တူညီတဲ့ မိခင်မေတ္တာကို တစ်ချိန်တည်းမှာ သမီး (၃) ယောက်လုံးအပေါ် ပေးစွမ်းနိုင်ခဲ့တဲ့ နန္ဒာလှိုင်

4 Shares

သမီးလေးတွေနဲ့အတူ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင်တည်ဆောက်ထားပြီဖြစ်တဲ့ နန္ဒာလှိုင်ကတော့ အိမ်ထောင် ရှင်မကောင်းတစ်ဦးအဖြစ်ပါ ရပ်တည်နေသူဖြစ်ပါတယ်။ တခေတ်တခါက နန္ဒာလှိုင်ဆိုတဲ့နာမည်လေးတစ်လုံးနဲ့တင် ဗီဒီယိုနဲ့သရုပ်ဆောင်လောကကိုပါ လွှမ်းမိုးနိုင်ခဲ့သူလေးဖြစ်ပါတယ်။ သူမရဲ့ ရသအစုံပေးနိုင်တဲ့ ဗီဒီယို/ရုပ်ရှင်ဇာတ်ကားလေးတွေဟာ ယနေ့အချိန်ထိတိုင် ပရိသတ်တွေကြားရေပန်းစားပြီး ကြည့်ရှုလို့ ကောင်းနေဆဲ ဇာတ်ကားတွေဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီးတော့ တစ်ဘက်မှာလည်း အလှူအတန်းတွေကို ဆက်တိုက်ဆိုသလို လုပ်နေခဲ့ပါတယ်။ မိခင်ကောင်းတစ်ဦးအဖြစ် ပရိသတ်တွေကနန္ဒာလှိုင်ရဲ့မိခင်စိတ်ဓာတ်လေးကို လေးစားအားကျနေခဲ့ကြတာဖြစ်ပါတယ်။ သမီးလေးတွေမွေးဖွားလာပြီးတည်းက အနုပညာလောကကနေ အနားယူသွားခဲ့တဲ့ နန္ဒာလှိုင်ကတော့ သားသမီးတွေအတွက် သူမချစ်တဲ့ အနုပညာကိုပါ စွန့်လွှတ်ထားခဲ့တာတွေ့ရပါတယ်။

မိခင်တို့ရဲ့မေတ္တာတွေကတော့ အတိုင်းအဆမရှိ ကြီးမားလွန်းလှပါတယ်။ သမီး(၃) ယောက်မွေးထားတာကြောင့် မိခင်မေတ္တာကိုလည်း အညီအမျှ မလွှတ်အောင် ပေးစွမ်းနိုင်တဲ့ နန္ဒာလှိုင်ကတော့
လေးစားဖို့ကောင်းလွန်းပါတယ်နော်။ ခင်ပွန်းသည်ဖြစ်သူက သမီး (၃) ယောက်လုံး ခြေထောက်တွေနာနေလို့ အမေနှိပ်ပေးတာကို တန်းစီပြီးစောင့်နေကြတဲ့ သားအမိ (၄) ယောက်ရဲ့ပုံလေးကို သူ့ရဲ့အကောင့်ကနေ မျှဝေထားတာတွေ့ရပါတယ်။ ဒီပုံလေးထဲမှာတော့ သမီး (၃) ယောက်လုံးအပေါ် ထားတဲ့ နန္ဒာလှိုင်ရဲ့ တုနှိုင်းမရတဲ့ မိခင်မေတ္တာလေးကို ထပ်တူခံစားကြရမှာပါ။

ဒါ့အပြင် ပရိသတ်တွေကလည်း နန္ဒာလှိုင်ရဲ့ ဒီပုံလေးကိုကြည့်ပြီး သူမရဲ့မိခင်မေတ္တာကြီးမားပုံကို ချီးကျူးနေကြတာတွေ့ရပါတယ်။

Crd:bahuthuta

4 Shares

Add a Comment

Your email address will not be published. Required fields are marked *