တစ်ကျော့ပြန်မြစ်ဆုံ

(၇)နှစ်ကြာရပ်ဆိုင်းထားခဲ့ရတဲ့မြစ်ဆုံစီမံကိန်းကိုမဖြေရှင်းပဲအချိန်ဆွဲ
ထားရင်၊ယုံကြည်မှုကိုထိခိုက်နိုင်တယ်လို့၊မြန်မာနိုင်ငံဆိုင်ရာတရုတ်
သံအမတ်ကြီးကဒီကနေ့ဖိအားပေးလိုက်ပါတယ်။

သူဆိုလိုတာကတော့၊မြစ်ဆုံကိုမဖြေရှင်းပဲအချိန်ဆွဲနေရင်၊မြန်မာနိုင်ငံ
ကိုလာရောက်ရင်းနှီးမြှုပ်နှံမဲ့တရုတ်ကုမ္ပဏီတွေအနေနဲ့ယုံကြည်မှုနည်း
သွားမယ်ဆိုတဲ့သဘောပါပဲ။

တရုတ်သံအမတ်ဟာ(၂၀၁၈)နှစ်ကုန်ပိုင်းက၊ကချင်ပြည်နယ်ကိုသွား
ရောက်ပြီး၊နိုင်ငံရေးပါတီ၊လူမျိုးရေးအဖွဲ့အစည်းတွေနဲ့တွေ့ဆုံရာမှာ၊ဒေ
သခံတိုင်းရင်းသားတွေဟာမြစ်ဆုံစီမံကိန်းကိုမကန့်ကွက်ကြဘူးလို့လည်း
ဆိုပါတယ်။အဲဒီတွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့၊ကချင်ပြည်နယ်ဒီမိုကရေစီပါတီ
ဥက္ကဋ္ဌဒေါက်တာမနမ်တူးဂျာကတော့၊အဲဒီအချက်ဟာမမှန်ကန်ကြောင်း
ငြင်းဆိုပါတယ်။

 

 

အံ့သြစရာကောင်းတဲ့အချက်ကတော့၊တရုတ်သံရုံးရဲ့ဖိအားပေးမှုကြေ
ညာချက်ဟာ၊ဒေါ်အောင်ဆန်းစုကြည်ကချင်ပြည်နယ်ခရီးစဉ်အတွင်း
မှာတွေ့ဆုံခဲ့တဲ့ကချင်ဘာသာရေးခေါင်းဆောင်ဦးဇယ်ခေါင်ရဲ့မှတ်ချက်
စကားပေါ်ထွက်လာပြီး၊နောက်တစ်နေ့မှာပေါ်လာခဲ့တဲ့အချက်ပါပဲ။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွဲဖက်အတွင်းရေးမှူးဖြစ်တဲ့ဦး
ဇယ်ခေါင်က၊ဒေါ်အောင်ဆန်းစုကြည်ဟာကချင်ဒေသခံခေါင်းဆောင်
တွေနဲ့တွေ့ဆုံရာမှာ၊မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး၊တိကျတဲ့အဖြေမပေး
ခဲ့ကြောင်း၊စကားအသွားအလာကိုကြည့်ရတာ၊မြစ်ဆုံစီမံကိန်းကိုဆက်
ပြီးလုပ်မယ်ထင်တယ်ဆိုတဲ့အကြောင်းပြောခဲ့တာပါ။

သူပြောတဲ့မူရင်းစကားကတော့…၊‘ကျွန်တော်တို့ဘက်ကမလုပ်ပေးဖို့၊
ပြောတဲ့အခါမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) က ဟုတ်ကဲ့လို့တော့ မပြောဘူးဗျ။ သူ့ရဲ့စကားအသွားအလာကို ထောက်ကြည့်တဲ့အခါ
လုပ်မယ့် သဘောလို့ထင်တယ်။ ဘာလဲဆို တော့ သူပြောတာ ဒေသ စီးပွားဖွံ့ ဖြိုးတိုးတက်ဖို့လည်း လိုတယ်။ မြစ်ကြီးကို ထိန်းသိမ်းဖို့လည်း
လို တယ်။ အဲဒီတော့ ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှလည်း ပြည်သူ
တွေ အကျိုးရှိမယ်။ နောက်ပြီး မြစ်ဆုံစီမံကိန်းကြီးကလည်း၊အ ရင်အ
စိုး ရလက်ထက်ကတည်းက လုပ်ထားတာပေါ့။ ကျွန်မတို့ နောက် တက်လာတဲ့အစိုးရက ကျွန်မတို့ဟာ မဟုတ်ဘူးလို့ ငြင်း လိုက်ရင် မကောင်းဘူး။ သူအဲဒီလို မျိုးတွေပြောတယ်။ အဲဒီတော့ သူ ပြောတာ
ကို ထောက်ကြည့်ရင် လုပ်နိုင်တယ်ဆိုတဲ့သဘောပေါ့’

