မြန်မာယူ-၂၂အသင်း အပြောင်းအလဲများ ပြုလုပ်မည်

မြန်မာယူ-၂၂အသင်း အပြောင်းအလဲများ ပြုလုပ်မည်
=============================
အရှေ့အလယ်ပိုင်းခရီးစဉ်တွင် အိုမန်နှင့် ကာတာအသင်းများကို ရှုံးနိမ့် ခဲ့သည့် မြန်မာယူ-၂၂အသင်းသည် အပြောင်းအလဲများပြုလုပ်မည်ဟု သိရသည်။ မြန်မာယူ-၂၂အသင်းအား လက်ရှိတွင် ကစားသမား(၂၀) ဦးဖြင့် ဖွဲ့စည်းထားသော်လည်း ကစားသမားသစ်များကို ထပ်မံရွေးချယ် ကာ ပြိုင်ပွဲအတွက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း လက်ထောက်နည်းပြ ဦးချစ်နိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ဆီးဂိမ်း(စ်)ပြိုင်ပွဲ အထိ ဦးကြည်လွင်ကို နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်ထားသော်လည်း အသစ်ခန့်အပ်ခဲ့သည့် နည်းစနစ်ဒါရိုက်တာအဲရစ်အာဖရန်က ယူ-၂၂အသင်းနည်းပြချုပ်ရာထူးအား ပြည်ပနည်းပြဆရာတစ်ဦးခန့်အပ် ရန် ကြိုးပမ်းလျက်ရှိနေပြီး အဆိုပါ သတင်းနှင့် ပတ်သက်၍ ဇန်နဝါရီ၁၆ ရက်နေ့တွင် ကျင်းပမည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားမည်ဟု သိရ သည်။

4 Shares

Add a Comment

Your email address will not be published. Required fields are marked *