အဆီပြန်လို့ စိတ်ညစ်နေသူများအတွက် နနွင်းကို သုံးပြီး မျက်နှာပေါင်းတင်နည်း (၂) နည်း

4 Shares

ပျိုမေတို့ အများစုကြုံနေရတဲ့ ပြဿနာတစ်ခုက နေကလည်းပူ၊ ချွေးကလည်းထွက် ဒီကြားထဲ အဆီပြန်ရင် ပိုပြီးစိတ်ညစ်စရာကောင်းသလို မိတ်ကပ်တွေကွက်ပြီး မညီမညာဖြစ်နေတဲ့ မျက်နှာကြောင့် စိတ်အနှောက်အယှက် ဖြစ်နေရတာပါ။

ဒီအရာတွေအတွက် သဘာဝပစ္စည်းတစ်မျိုးဖြစ်တဲ့ နနွင်းက ဖြေရှင်းပေးနိုင်ပါတယ်။ အသုံးပြုနည်းကတော့ ဒီမှာပါ။

(၁) နနွင်းနှင့်သခွားသီး

ပန်းကန်လုံးထဲမှာ စနွင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပါ။
သခွားသီးကို ကြိတ်ပြီး သင့်တော်တဲ့ပမာဏ ရောမွှေလိုက်ပါ။
သေသေချာချာရောမွှေပြီးရင်တော့ ရလာတဲ့အနှစ်ကို မျက်နှာနဲ့လည်ပင်းမှာလိမ်းလိုက်ပါ။

(၁၀) မိနစ်အကြာမှာတော့ မျက်နှာကို ဆေးကြောလိုက်ပါ။
ဒီနည်းလမ်းကို ညနေတိုင်း ပုံမှန်ပြုလုပ်ပေးရင် တစ်ပတ်အကြာမှာ အာနိသင်ကို တွေ့ရှိမှာပါ။

(၂) စနွင်းနှင့် ပဲမှုန့်

စနွင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ပန်းကန်လုံးထဲမှာထည့်လိုက်ပါ။
ပြီးရင် ပဲမှုန့် (၂) ဇွန်းကို ရောထည့်လိုက်ပါ။

ပြီးရင်တော့သင့်တော်တဲ့ ရေပမာဏနဲ့ သေသေချာချာမွှေလိုက်ပါ။
ရလာတဲ့အနှစ်ကို မျက်နှာနဲ့လည်ပင်းတစ်ဝိုက်လိမ်းပြီး (၁၀) မိနစ်ခန့်အခြောက်ခံလိုက်ပါ။
ပြီးရင်တော့ မျက်နှာသစ်ပေးလိုက်ပါ။

Crd:bahuthuta

4 Shares

Add a Comment

Your email address will not be published. Required fields are marked *