အကဲခတ်ရသလောက်၊တရုတ်သံရုံးဟာအဲဒီသတင်းအစအနကိုနင်းပြီ
မြန်မာအစိုးရကိုအကြပ်ကိုင်လိုက်တယ်လို့ယူဆရပါတယ်။

တကယ်တော့မြစ်ဆုံစီမံကိန်းဟာ၊ဦးသိန်းစိန်အစိုးရချန်ထားရစ်ခဲ့တဲ့
ဧရာမမိုင်းဗုံးကြီးတစ်လုံးပါပဲ။ဒီစီမံကိန်းကိုသာပြန်ပြီးခွင့်ပြုလိုက်ရင်
တစ်တိုင်းပြည်လုံးပွက်လောရိုက်သွားမှာသေချာပါတယ်။သတိကြီး
ကြီးနဲ့ကိုင်တွယ်ရမဲ့ကိစ္စဆိုတာဒေါ်အောင်ဆန်းစုကြည်သဘောပေါက်
တာသေချာပါတယ်။ဦးဇယ်ခေါင်ကတော့ သဘောပေါက်မတူပါဘူး။

မြန်မာတမျိုးသားလုံးရဲ့စိတ်ထဲမှာလည်း၊ထမင်းငတ်သေချင်သေပါစေ၊
မြစ်ဆုံကိုတော့အထိမခံဘူးဆိုတဲ့သဘောထားကိုယ်စီရှိနေကြကြောင်း
ပြည်သူလူထုရဲ့အသံတွေကိုနားစွင့်ကြည့်ရင်သိသာပါတယ်။

 

ဒီမြစ်ဆုံအရေးနဲ့ပတ်သက်ပြီး၊ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း
ကိုင်တွယ်ရခက်၊စဉ်းစားရကြပ်မယ်ဆိုတာ၊သေချာပါတယ်။ကျွန်တော်
တို့သတိပြုရမဲ့အချက်ကတော့၊ဒီကိစ္စရပ်ကိုဒေါ်အောင်ဆန်းစုကြည်
တစ်ဦးတည်းအပေါ်တာဝန်ပုံချမထားပဲ၊ပြည်သူလူထုအားလုံးတတ်နိုင်
တဲ့ဘက်ကနေဝိုင်းကြဝန်းကြဖို့ပါပဲ။

ဒီနေ့ထုတ်ပြန်လိုက်တဲ့တရုတ်သံအမတ်ရဲ့ထုတ်ပြန်ချက်ကို၊တတိုင်း
တပြည်လုံးကဆန့်ကျင်ကြောင်း၊မြစ်ဆုံစီမံကိန်းပြန်လည်စတင်ရေးကို
လုံးဝလက်မခံကြောင်း၊တညီတညွတ်တည်း၊တစ်သံတည်းထွက်ကြဖို့
လိုပါတယ်။ဆန့်ကျင်ကန့်ကွက်ကြဖို့လိုပါတယ်။

ဒီနည်းအားဖြင့်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့၊လူထုဆန္ဒကြောင့်၊
ဆက်လက်ခွင့်မပြုနိုင်ကြောင်း၊အခိုင်အမာတုံ့ပြန်ခွင့်ရမှာဖြစ်ပါတယ်။
နိုင်ငံအတွက်အသက်ရှူပေါက်ချောင်သွားနိုင်ပါတယ်။

ဒီအချိန်မှာ၊နိုင်ငံ့အရေးအတွက်လူထုအားကိုအများကြီးလိုပါတယ်။ ။

မင်းဒင်
CRD
#WWM

7 Shares

Add a Comment

Your email address will not be published. Required fields are marked *