သားတွေကရှက်လို့ရုပ်ရှင်ဆက်မရိုက်ဖို့တားခဲ့ကြတယ်လို့ ပြောပြလာခဲ့တဲ့ လူကြမ်းမင်းသား စိုင်းအောင်တင့်

ပရိတ်သတ်တွေရင်ထဲမှာ တကယ်ကိုမုန်းသွားလောက်အောင် ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်တော်လွန်းတဲ့ လူကြမ်းမင်းသား စိုင်းအောင်တင့်ကိုတော့ ပရိသတ်တွေအားလုံး သိမှာပါ ။ လူဆိုး ၊ ကြာကူလီ ခန်းတွေမှာ မကြာခဏတွေ့ရတတ်သလို ပရိသတ်ရဲ့အမုန်း ကိုခံယူပြီး ကိုယ်တတ်ကျွမ်းတဲ့ အနုပညာနဲ့ ပရိသတ်တွေကို ပေးဆပ်နေတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပါ။

အနုပညာကြေးနည်းပါးတဲ့ လူကြမ်းဘ၀နဲ့ သားသုံးယောက်ကို သင်္ဘောသားတွေဖြစ်အောင် မြေတောင်မြှောက်ပေးနိုင်ခဲ့တဲ့ တကယ့်ဖခင်ကောင်းတစ်ယောက်ဆိုတာကတော့ ပရိသတ်တွေမသိသေးတဲ့ လူမုန်းခံလူကြမ်းမင်းသားတစ်ယောက်ရဲ့ လေးစားထိုက်တဲ့ အရည်ချင်းပါပဲ ။

သားကြီးပဲ ၃ယောက်မွေးထားတာဖြစ်ပြီး အခုဆိုရင် သားတွေက အရွယ်ရောက်လို့လက်လွှတ်လို့ရတဲ့အရွယ်တွေတောင်ဖြစ်နေကြပါပြီ ။

သားတွေကြီးပဲ ၃ယောက်မွေးထားလို တချို့က ဦးစိုင်းအောင်တင့်သားတွေကို အနုပညာလောကထဲမထည့်ပေးဘူးလားလို့ မကြာခဏအမေးခံရပေမယ့် ဦးစိုင်းကတော့ အနုပညာသမားဆိုတာ အနုပညာကလွဲရင်ပြင်ပအလုပ်ကို မလုပ်တတ်ကြတော့တဲ့သူတွေဖြစ်လို့ အနုပညာလောကထဲ မသွင်းဘဲ သားတွေအားလုံးကိုကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် အသက်မွေးဝမ်းကြောင်းအဖြစ် သင်္ဘောသားဖြစ်အောင် ပျိုးထောင်ပေးခဲ့တာလို့သိရပါတယ် ။

အခုတော့ သား နှစ်ယောက်က အိမ်ထောင်ကျသွားပြီ ဖြစ်ပေမယ့် အငယ်ဆုံးသားလေးက သင်္ဘောလိုက်ပြီး မိဘတွေကိုရှာကျွေးနေလို့ ဦးစိုင်းအောင်တင့်တစ်ယောက် တခြားလူကြမ်းတွေလိုအလုပ်ပါးသွားလို့ဒုက္ခရောက်တယ်ဆိုတာမျိုးမရှိခဲ့တာလို့ပြောပြခဲ့ပါတယ် ။

သားအငယ်ဆုံးလေးက ၈ တန်း ၉တန်းလောက်တုန်းက အဖေ ရုပ်ရှင်ကြီး မရိုက်ပါတော့နဲ့လား လို့ပြောတော့ သား ဘာဖြစ်လို့လဲဆိုတော့ ” သူငယ်ချင်းတွေက ပြောလွန်းအားကြီးတယ် မင်းအဖေက ကြာကူလီကြီး ၊နှာဘူးကြီးလို့ ပြောတယ် ကျွန်တော်ရှက်တယ်တဲ့ အဖေအနားယူလိုက်ပါတော့ ” လို့ပြောခဲ့ဖူးတယ်လို့သိရပါတယ် ။

ဦးစိုင်း အနေနဲ့လည်း အနုပညာအလုပ်ကြီးကို တောက်လျှောက်လုပ်လာတော့ ၀ါသနာပါတဲ့ပိုးကိုသတ်လို့မရဘူး ဖြစ်နေလို့သားတွေကို ပြန်တောင်းပန်ပြီး ရုပ်ရှင်ဆက်ရိုက်ခွင့်ပေးပါ လို့ပြောခဲ့ရတဲ့ထိ အနုပညာအပေါ် ၀ါသနာကြီးလွန်းခဲ့တာပါ ။

Crd:bahuthuta

5 Shares

Add a Comment

Your email address will not be published. Required fields are marked *