အာကာသထဲခရီးသွားခြင်း

အာကာသထဲခရီးသွားခြင်း

ပြီးခဲ့တဲ့ရာစုအလယ်​​လောက်​အထိ အာကာသထဲခရီးသွားတယ်​ဆိုတာ စိတ်​ကူးယဉ်​သိပ္ပံဝတ္ထု​တွေမှာပဲ ​တွေ့ရတာပါ၊ သည်​က​နေ့ဒုံးပျံ​တွေကို ပုံမှန်​လွတ်​တင်​​နေပြီး ဂြိုလ်​တု​တွေကို ကမ္ဘာ့ပတ်​လမ်းထဲမှာ ​နေရာချတာ နိုင်​ငံတကာအာကာသစခန်းဆီကို အာကာသသူရဲ​တွေနဲ့ ကုန်​ပစ္စည်း​တွေ ပို့​ဆောင်​တာ​ ​နေအဖွဲ့အစည်းကို စူးစမ်း​လေ့လာဖို့ အာကာသယာဉ်​​တွေ လွတ်​တင်​တာ​တွေကို ​ဆောင်​ရွက်​​ပေး​နေပါတယ်​။

အာကာသခရီးစဉ်​ဟာ စွမ်း​ဆောင်​ရည်​ မြင့်​မားတဲ့ ဒုံးပျံအင်​ဂျင်​​တွေတီထွင်​နိုင်​လို့ ​အောင်​မြင်​လာတာပါ၊ သူတို့ရဲ့စွမ်းရည်​က အာကာသယာဉ်​​တွေ ဂြိုလ်​တု​တွေကို ကမ္ဘာ့ပတ်​လမ်းအ​ရောက်​ ပို့​ဆောင်​​ပေးနိုင်​ရပါတယ်​၊ ကမ္ဘာက​နေ အာကာသဆီသွားတဲ့ခရီးမှာ အာကာသယာဉ်​ဟာ ပစ်​လွတ်​လိုက်​တဲ့ ဒုံးပျံရဲ့ ထိ​ပ်​ဖူးမှာပဲ ရှိတာပါ ​လောင်​စာအ​မြောက်​အများ သယ်​​ဆောင်​သွားပြီး လိုအပ်​တဲ့စွမ်းအင်​ကို ဒုံးပျံအင်​ဂျင်​က ​ထောက်​ပံ့​ပေးပါတယ်​။

နေအဖွဲ့အစည်းကို စူးစမ်း​လေ့လာတာဟာ အာကာသခရီးစဉ်​ရဲ့ ရင်​ခုန်​လှုပ်​ရှားဖွယ်​ ကိစ္စတစ်​ရပ်​ဖြစ်​ပါတယ်​၊ လူသား​တွေဟာ လကမ္ဘာ​လောက်​ပဲ​ဝေးတဲ့ သုံးရက်​ခရီးတာ​လောက်​ကိုပဲ သွားနိုင်​ပါ​သေးတယ်​၊ စက်​ရုပ်​ဆန်​တဲ့ အာကာသယာဉ်​​တွေက​တော့ ဟိုအ​ဝေးကြီးက ဂြိုလ်​​တွေအထိ နှစ်​နဲ့ချီပြီး ခရီးဆန့်​နိုင်​ပါတယ်​၊ သူတို့ရဲ့ ကင်​မရာနဲ့ စက်​ကရိယာ​တွေက​နေ စု​ဆောင်းရိုက်​ကူးထားတဲ့ အံ့သြဖွယ်​ပုံရိပ်​​တွေ သတင်းအချက်​အလက်​​တွေကို ကျွနု​ပ်​တို့ဆီ ပြန်​ပို့​ပေး​နေပါတယ်​။

 

ရုရှား​တွေရဲ့ ဆိုယုဇ်​အာကာသယာဉ်​ဟာ အာကာသသူရဲ သုံး​ယောက်​ကိုသယ်​​ဆောင်​နိုင်​ပါတယ်​။ သူ့ကိုဒုံးပျံနဲ့လွတ်​တင်​ပြီး နိုင်​ငံတကာအာကာသစခန်းကို လူ​တွေသယ်​ပို့တဲ့​နေရာမှာသုံးပါတယ်​၊ သူ့မှာ orbital module ၊ descent module နဲ့ service module ဆိုပြီးအစိတ်​အပိုင်း​တွေပါရှိပြီး ကမ္ဘာ​ပေါ်ကိုပြန်​ဆင်းတဲ့အခါ အဆင်းယာဉ်​ငယ်​( Descent Module) နဲ့ပြန်​ဆင်းပါတယ်​၊ ကျန်​​မော်​ဂျူးနှစ်​ခုက အဆင်း​မော်​ဂျူးက​နေစွန့်​ခွာပြီး ​လေထုထဲမှာ မီး​လောင်​​ပျက်​စီးသွားပါတယ်​။

5 Shares

Add a Comment

Your email address will not be published. Required fields are marked *