ထီလက်​မှတ်​​ပျောက်​တဲ့ကိစ္စဘယ်​သူ တာဝန်​ခံမှာလဲဟုပြည်​သူအချို့​မေးခွန်းထုတ်

ထီလက်မှတ်တွေပျောက်တဲ့ ကိစ္စကတော့ တော်တော်များများ သိပြီးသားဖြစ်မှာပါ။ ဖြစ်ပုံကတော့ မကွေးတိုင်းကို ပို့တဲ့ ထီလက်မှတ်တွေပေါ့။ စာတိုက်ကနေ ပို့တယ် လမ်းမှာ ပျောက်သွားတယ်။ ဒီလောက်ပါပဲ။

 

 

ထီလက်မှတ်တွေပျောက်တော့ ဘာဖြစ်လဲ။ သတင်းစာထဲ ထည့်တယ်။ ပေါက်ရင် မလျော်ဘူးပေါ့။ ဒါလည်း ရှင်းပါတယ်။

မရှင်းတာ နဲ့ ပြောချင်တာက ခုမှစမှာ။ ထီလက်မှတ်တွေ ပျောက်သွားရအောင် ဘယ်လို ဖြစ်လို့ ပျောက်လဲ ဘယ်ရော ပျောက်လဲ စုံစမ်းစစ်ဆေးမှု အရ ဘယ်လောက် သိရပြီလဲ။ ဘာကြောင့်ပျောက်လဲ။ ဒါတွေ မသိရဘူး။ ကျတော်တို့ သိတာ နှစ်ခုပဲရှိတယ်။ ပျောက်တယ်။ ပေါက်ရင် မလျော်ဘူး။

ဒီနေရာမှာ ပြောစရာရှိတာက တာဝန်ခံမှု ပျောက်ဆုံးနေတယ်။ ဒါတွေကို ဘယ်သူ တာဝန်ခံတာလဲ။ စာတိုက်ကြီးကလား အောင်ဘာလေဌာနကလား။ ဒါကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး။

၂၀၁၃ ခုနှစ်က အတည်ပြုခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း (၄) ပုဒ်မ (၁၀)(ဃ)မှာ နိုင်ငံတော်ပိုင်ပစ္စည်းတွေ မဆုံးရှုံးစေဖို့ နိုင်ငံတော်ဘဏ္ဍာငွေတွေ မဆုံးရှုံးစေဖို့ စောင့်ထိန်းရမယ်ပေါ့ဗျာ။

နောက်တစ်ချက်က အခန်း(၁၀)ပုဒ်မ (၃၈)မှာတော့ တာဝန်တွေပျက်ကွက်တယ် လစ်ဟင်းတယ်ဆိုရင် အရေးယူရမယ်ပေါ့ဗျာ။ အရေးယူတာကတော့ နိုင်ငံ့ဝန်ထမ်းဖြစ်လို့ ဌာနတွင်းစုံစမ်းမေးမြန်း ပြီးမှ အတည်ပြုရင် တရားစွဲ ရာထူးချ ဘာညာပေါ့။ ပြောချင်တာ ဘယ်လိုအရေးယူလဲက နောက်မှ။

 

 

ခုက နိုင်ငံ့ဘဏ္ဍာ ကုန်တာပဲ မဟုတ်လား။ ကိုယ်ပိုင်ပိုက်ဆံနဲ့ စိုက်ထုတ်တာ မဟုတ်ဘူး။ နောက်ပြီး ပြည်သူကို တာဝန်လည်း မခံဘူး။ ပြည့်သူ့ဝန်ထမ်းဆိုရင် ဘယ်အကြောင်းရာကြောင့် ပေါ့လျော့သွားတဲ့အတွက် ဒီလိုတော့ ဖြစ်သွားပါတယ် ဘာညာပေါ့။

ခုဟာက အကြောကြီးနဲ့။ ပျောက်သွားတယ်။ ပေါက်ရင် ဆုမပေးဘူး။ ဘာလဲဟ။ ချေလှချည်လား။ ဒါကိုလည်း သက်ဆိုင်ရာ ဌာနအသီးသီး လွှတ်တော်ကိုယ်စားလှယ် အသီးသီးကလည်း ရေလိုက်ငါးလိုက်သာ နေနေကြတယ်။

ဒီကြားထဲ ကိုယ်အသုံးမကျလို့ ဖြစ်တာကို တာဝန်မယူတဲ့အပြင် ဒီနံပါတ်တွေ မထိုးဖို့ဆိုပြီး ကြေငြာတာ ပိုဆိုးတာပဲ။ ဘယ့်နှယ် ထီထိုးမယ်ဆိုရင်တောင် ထီလက်မှတ်တွေ အရင်တိုက်ပြီး ထိုးရမယ့်ကိန်း။ ပြည်သူက မခိုင်းရဘဲ ပြည်သူကို ပြန်ခိုင်းတဲ့ ဌာနဆိုင်ရာ ဆိုတာ ခုမှ မြင်ဖူးတော့တယ်။

ဒီလို ခဏခဏ ဖြစ်နေရင်ရော ဘယ်လို လုပ်မလဲ။ ဒီအစီအမံတွေလည်း မသိရဘူး။ ဘယ်သူတာဝန်ခံလဲ မသိရဘူး။ ဘယ်သူ့ကိုတော့ဖြင့် အရေးယူ သို့မဟုတ် စစ်ဆေးနေတယ်ဆိုတာလည်း မသိရဘူး။

 

 

သိတာနှစ်ခုပဲ ထီလက်မှတ်ပျောက်တယ်။ ပေါက်ရင်မရဘူး။

နောက်ဆက်စပ်စဉ်းစားကြည့်တယ်။ အဲ့ပျောက်သွားတဲ့ ထီလက်မှတ်ကို ထိုးထားတဲ့သူတစ်ယောက်က အောင်ဘာလေ ထီလှည့်တာကို တိုက်ရိုက်ကြည့်နေတယ် ဆိုပါတော့။ ထီလက်မှတ် က သိန်းတစ်သောင်းခွဲ ပေါက်တယ်ဆိုပါတော့။ အဲ့လူရင်ထဲက ခံစားချက်။ သေတောင်သေသွားဦးမယ်။

ပေါ့ပေါ့လေးနဲ့ ရှင်းလို့ရမယ်ထင်နေကြတယ်။ နိုင်ငံ့ဘဏ္ဍာတွေဖြုန်းတီးပြီးတော့ အဲ့ဌာန က တာဝန်ရှိသူတွေက ဘယ်လိုအလျော်ပြန်ပေးပြီးပြီလဲ။ ထင်ပါတယ်။ မဆိုင်သလိုပဲနေကြမှာပါ။ ဘာလို့ဆို နိုင်ငံ့ပိုက်ဆံတွေကိုး။ ခင်ဗျားတို့ပိုက်ဆံမှ မဟုတ်တာ မသိလိုက် မသိဖာသာပဲပေါ့။

သိန်းသောင်းနဲ့ချီမှ အလွဲသုံးစားလုပ်တာမဟုတ်ဘူး။ ဒီလိုပေါ့လျော့ပြီး တာဝန်ခံမှုကင်းတာလဲ အလွဲသုံးစားလုပ်တာပဲ။

#ဇာတ်ဆရာ
Via..Tin Aung Myint

2 Shares

Add a Comment

Your email address will not be published. Required fields are marked *