှော်လင့်နေတယ်၊
အဲဒီလိုပေါင်းစည်းရင်ကျွန်မတို့ပြန်တွေ့ကြပြီး
အရင်လိုပဲ မိသားစုနဲ့သိုက်သိုက်ဝန်းဝန်းနေနိုင်ကြရမယ်ထင်တယ်အမေ….

မည်းမှောင်နေတဲ့တိမ်တိုက်တွေနောက်မှာတောက်ပတဲ့
ကြယ်ပွင့်တွေရှိပါတယ်၊အေးခဲနေတဲ့မြေပြင်အောက်မှာရှင်သန်ထမြောက်လိုတဲ့လူတွေရှိတယ်။

 

 

သမီးတို့မျှော်လင့်ချက်ကို ဆက်ပြီးတော့ဆုပ်ကိုင်ထားကြရမယ်၊သမီးမှာပြောစရာတွေ တစ်ပုံတစ်ပင်ရှိတယ်အမေ…
အခုတော့နားခွင့်ပြုပါ၊
အမေတို့ကိုသိပ်သတိရတာပဲ၊

ဆိုးလ်မြို့မှသတိရခြင်းများစွာဖြင့်
သမီးကြီး ကင်ယွန်ဟေး
မေလ ၁၉၉၁ ခု

ဆိုပြီးသူမရဲ့မိဘတွေဆီကို စာရေးသားခဲ့ပါတယ်၊
ဂျာမနီနှစ်နိုင်ငံလည်းပေါင်းစည်းခဲ့ပြီ
ဗီယက်နမ်နှစ်နိုင်ငံလည်းပေါင်းစည်းခဲ့ပြီ
ကိုရီးယားနှစ်နိုင်ငံလည်း ဘယ်တော့များမှ
ပေါင်းစည်းနိုင်ကြမလဲ

ကင်ယွန်ဟေးလေးမျှော်လင့်ထားသလို
သူမ မသေဆုံးခင်မှာ၊သူမရဲ့မိဘဆွေမျိုးတွေနဲ့
ပြန်လည်တွေ့ဆုံခွင့်ရပြီး
ကိုရီးယားနှစ်နိုင်ငံလည်း ပေါင်းစည်းနိုင်ပါစေလို့
လေးလေးနက်နက်ဆုတောင်းပေးရင်း…….

ဘာသာပြန်သူအေးထွန်းမင်း၏စာအုပ်အားခံစားတင်ပြခြင်းဖြစ်ပါသည်။YM

4 Shares

Add a Comment

Your email address will not be published. Required fields are marked *