အမှားတွေကို ပြင်ဆင်ရင်းနဲ့ အကောင်းဆုံးဆက်ကြိုးစားသွားမယ်ဆိုတဲ့ ရွှေထူး

လူငယ်ပရိသတ်တွေကြားရေပန်းစား လူကြိုက်များလျက်ရှိနေတဲ့ ရွှေထူးကတော့ ရွှေမှုန်ရတီနဲ့အတူ နွေးထွေးတဲ့အိမ်ထောင်သည်ဘဝလေးကို ဖန်တီးတည်ဆောက်ထားပြီးဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ဇနီးသည်ကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့ ရွှေထူးကတော့ ကလေးတစ်ယောက်လိုမျိုး အမြဲဂရုစိုက်နေတာကို တွေ့ရပြန်ပါတယ်။ သူတို့နှစ်ဦးဟာ အိမ်မှာတင် ရိုမန်တစ်ဆန်ကြတာမဟုတ်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေများလွန်းလို့ ဖေ့ဘုတ်ပေါ်ထိ အချစ်ရည်လျှံကျလာတာလို့ သူတို့ရဲ့အချစ်တွေအပေါ် အမွှန်းတင်ပြောဆိုထားပါသေးတယ်။

မနေ့ညက ကျင်းပခဲ့တဲ့ City FM ရဲ့ ၁၇ နှစ်ပြည့် နှစ်ပတ်လည်ပွဲလေးမှာတော့ ရွှေထူးက ၂၀၁၈ ခုနှစ်အတွင်း ပရိသတ်တောင်းဆိုခံရမှုအများဆုံး ဆုကိုရရျှိသွားခဲ့တာဖြစ်ပါတယ်။ ဇနီးဖြစ်သူနဲ့အတူ ရွှေလက်တွဲပြီးတက်ရောက်လာတဲ့ ပွဲလေးမှာ ရွှေထူးတစ်ယောက် ဆုကြေငြာပြီးနောက် ဇနီးသည်ကို အနမ်းလေးပေးပြီး စင်ပေါ်ကို တက်သွားခဲ့တာတွေ့ရပါတယ်။ ရွှေထူးက အိမ်ထောင်ကျပြီးသည့်တိုင် သူ့ကိုမပြောင်းလဲဘဲ အားပေးနေတဲ့ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

ရွှေထူးက သူ့ရဲ့ပေ့ခ်ျကနေတဆင့် ပရိသတ်တွေကို ကတိစကားလေးတစ်ခုဆိုလိုက်ပါသေးတယ်။”ကျွန်တော်ချစ်ရသူတွေ… ကျွန်တော့်ကိုချစ်ရသူတွေအတွက် ဆုတစ်ဆုထပ်ယူနိုင်ခဲ့ပါတယ်…ကျွန်တော့်အမှားတွေရှိခဲ့တာတွေ ပြန်ပြင်ဆင်ရင်းနဲ့အကောင်းဆုံးဆက်ကြိုးစားပါဦးမယ်…လေးစားလျက် ရွှေထူး… ” လို့ သူ့ရဲ့သက်ဆိုင်ရာပေ့ခ်ျကနေ ပြောထားခဲ့တာဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုန်ရတီဟာ နိုဝင်ဘာလ ၁၁ ရက်နေ့က အင်းယားလိတ်ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

Crd:bahuthuta

5 Shares

Add a Comment

Your email address will not be published. Required fields are marked *